Latest Post
Showing posts with label ဆေးနှင့်ကျန်းမာရေး. Show all posts
Showing posts with label ဆေးနှင့်ကျန်းမာရေး. Show all posts

အိမ်ထောင်မှုသုခ အပြည့်အဝခံစားနိုင်စေရန် အရေးပါသောဗီတာမင်ဘီ

Written By Live100 on Wednesday, May 11, 2016 | 8:22 AM


ဗီတာမင်ဘီတွေဟာ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို ပုံမှန် လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲက ဗီတာမင်ဘီ ပမာဏဟာ ထွက်ရှိလာတဲ့ လိင်ဟော်မုန်းပမာဏနဲ့ ဆက်စပ်မှု ရှိနေပါတယ်။

ဗီတာမင်ဘီ ခို့ျတဲ့မှု ဖြစ်ရင် နုံးချည့် ညောင်းညာတာနဲ့ အားအင် မရှိတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ အနားယူဖို့နဲ့ အိပ်စက်ဖို့ လိုအပ်နေပါတယ်။ ဗီတာမင်ဘီ အုပ်စုဟာ ဦးနှောက်လုပ်ငန်းဆောင်တာနဲ့ တွေးခေါ်နိုင်စွမ်းမှာ အရေးပါတဲ့ အပြင် စိတ်ဓာတ် ကျတာနဲ့ ပူပင်သောကများတာ တို့ကို လည်း လျော့ကျစေ ပါတယ်။ တခိုျ့ဗီတာမင်ဘီ အမိုျးအစားတွေက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သာမက အထွေထွေ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါ တယ်။

ဗီတာမင် B1 - သိုင်ယာမင်း

သိုင်ယာမင်းဟာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့ အတွက် နှလုံးဆီသို့ သာမက လိင်အင်္ဂါဆီကိုလည်း သွေးစီးဆင်း ရောက်ရှိစေ ပါတယ်။ စွမ်းအင်အဆင့် တိုးစေပြီး ဦးနှောက်လုပ်ငန်း ဆောင်တာကို ကောင်းမွန်စေပါတယ်။ အိမ်ထောင်ရှင် အမိုျးသမီးတွေကို စွမ်းအင် ပိုရှိစေပါတယ်။
 အင်တီအောက်ဆီးဒင့် အစွမ်းလည်း ရှိတဲ့ အတွက် ခန္ဓာကိုယ်ကို အိုမင်းမှုဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ လူတွေက ပိုမို နုပိုျကြည့်ကောင်း လေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိ လေလေ ဖြစ်ပြီး လိင်ဆွဲဆောင်အား ပိုကောင်း လေလေပါ။

ဗီတာမင် B1 ပါဝင်မှု မြင့်မားသည့် အစာများ - ဆန်လုံးညို၊ မြေပဲ၊ ပဲစိမ်း၊ ပင်လယ်ရေညှိလို ပင်လယ် ဟင်းသီးဟင်းရွက်တွေ၊ ဖွဲနုနဲ့ အခွံ ချွတ်မထားတဲ့ ကောက်နံှစာ အများစုထဲမှာ သိုင်ယာမင်းဓာတ် ပါဝင်ပါတယ်။

ဗီတာမင် B2 - ရိုင်ဘိုဖလေဗင်

ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတင်းဓာတ်တို့ တည်ဆောက် ဖြိုခွဲရာမှာ အသုံးဝင်ပါတယ်။ ဗီတာမင် B1 ခို့ျတဲ့ရင် စားသမျှ အစာတွေကို တည်ဆောက်ဖြိုခွဲမှု မပြုလုပ်နိုင်ဘဲ အဆီအဖြစ် သိုလှောင် ထားတတ်ပါတယ်။ ဆံပင်တစ်သှူျးတွေ၊ အရေပြားနဲ့ လက်သည်း ခြေသည်းတွေမှာ အောက်ဆီဂျင် အသုံးပြုမှု အားကောင်းစေတဲ့ အတွက် ငယ်ရွယ်နုပိုျပြီး ဆွဲဆောင်အား ကောင်းမွန်စေပါတယ်။

ဗီတာမင် B2 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ ဟင်းနုနယ်ရွက်နဲ့ အခွံချွတ်မထားတဲ့ ကောက်နံှစာထဲမှာ ရိုင်ဘိုဖလေဗင် ပါဝင်ပါတယ်။

ဗီတာမင် B3 - နိုင်ယာစင်

နိုင်ယာစင်ဟာ အသားအရေကို ကျန်းမာစေပြီး သွေးလှည့်ပတ်မှု ကောင်း မွန်စေတဲ့အတွက် အသားအရေကို ထိ တွေ့လိုက်ရုံနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ခံစား ချက်ကို ဖြစ်စေနိုင်ပါတယ်။ လိင်ဟော်မုန်း တည်ဆောက်မှုမှာ ပါဝင်တဲ့အပြင် မကောင်းတဲ့ ကိုလက်စ ထရောတွေကို လျော့ကျစေပါတယ်။

ဗီတာမင် B3 ပါဝင်မှု မြင့်မားသည့် အစာများ - နိုင်ယာစင် ပါဝင်မှုများတဲ့ အစာတွေက မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ အာလူး၊ ဂုံျစေ့၊ စွန်ပလွံသီးနဲ့ မြေပဲတို့ ဖြစ်ကြပါတယ်။

ဗီတာမင် B5 - ပန်တိုသီးနစ်အက်စစ်

ဗီတာမင် B5 ဟာ အဒရီနယ်ဟော် မုန်းထွက်ရှိမှုကို သက်ရောက်စေပြီး စိတ် ဖိစီးမှု လျော့ကျစေတဲ့အတွက် စိတ်ခံစား မှုကို ကောင်းမွန်စေပါတယ်။ အဒရီနယ် ဂလင်းက ကောင်းကောင်း အလုပ်မလုပ် ရင် သက်လုံလျော့ကျပြီး လိင်စိတ်ဆန္ဒ လည်း လျော့နည်းတတ်ပါတယ်။ နည်း နည်းလောက် လှုပ်ရှားလိုက်ရုံနဲ့ ချွေး ထွက်ပြီး စိတ်ဖိစီးမှုကို ခံနိုင်ရည်လည်း နည်းပါတယ်။

ဗီတာမင် B5 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ အစိမ်းအတိုင်း စား နိုင်တဲ့ ဟင်းသီးဟင်းရွက် အများစု၊ မှို၊ အခွံမာတဲ့ အစေ့အဆန်၊ ပျားရည်စတာ တွေထဲမှာ ဗီတာမင် B5 ပါဝင်မှုများပါ တယ်။

ဗီတာမင် B6 - ပရီဒေါက်စင်း

ရာသီအကြိုဝေဒနာ လက္ခဏာတွေ ကို လျော့ကျစေသလို ဝမ်းမှန်မှန် သွားစေတဲ့ အစွမ်းလည်း ရှိပါတယ်။ နှလုံးကြွက်သားတွေကို ဟိုမိုစစ္စ တင်းဓာတ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကူညီပေးပြီး ကိုလက်စထရော စုပုံမှု မဖြစ်စေပါဘူး။

ဗီတာမင် B6 ပါဝင်မှု မြင့်မားသည့် အစာများ - ဟင်းနုနယ်ရွက်၊ နေကြာ စေ့၊ မုန်လာဥနီ၊ ပဲ၊ သီဟိုဠ်စေ့၊ ထောပတ် သီး၊ ငှက်ပျောသီး၊ ပဲ၊ ပဲပိစပ်၊ ပန်းဂေါ်ဖီ စိမ်းနဲ့ အခွံချွတ်မထားတဲ့ ကောက်နံှစာ တို့မှာ ဗီတာမင် B6 ပါဝင်ပါတယ်။

ဗီတာမင် B12 - ဆိုင်ယာနိုကိုဘက်လမင်း

ဗီတာမင် B12 ဟာ မိုျးအောင်နိုင်စွမ်း ကောင်းမွန်အောင် ကူညီပေးပြီး ပန်းသေပန်းညှိုး ဖြစ်တာကို လျော့ကျစေ ပါတယ်။ အစာချေဖျက်မှုနဲ့ အစာစုပ်ယူမှု တို့ အားကောင်းစေဖို့ ဗီတာမင် B12 လိုအပ်ပါတယ်။ ဗီတာမင် B12 ဟာ စားသမျှ အစာတွေကို စွမ်းအင် ဖြစ်အောင် အသုံးပြုပေးပါတယ်။ စွမ်းအင်ရှိလေ၊ အိမ်ထောင်မှု သုခ ပြည့်ဝလေပါ။

ဗီတာမင် B12 ပါဝင်မှု မြင့်မားသည့် အစာများ - ပင်လယ်ရေမှော်လို ပင်လယ်အောက်က ရတဲ့ ဟင်းသီးဟင်းရွက် တွေမှာ ပါဝင်မှု များပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
------------------------------------------------------
Zawgyi

ဗီတာမင္ဘီေတြဟာ လိင္အဂၤါ အစိတ္အပိုင္းေတြကို ပံုမွန္ လုပ္ေဆာင္နိုင္ေအာင္ ကူညီေပးပါတယ္။ ခနၶာကိုယ္ထဲက ဗီတာမင္ဘီ ပမာဏဟာ ထြက္ရိွလာတဲ့ လိင္ေဟာ္မုန္းပမာဏနဲ့ ဆက္စပ္မႈ ရိွေနပါတယ္။

ဗီတာမင္ဘီ ခို့်တဲ့မႈ ျဖစ္ရင္ နံုးခ်ည့္ ေညာင္းညာတာနဲ့ အားအင္ မရိွတာတို့ ျဖစ္တတ္ပါတယ္။ အဲဒီအခါ အနားယူဖို့နဲ့ အိပ္စက္ဖို့ လိုအပ္ေနပါတယ္။ ဗီတာမင္ဘီ အုပ္စုဟာ ဦးေနွာက္လုပ္ငန္းေဆာင္တာနဲ့ ေတြးေခၚနိုင္စြမ္းမွာ အေရးပါတဲ့ အျပင္ စိတ္ဓာတ္ က်တာနဲ့ ပူပင္ေသာကမ်ားတာ တို့ကို လည္း ေလ်ာ့က်ေစ ပါတယ္။ တခို် ့ဗီတာမင္ဘီ အမို်းအစားေတြက လိင္ပိုင္းဆိုင္ရာ က်န္းမာေရးကို သာမက အေထြေထြ က်န္းမာေရးကိုလည္း ေကာင္းမြန္ေစပါ တယ္။

ဗီတာမင္ B1 - သိုင္ယာမင္း

သိုင္ယာမင္းဟာ ေသြးလွည့္ပတ္မႈ ေကာင္းေစတဲ့ အတြက္ နွလံုးဆီသို့ သာမက လိင္အဂၤါဆီကိုလည္း ေသြးစီးဆင္း ေရာက္ရိွေစ ပါတယ္။ စြမ္းအင္အဆင့္ တိုးေစျပီး ဦးေနွာက္လုပ္ငန္း ေဆာင္တာကို ေကာင္းမြန္ေစပါတယ္။ အိမ္ေထာင္ရွင္ အမို်းသမီးေတြကို စြမ္းအင္ ပိုရိွေစပါတယ္။
 အင္တီေအာက္ဆီးဒင့္ အစြမ္းလည္း ရိွတဲ့ အတြက္ ခနၶာကိုယ္ကို အိုမင္းမႈဒဏ္မွ ကာကြယ္ေပးနိုင္ပါတယ္။ လူေတြက ပိုမို နုပို်ၾကည့္ေကာင္း ေလေလ၊ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ ပိုရိွ ေလေလ ျဖစ္ျပီး လိင္ဆဲြေဆာင္အား ပိုေကာင္း ေလေလပါ။

ဗီတာမင္ B1 ပါ၀င္မႈ ျမင့္မားသည့္ အစာမ်ား - ဆန္လံုးညို၊ ေျမပဲ၊ ပဲစိမ္း၊ ပင္လယ္ေရညိွလို ပင္လယ္ ဟင္းသီးဟင္းရြက္ေတြ၊ ဖဲြနုနဲ့ အခံြ ခြ်တ္မထားတဲ့ ေကာက္နံွစာ အမ်ားစုထဲမွာ သိုင္ယာမင္းဓာတ္ ပါ၀င္ပါတယ္။

ဗီတာမင္ B2 - ရိုင္ဘိုဖေလဗင္

ကာဗိုဟိုက္ဒရိတ္၊ အဆီနဲ့ ပရိုတင္းဓာတ္တို့ တည္ေဆာက္ ျဖိုခဲြရာမွာ အသံုး၀င္ပါတယ္။ ဗီတာမင္ B1 ခို့်တဲ့ရင္ စားသမွ် အစာေတြကို တည္ေဆာက္ျဖိုခဲြမႈ မျပုလုပ္နိုင္ဘဲ အဆီအျဖစ္ သိုေလွာင္ ထားတတ္ပါတယ္။ ဆံပင္တစ္သွူ်းေတြ၊ အေရျပားနဲ့ လက္သည္း ေျခသည္းေတြမွာ ေအာက္ဆီဂ်င္ အသံုးျပုမႈ အားေကာင္းေစတဲ့ အတြက္ ငယ္ရြယ္နုပို်ျပီး ဆဲြေဆာင္အား ေကာင္းမြန္ေစပါတယ္။

ဗီတာမင္ B2 ပါ၀င္မႈ ျမင့္မားသည့္ အစာမ်ား - ပဲသီး၊ ဟင္းနုနယ္ရြက္နဲ့ အခံြခြ်တ္မထားတဲ့ ေကာက္နံွစာထဲမွာ ရိုင္ဘိုဖေလဗင္ ပါ၀င္ပါတယ္။

ဗီတာမင္ B3 - နိုင္ယာစင္

နိုင္ယာစင္ဟာ အသားအေရကို က်န္းမာေစျပီး ေသြးလွည့္ပတ္မႈ ေကာင္း မြန္ေစတဲ့အတြက္ အသားအေရကို ထိ ေတြ့လိုက္ရံုနဲ့ စိတ္လႈပ္ရွားဖြယ္ရာ ခံစား ခ်က္ကို ျဖစ္ေစနိုင္ပါတယ္။ လိင္ေဟာ္မုန္း တည္ေဆာက္မႈမွာ ပါ၀င္တဲ့အျပင္ မေကာင္းတဲ့ ကိုလက္စ ထေရာေတြကို ေလ်ာ့က်ေစပါတယ္။

ဗီတာမင္ B3 ပါ၀င္မႈ ျမင့္မားသည့္ အစာမ်ား - နိုင္ယာစင္ ပါ၀င္မႈမ်ားတဲ့ အစာေတြက မုန္လာဥနီ၊ ပန္းေဂၚဖီစိမ္း၊ ခရမ္းခ်ဥ္သီး၊ အာလူး၊ ဂံု်ေစ့၊ စြန္ပလံြသီးနဲ့ ေျမပဲတို့ ျဖစ္ၾကပါတယ္။

ဗီတာမင္ B5 - ပန္တိုသီးနစ္အက္စစ္

ဗီတာမင္ B5 ဟာ အဒရီနယ္ေဟာ္ မုန္းထြက္ရိွမႈကို သက္ေရာက္ေစျပီး စိတ္ ဖိစီးမႈ ေလ်ာ့က်ေစတဲ့အတြက္ စိတ္ခံစား မႈကို ေကာင္းမြန္ေစပါတယ္။ အဒရီနယ္ ဂလင္းက ေကာင္းေကာင္း အလုပ္မလုပ္ ရင္ သက္လံုေလ်ာ့က်ျပီး လိင္စိတ္ဆနၵ လည္း ေလ်ာ့နည္းတတ္ပါတယ္။ နည္း နည္းေလာက္ လႈပ္ရွားလိုက္ရံုနဲ့ ေခြ်း ထြက္ျပီး စိတ္ဖိစီးမႈကို ခံနိုင္ရည္လည္း နည္းပါတယ္။

ဗီတာမင္ B5 ပါ၀င္မႈ ျမင့္မားသည့္ အစာမ်ား - ပဲသီး၊ အစိမ္းအတိုင္း စား နိုင္တဲ့ ဟင္းသီးဟင္းရြက္ အမ်ားစု၊ မိႈ၊ အခံြမာတဲ့ အေစ့အဆန္၊ ပ်ားရည္စတာ ေတြထဲမွာ ဗီတာမင္ B5 ပါ၀င္မႈမ်ားပါ တယ္။

ဗီတာမင္ B6 - ပရီေဒါက္စင္း

ရာသီအၾကိဳေ၀ဒနာ လကၡဏာေတြ ကို ေလ်ာ့က်ေစသလို ၀မ္းမွန္မွန္ သြားေစတဲ့ အစြမ္းလည္း ရိွပါတယ္။ နွလံုးၾကြက္သားေတြကို ဟိုမိုစစၥ တင္းဓာတ္ေၾကာင့္ ထိခိုက္မႈမျဖစ္ေအာင္ ကူညီေပးျပီး ကိုလက္စထေရာ စုပံုမႈ မျဖစ္ေစပါဘူး။

ဗီတာမင္ B6 ပါ၀င္မႈ ျမင့္မားသည့္ အစာမ်ား - ဟင္းနုနယ္ရြက္၊ ေနၾကာ ေစ့၊ မုန္လာဥနီ၊ ပဲ၊ သီဟိုဠ္ေစ့၊ ေထာပတ္ သီး၊ ငွက္ေပ်ာသီး၊ ပဲ၊ ပဲပိစပ္၊ ပန္းေဂၚဖီ စိမ္းနဲ့ အခံြခြ်တ္မထားတဲ့ ေကာက္နံွစာ တို့မွာ ဗီတာမင္ B6 ပါ၀င္ပါတယ္။

ဗီတာမင္ B12 - ဆိုင္ယာနိုကိုဘက္လမင္း


ဗီတာမင္ B12 ဟာ မို်းေအာင္နိုင္စြမ္း ေကာင္းမြန္ေအာင္ ကူညီေပးျပီး ပန္းေသပန္းညိႈး ျဖစ္တာကို ေလ်ာ့က်ေစ ပါတယ္။ အစာေခ်ဖ်က္မႈနဲ့ အစာစုပ္ယူမႈ တို့ အားေကာင္းေစဖို့ ဗီတာမင္ B12 လိုအပ္ပါတယ္။ ဗီတာမင္ B12 ဟာ စားသမွ် အစာေတြကို စြမ္းအင္ ျဖစ္ေအာင္ အသံုးျပုေပးပါတယ္။ စြမ္းအင္ရိွေလ၊ အိမ္ေထာင္မႈ သုခ ျပည့္၀ေလပါ။

ဗီတာမင္ B12 ပါ၀င္မႈ ျမင့္မားသည့္ အစာမ်ား - ပင္လယ္ေရေမွာ္လို ပင္လယ္ေအာက္က ရတဲ့ ဟင္းသီးဟင္းရြက္ ေတြမွာ ပါ၀င္မႈ မ်ားပါတယ္။

( Paing A K )

#သစ္ထူးလြင္(က်န္းမာေရး)

အံ့ဖွယ် အစွမ်းထက်တဲ့ ရှားစောင်းလက်ပတ်

Written By Live100 on Thursday, March 17, 2016 | 7:42 PM

ဒီနေ့မြန်မာ့အသံမှာလာတဲ့ယဉ်တကိုယ်မယ် လေးပြောသွားသလိုပဲ ရှားစောင်းလက်ပတ်လေးအကြောင်းကို သူပြောတာထက် အသုံးဝင်ကြောင်းလေးကိုသူငယ်ချင်းတို့ကိုပြောပြပေးချင်ပါတယ်။ လူတိုင်းအလှအပကိုမြတ်နိုးကြမယ်လို့ထင်ပါတယ်။ ရှားစောင်းလက်ပတ် ရဲ့ ဂျယ်လီလိုဖြစ်နေတဲ့ အသားတုန်တုန်ကလေးတွေကို မျက်နှာမှာအသာလိမ်းပေး မယ်ဆိုရင်မျက်နှာပေါ်မှာ ဖြစ်တတ်တဲ့ အမဲကွက်တွေ နေလောင်တာတွေကိုကာကွယ်ပေးပါတယ်။
အသားအရေ ခြောက်တာလည်းမဖြစ်တော့ဘူးပေ့ါ။ မိန်းကလေးတွေအများစုဟာမိတ်ကပ်ကိုလိမ်းတတ်ကြပါတယ် မနက်ပိုင်းလိမ်းပြီးလို့ မိတ်ကပ်ကြောင့်အသားအရေးမပျက်စီးရအောင် ညနေအိမ်ပြန်ရောက်တဲ့အခါ(သို့)ညအိပ်ယာဝင်ခါနီး မျက်နှာသစ်ပြီးတဲ့အခါ ရှားစောင်းလက်ပတ်ဂျယ်လီလေးကို မျက်နှာအနှံ့လိမ်းပေးပြီး မိနစ်(၂၀)လောက်မှာ ရေအေးနဲ့ မျက်နှာပြန်သစ်ပေးမယ် ဆိုရင် မျက်နှာပေါ်မှာ ဖြစ်တတ်တဲ့ ဝက်ခြံဖုပေါက်တာ၊ နေကြောင့်အသားအရေလောင်တာ ခြောက်တာတို့ကိုမဖြစ်အောင်ကာကွယ်ပေးပါတယ်။ နောက်ပြီး ရေနွေးပူလောင်တာ၊မီးပူလောင်တာတို့ဖြစ်တဲ့အခါမှာလည်း ဖြစ်ဖြစ်ချင်းရှားစောင်းလက်ပတ်ကိုရေနဲ့သန့်သန့်ဆေး၊ နှစ်ခြမ်းခွဲပြီးအပူလောင်တဲ့ဒါဏ်ရာပေါ်ကိုကပ်ပေးပြီးမကြာခဏရှားစောင်းလက်ပတ်လဲလှယ်ပေးမယ်ဆိုရင် ဒါဏ်ရာဟာအပူဖူ(အရည်ကြည်ဖု) ဖြစ်မလာတော့ပဲခဏအတွင်းသက်သာမှာဖြစ်သလိုနဂိုအသားအရေအတိုင်း ပြန်ရမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပတ် ယိုလို့ပြောရမလား ချက်ဆေးလို့ပြောရမလား လုပ်ပြီး စားလို့လည်းရပါသေးတယ် ။အဲဒါကတော့ ရှားစေ

ာင်းလက်ပတ်ရယ်၊ ထန်းလျက်အမဲရယ်၊ မန်ကျည်းသီးမှည့်ရယ်ရောကြိုရတာပါ။ တချို့ကတော့ စမုံမျိုး(၅)ပါးထည့်ကြပါတယ်။ကျွန်မကတော့ အလွယ်ပဲ ကြိုစားဖြစ်တာပါ စမုံမျိုး(၅)ပါး မထည့်ဖြစ်ပါဘူး။ ရှားစောင်းလက်ပတ်ကတစ်ဆ၊မန်ကျည်းသီးတစ်ဆကိုထန်းလျက်က နှစ်ဆထည့်ရမှာပါ။ အရင်ဆုံးအပင်ကခူးလာတဲ့ ရှားစောင်း လက်ပတ်ကို ရေအေးနဲ့သန့်နေအောင်ဆေးရပါမယ် ပြီးတော့ ကျိတ်စက်ကလေးနဲ့တစ်ချောင်းချင်းကျိတ်ပေးရပါတယ်။ ဒါမှမဟုတ်ရင်လည်းဓါးနဲ့ပါးပါးလေးလှီးပေးရင်လည်းရပါတယ် ကျိတ်စက် ဆိုတော့မြန်တာပေ့ါနော။ ထန်းလျက်ကိုလည်းရေနည်းနည်းနဲ့ကြိုထားရပါမယ်။ မန်ကျည်းသီးကိုတော့ ရေအေးနည်းနည်းနဲ့ စိမ်ပြီးပွနေအောင်ထားရပါမယ်။ပြီးမှ မျည်ကျည်းသီးကို အနှစ်တွေပဲရအောင် ဇကာကလေးနဲ့တိုက်ချပေးရပါတယ်။ပွနေတဲ့မန်ကျည်းသီးကို ဒီအတိုင်းထည့်လည်းရပါတယ်။ ကျွန်မကတော့ အနှစ်ကလေးတွေပဲရအောင်ဇကာလေးနဲ့ တိုက်ချတာပါ။ကြိုထားတဲ့ ထန်းလျက်ကို အအေးခံပြီး ရေစစ်နဲ့စစ်ပေးရပါမယ်ဘာကြောင့်လဲဆိုတော့ ထန်းလျက်မှာအမှိုက်ကလေးတွေ သဲလေးတွေပါနေတတ်တာကြောင့်ပါ။ ပြီးရင်အဲဒီ(၃)မျိုးကို ဒန်အိုးသန့်သန့်ထဲပေါင်းထည့်ပြီး ကြိုလို့ရပါပြီ။ ကြိုနေရင်းနည်းနည်းပြစ်လာပြီဆိုရင်တော့ ဆက်တိုက်မွှေပေးရပါမယ်။ ထန်းလျက်ပါတာကြောင့် မီးတူးတတ်တယ်လေ။ ရေတွေခန်းသွားခါနီးမှာ တော့ ဆားသင့်တော်ယုံ လောက်ထည့်ပြီးမွှေပေးရပါတယ်။

ရေလည်းမကျန်၊တအားစေးကပ်သွားတာလဲမဟုတ်ပဲ သင့်တော်တဲ့အနေအထားထိထားပြီး အအေးခံထားလိုက်ပါ။ ပြီးရင် ပုလင်း(သို့)ဗူးထဲထည့်ပြီး ညနေစာနဲ့ ဝေးတဲ့ ညအိပ်ခါနီးအချိန်မှာ အဲဒီရှားစောင်းလက်ပတ်ယိုကို စားပေးမယ်ဆိုရင် ဆီး၊ဝမ်း၊လေ မှန်ပြီး အသားအရေစိုပြေမှာဖြစ်ပါတယ်။ နောက်ပြီး ဆံပင်ကျွတ်ခြင်း ၊ဗေါက်ထခြင်းကိုတော့ မိမိခေါင်းလျော်တဲ့အခါမှာ မိမိအသုံးပြုတဲ့ရှန်ပူ နဲ့အတူရောလျော်ရင် ဗေါက်ထတာဆံပင်ကျွတ်တာကနေကင်းဝေးပြီး ပျော့ပျောင်းလှပတဲ့ဆံပင်ကလေးကို ရရှိမှာဖြစ်ပါတယ်။ အဲဒါကတော့ မိမိခေါင်းလျော်ရည်ထည့်မည့် ဖလားဒါမှမဟုတ် ဇလုံကလေးပေ့ါ အဲဒီအထဲကို ရှားစောင်းလက်ပတ်ရဲ့ဂျယ်လီကလေးတွေပဲရအောင်အပေါ်ယံကအစိမ်းဖတ်ကလေးကို ဓါးနဲ့ အသာခွာယူပြီး ဂျယ်လီလိုအသားကလေးတွေကို မိမိအသုံးပြုတဲ့ ဘီးကလေးနဲ့ သာသာကလေး ခြစ်ယူပါ။ ပြီးရင်မိမိအသုံးပြုမယ့် ခေါင်းလျော်ရည်ထည့်ထားပြီးမိနစ်၃၀ခန့်ထားပေးပါ။ ခေါင်းလျော်တဲ့အခါ ရောမွှေလိုက်ပါ လျော်တဲ့အခါမှာ ဦးရေကိုလက်နဲ့ဖွဖွသာကုတ်ပါ။ ခဏပေါင်းထား သလိုဖြစ်အောင် ဖွဖွကုတ်ပေးပါ။ ၅မိနစ် ၁၀ မိနစ်လောက် ထားပြီး ရေနဲ့လျော်ပေးမယ်ဆိုရင် သင့်ဆံပင်ဟာ နူးညံ့ပြီး ဗေါက်ကင်းတဲ့သူဖြစ်မှာပါ။ ဆံပင်သားဟာလည်း နှစ်ခွမဖြစ်တော့ပါဘူး။ နောက်ထပ်အသုံးဝင်တာရှိပါသေးတယ် ။အဲဒါကတော့ ရှားစောင်းလက်ပတ်သတ္တုရည်ကိုသောက်သုံး ခြင်းပါပဲ အဲဒါကတော့ ကိုယ်အတွင်းကကလီစာတွေအတွက် သိပ်ကောင်းတဲ့ဆေးရည်ပါတဲ့။ အဲဒါကိုဂျပန်နိုင်ငံကထုတ်လုပ်နေပြီလို့သိရပေမယ့် ဆေးရည်ကြိုနည်းကိုအတိအကျမသိသေးတဲ့အတွက် နောက်မှဆက်လက်ဖော်ပြပေးပါ့မယ်လို့ ..........နော်။ အထက်ကဖော်ပြပေးခဲ့တာတွေကတော့ ကျွန်မလက်တွေ့ မို့ပါ။ ကျွန်မ သင်တန်းတခုတက်ရတုန်းက ကျွန်မဆံပင်က တင်ပါးဖုံးခါနီးအထိရှည်ပါတယ်။ သင်တန်းမှာက ဆံထုံး မထုံးမနေရဆိုတော့ ဆံပင်ကို ခေါက်ရပါတယ်။ သူများလို တစ်ပတ်လျှိုလည်းမထုံးတတ်ပါဘူး ။အဲဒါကြောင့် ပိုက်အုတ်နဲ့ပဲ မရမက ခေါက်ထုံးရတာဆိုတော့ခေါက်ထားတဲ့အရာကနေဆံပင်တွေကျိုးကုန်ပါတယ်
 တော်တော်လည်းပျက်စီးကုန်ပါတယ်။ ရေမကောင်းတာလဲပါတာပေါ့နော်။ အဲဒါကြောင့်ဆံပင်ကိုကျော်လည်အထညှပ်လိုက်ရပါတယ် ။ အဲဒီနောက်မှာမှ ရှားစောင်းလက်ပတ်နဲ့လျော်ရတယ်ဆိုတာကိုသိပြီးလျော်ဖြစ်တာပါ။ ရှားစောင်းလက်ပပ်သတ္တုရည်ပြုလုပ်နည်းနှင့်အခြားနည်းများ ရှားစောင်းလက်ပပ်အရွက်ကို အရင်းကနေ ဓါးထက်ထက်နဲ့ဖြတ်ပါ။ တစ်ယောက်စာအတွက်ပဲဆိုရင်တော့ လေးရွက်၊ငါးရွက်လောက်အနည်းဆုံး ဖြတ်ယူပါ။ အရွက်ငယ်လေးတွေကိုမဖြတ်ပဲအပင်မှာပဲချန်ထားခဲ့ပါ။ ရေစင်စင်ဆေးပြီးဆူးတွေနဲ့ထိပ်ဖျားကို ဖြတ်ပစ်လိုက်ပါ။ ၁။ ဓါးနဲ့ပါးပါးလှီးပြီး သစ်သီးဖျော်ရည်စက်နဲ့မွှေပါ။ ၂။ ပိတ်စပါးသန့်သန့်နဲ့ အရည်ညှစ်ပါ။ ရှားစောင်းလက်ပပ်ရည်ကို အိုးသန့်သန့်တစ်လုံးနဲ့ ခံယူပါ။ ၃။ ရှားစောင်းလက်ပပ်ရည်ကို မီးဖိုပေါ်တင်ပြီး မိနစ်၃၀ ခန့်ကြာအောင်ကျိုပါ။ ဆူလာတဲ့အခါမှာ အမြှုပ်တွေတက်လာပါလိမ့်မယ်။ တက်လာတဲ့ အမြှုပ်တွေကို ခပ်ထုတ်ပစ်ပါ။ အမြှုပ်တွေဟာ ဖန်တဲ့အရည်တွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် အမြှုပ်တွေကိုကုန်အောင်ခပ်ထုတ်ရတာပါ။ ၄။ ပျားရည်(သို့မဟုတ်) သကြားသန့်သန့်သင့်ရုံလောက်ကို ကြိုက်နှစ်သက်တဲ့အရသာဖြစ်အောင်ထည့်ပြီး သမအောင်မွှေပေးပါ။ အအေးခံထားပြီး ရေခဲသေတ္တာထဲထည့်သိမ်းထားနိုင်လျှင် ပိုကောင်း ပါတယ်။ သွေးချို၊ဆီးချို ရှိသူများ အတွက်ကတော့ အချိုမထည့်သင့်ပါဘူး။ သဘာဝအတိုင်းသောက်တာပိုကောင်းပါတယ်။ ရှားစောင်လက်ပပ်သတ္တုရည်ကို နေ့စဉ် ကြွေဇွန်းကြီး ၁ဇွန်းနှုန်းဖြင့် သုံးကြိမ်သောက်သင့်ပါတယ်။ ရှားစောင်းလက်ပပ်ရည်ကို ဒီအတိုင်းပဲထားမယ်ဆိုရင် သူ့ထဲမှာပါဝင်တဲ့ အောက်ဇားလစ်အက်ဆစ် Oxalic Acid တွေက ဓါတ်ပြောင်းသွားတတ်ပါတယ်။ ဒါကြောင့်ရေခဲသေတ္တာမရှိသူများ နှစ်ရက်စာလောက်သာကျိုချက်သောက်လျှင်ကောင်းပါတယ်။ နှစ်ရက်ထက်ပိုမထားသင့်ပါဘူး။ ရှားစောင်းလက်ပပ်အမှုန့်ပြုလုပ်နည်း ရှားစောင်းလက်ပပ်အရွက်ကို သန့်စင်အောင်ဆေးပြီး ဆူးတွေနဲ့ထိပ်ချွန်တွေကို ဖယ်ပြီး ပါးနိုင်သလောက်ပါးအောင်လှီးပါ။ ပါးလေကောင်းလေဖြစ်ပါတယ်။ လှီးထားတဲ့ရှားစောင်းလက်ပပ်အဖတ်လေးတွေကိုဝါးနဲ့လုပ်ထားတဲ့ဆန်ကောထဲမှာဖြန့်လှန်းပါ။ တစ်ရက်နဲ့မခြောက်ရင် နှစ်ရက်၊ သုံးရက်စသည်ဖြင့်လုံး၀ ခြောက်သွားအောင်လှန်းပါ။ နှစ်ရက်၊သုံးရက်ကြာတဲ့အခါရှားစောင်းလက်ပပ်တွေလုံး၀ ခြောက်သွားပြီဆိုရင် ဆုံထဲမှာထည့်ပြီး ထောင်းပါ။ မှုန့်မှုန့်ညက်ညက် လိုချင်တယ်ဆိုရင်တော့ဆန်ကာချပေးရုံပါပဲ။ ရှားစောင်းလက်ပတ်အခြောက်မှုန့် သောက်နည်းကတော့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးတစ်ခန်ခွက်နဲ့ရောပြီး တစ်နေ့နှစ်ကြိမ်၊သုံးကြိမ်သောက်ပါ။ ရှားစောင်းလက်ပပ်အမှုန့်ပြုလုပ်ဖို့အချိန်မရသူတွေအတွက် ရှားစောင်းလက်ပပ် အခြောက်ဖတ် အတိုင်း ရေနွေးဆူဆူထဲခတ်ပြီးရေနွေးကြမ်းသောက်သလိုသောက်သုံးနိုင်ပါတယ်။

 သောက်ရတာခက်တယ်ထင်ရင်တော့ပျားရည် လေးနည်းနည်း ထည့်သောက်ပါ။ သွေးချို၊ဆီးချိုရှိ သူများအတွက်ကတော့ပျားရည်မထည့်သင့်ပါဘူး။ပျောက်ကင်းကာကွယ်နိုင်တဲ့ရောဂါများကတော့ အစာအိမ်ပြည်တည်နာနဲ့ အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါ၊ ဆီးချို၊သွေးချို၊ အသည်း၊သွေးတိုးရောဂါ အစရှိသည်တို့ကိုကာကွယ်ပျောက်ကင်းနိုင်ပါတယ်။ မှတ်ချက် ၊ ဆရာမောင်မောင်လှိုင်ဘာသာပြန်ဆိုရေးသားတဲ့ အံ့ဖွယ် အစွမ်းထက်တဲ့ ရှားစောင်းလက်ပပ်သတ္တုရည်စာအုပ်မှ စုစည်းတင်ပြခြင်းဖြစ်ပါတယ်။ သူငယ်ချင်းတွေကိုလည်း သိစေချင်တဲ့အတွက် ရေးတတ်သလိုရေးထားတာကြောင့် စာလုံးအမှားပါရင်ခွင့်လွှတ်ပါနော်။ ( ခေါင်းလျော်ရည်နဲ့ ရှားစောင်းလက်ပတ်ရောသုံးနည်းကိုပြောပြပေးခဲ့တဲ့တောင်ကြီးက ညီမငယ် နီလာကိုလည်းအထူးကျေးဇူးတင်ပါတယ်။ အခုလက်တွေ့လည်း လျော်ပြီး ဆံပင်တွေပြန်ရှည်နေပါပြီလို့ .........) ကမ ္ဘာသစ်မှကူးယူတင်ပြသည်
http://sspont.blogspot.com/2012/03/blog-post_23.html မှကူးယူဖော်ပြသည်။

နုပျိုလှပတဲ့ အသားအရည်ပိုင်ရှင်ဖြစ်စေဖို့ နည်းလမ်းအသွယ်သွယ်

Written By Live100 on Monday, February 22, 2016 | 7:11 AM



ဆဲလ်အသေများ ခွာချခြင်း

ပိုပြီးနုပျိုငယ်ရွယ်တဲ့ အသားအရည်ကိုပိုင်ဆိုင်ဖို့ ပထမဆုံးလုပ်ရမှာကတော့ ဆဲလ်အသေတွေကို ခွာချပစ်ဖို့ပါပဲ။ မျက်နာပေါ်က ဆဲအသေတွေနဲ့ နေလောင်ဒဏ်ကြောင့် အသားအရည်ပျက်စီးမှုတွေကို အရင်ဆုံး ဖယ်ရှားပစ်ရမှာဖြစ်ပါတယ်။ Alpha-hydroxyl ပါဝင်တဲ့ မျက်နှာသစ်ဆေးတွေက အသားအရည်အသစ်ဖြစ်စေဖို့ အကောင်းဆုံးပါပဲ။

မျက်နှာကို တင်းရင်းစေမယ့် ပေါင်းတင်မျက်နှာဖုံးများ

တင်းရင်းစေတဲ့ မျက်နှာပေါင်းတင်းဆေးတွေဟာ အရေးအကြောင်းတွေကို လျော့နည်းစေပြီး ပိုမိုနုပျိုတဲ့အသွင်ကို ရရှိစေမှာဖြစ်ပါတယ်။ မျက်နှာပေါင်းတင်ပြီးခါစမှာ မိတ်ကပ်အလှပြင်ပစ္စည်းတွေ အသုံးပြုမယ်ဆိုရင် အချိန်ကြာကြာ ပိုမိုလှပနေမှာကို တွေ့ရမှာဖြစ်ပါတယ်။

ရေဓါတ်ထိန်းသိမ်းခြင်း

မိမိအသားအရည်ကို နေ့စဉ်နေ့တိုင်း ရေဓါတ်ဖြည့်တင်းပေးဖို့ မမေ့ပါနဲ့။ နှစ်ပေါင်းများစွာ ဖြတ်သန်းလာပြီးတဲ့နောက်မှာ မိမိရဲ့အသားအရည်မှာ အဆီဓါတ်တွေ တဖြည်းဖြည်းလျော့နည်းလာမှာဖြစ်ပါတယ်။ ဒါကြောင့် အသားအရည်မှာ လိုအပ်တဲ့စိုပြေမှုကို ထိန်းသိမ်းထားနိုင်ဖို့က အရေးကြီးပါတယ်။

နေလောင်ခြင်းတွေ မဖြစ်စေဖို့ ရှောင်ကြဉ်ခြင်း

နေရောင်ခြည်တွေကို မိမိအရေပြားနဲ့ တိုက်ရိုက်ထိတွေ့စေခြင်းကို ရှောင်ကြဉ်ဖို့လိုပါတယ်။ မနက် ၁၀ နာရီကနေ ၄ နာရီကြား အပြင်ထွက်ဖို့ ရှိတယ်ဆိုရင် နေလောင်ဒဏ်ကာကွယ်တဲ့ လိုးရှင်းတစ်ခုခု လိမ်းဖို့ လိုပါတယ်။ ပြီးရင်လည်း ၂နာရီကြား သို့ ၃ နာရီကြား တစ်ကြိမ်ဆီ ပုံမှန်လေး ပြန်လိမ်းပေးဖို့လည်း မမေ့ပါနဲ့။

မိတ်ကပ်အရည်ပုံစံ သုံးစွဲခြင်း

အသက်ကြီးလာတာနဲ့အမျှ အသားအရည်တွေဟာလည်း တဖြည်းဖြည်း ပျက်စီးလာပါတယ်။ ဒါကြောင့် အမှုှုန့်ပုံစံမိတ်ကပ်ဖောင်ဒေးရှင်းတွေက အရည်ပုံစံမိတ်ကပ်ဖောင်ဒေးရှင်းတွေနဲ့ အသက်ကြီးတဲ့သွင်ပြင်ကို ဖြစ်ပေါ်စေတဲ့အတွက် မိတ်ကပ်အရည်ပုံစံကို သုံးစွဲသင့်ပါတယ်။

နှုတ်ခမ်းနီ

အရောင်ရင့််တဲ့ နှုတ်ခမ်းနီတွေကို အသုံးပြုပါ။ ဒါက မိမိကို ပိုမိုနုပျိုစမတ်ကျ စေမှာဖြစ်ပြီး ငယ်ရွယ်တဲ့မျက်နှာသွင်ပြင်ကို ရရှိစေနိုင်ပါတယ်။

( Michelle)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: proladiestips

ဗီတာမင်- ဒီ ပုံမှန်မှီဝဲပေးခြင်းက ပန်းသေပန်းညှိုးရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်

Written By လြင္႕ေမာင္ေမာင္ on Wednesday, November 25, 2015 | 11:22 AM




တစ်နေ့ကို ဗီတာမင်ဒီ ဆေးပြားတစ်ပြားမှီဝဲပေးတာက ပန်းသေပန်းညှိုးရောဂါခံစားနေမှုကို ကြိုတင်ကာကွယ်ပေးနိုင်ကြောင်း ဆေးပါရဂူတွေက ပြောကြားလိုက်ပါတယ်။

ခန္ဓာကိုယ်မှာ ဗီတာမင်ဒီဓာတ်ချို့တဲ့ခြင်းဟာ သွေးတိုးဆီးချိုကနေ နှလုံးရောဂါ၊ သွေးပေါင်ချိန်တက်တာတွေ အထိဖြစ်နိုင်တယ်လို့ သိရပါတယ်။ ယခုအခါ  နာမည်ကျော် Johns Hopkins တက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ ဒီ ဗီတာမင်ဒီဓာတ် နည်းပါးခြင်းက ပန်းသေပန်းညှိုးကိုလည်း ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

Dr Michos နဲ့သူမရဲသုတေသနအဖွဲ့ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်း အမျိုးသားကျန်းမာရေးနဲ့အာဟာရဓာတ်စစ်ဆေးလေ့လာမှုစာရင်းမှာ ပါဝင်ခဲ့တဲ့ အသက် ၂၀ အထက် အမျိုးသားပေါင်း ၃၄၀၀ ရဲ့ အချက်အလက်တွေကို ပိုင်းခြားလေ့လာခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ အမျိုးသားတွေမှာ ဘယ်သူမှနှလုံးရောဂါမရှိကြဘဲ၊ ၃၀ ရာခိုင်နှုန်းကတော့ ဗီတာမင်ဒီဓာတ်ချို့တဲ့ကာ ၁၆ ရာခိုင်နှုန်းမှာ ပန်းသေပန်းညှိုးလက္ခဏာတွေ ခံစားနေကြတာဖြစ်ပါတယ်။

သွေးတစ်မီလီလီတာအတွင်း ဗီတာမင်ဒီပါဝင်မှု ၂၀ နာနိုဂရမ်ထက်နည်းရင် ဗီတာမင်ဒီဓာတ်ချို့တဲ့တယ်လို့ သတ်မှတ်ထားပြီး ပန်းသေပန်းညှိုးခံစားနေရတဲ့အမျိုးသား ၃၅ ရာခိုင်နှုန်းမှာ ၂၀ နာနိုဂရမ်ထက် နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါဟာ ဗီတာမင်ဒီချို့တဲ့နေရင် ဗီတာမင်ဒီလုံလုံလောက်လောက်ရတဲ့ အမျိုးသားတစ်ယောက်ထက် ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်းပိုများနေတာဖြစ်ပြီး ဒီ တွေ့ရှိမှုဟာ ပန်းသေမှုကို ဖြစ်နိုင်တဲ့ တခြား အကြောင်းအရာတွေဖြစ်တဲ့ တချို့သောဆေးဝါးတွေမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆီးချို၊ ရောင်ရမ်းမှုရောဂါနဲ့သွေးပေါင်ချိန်များခြင်း စတဲ့ အချက်တွေကို ထည့်တွက်ပြီးတာတောင် ဗီတာမင်ဒီ ချို့တဲ့ခြင်းက အဓိကပြဿနာတစ်ခုဖြစ်နေတာကို တွေ့ရှိရတာဖြစ်တယ်လို့သုတေသနပညာရှင်တွေက ဆိုပါတယ်။

ပန်းသေပန်းညှိုးရောဂါကို အသက် ၄၀ အထက် အမျိုးသား ၄၀ ရာခိုင်နှုန်းကြုံတွေ့နေရပြီး အသက် ၇၀ အထက် မှာဆို ၇၀ ရာခိုင်နှုန်းရှိနေတယ်လို့သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail
Zawgyi
တစ္ေန ့ကို ဗီတာမင္ဒီ ေဆးျပားတစ္ျပားမွီ၀ဲေပးတာက ပန္းေသပန္းညွိဳးေရာဂါခံစားေနမွဳကို ၾကိဳတင္ကာကြယ္ေပးႏိုင္ေၾကာင္း ေဆးပါရဂူေတြက ေျပာၾကားလုိက္ပါတယ္။

ခႏၶာကိုယ္မွာ ဗီတာမင္ဒီဓာတ္ခ်ိဳ ့တဲ့ျခင္းဟာ ေသြးတုိးဆီးခ်ဳိကေန ႏွလုံးေရာဂါ၊ ေသြးေပါင္ခ်ိန္တက္တာေတြ အထိျဖစ္ႏိုင္တယ္လုိ ့ သိရပါတယ္။ ယခုအခါ  နာမည္ေက်ာ္ Johns Hopkins တကၠသိုလ္က သုေတသန ပညာရွင္ေတြဟာ ဒီ ဗီတာမင္ဒီဓာတ္ နည္းပါးျခင္းက ပန္းေသပန္းညွိဳးကိုလည္း ျဖစ္ေစႏိုင္တယ္လုိ ့ ဆုိပါတယ္။

Dr Michos နဲ ့သူမရဲသုေတသနအဖြဲ ့ဟာ ၂၀၀၁ ခုႏွစ္ကေန ၂၀၀၄ ခုႏွစ္အတြင္း အမ်ိဳးသားက်န္းမာေရးနဲ ့အာဟာရဓာတ္စစ္ေဆးေလ့လာမွဳစာရင္းမွာ ပါ၀င္ခဲ့တဲ့ အသက္ ၂၀ အထက္ အမ်ိဳးသားေပါင္း ၃၄၀၀ ရဲ့ အခ်က္အလက္ေတြကို ပုိင္းျခားေလ့လာခဲ့ၾကတာျဖစ္ပါတယ္။ အဆုိပါ အမ်ိဳးသားေတြမွာ ဘယ္သူမွႏွလုံးေရာဂါမရွိၾကဘဲ၊ ၃၀ ရာခိုင္ႏွဳန္းကေတာ့ ဗီတာမင္ဒီဓာတ္ခ်ိဳ ့တဲ့ကာ ၁၆ ရာခိုင္ႏွဳန္းမွာ ပန္းေသပန္းညွိဳးလကၡဏာေတြ ခံစားေနၾကတာျဖစ္ပါတယ္။

ေသြးတစ္မီလီလီတာအတြင္း ဗီတာမင္ဒီပါ၀င္မွဳ ၂၀ နာႏိုဂရမ္ထက္နည္းရင္ ဗီတာမင္ဒီဓာတ္ခ်ိဳ ့တဲ့တယ္လုိ ့ သတ္မွတ္ထားျပီး ပန္းေသပန္းညွိဳးခံစားေနရတဲ့အမ်ိဳးသား ၃၅ ရာခိုင္ႏွဳန္းမွာ ၂၀ နာႏိုဂရမ္ထက္ နည္းေနတာကို ေတြ ့ရွိခဲ့ရပါတယ္။

ဒါဟာ ဗီတာမင္ဒီခ်ိဳ ့တဲ့ေနရင္ ဗီတာမင္ဒီလုံလုံေလာက္္ေလာက္ရတဲ့ အမ်ိဳးသားတစ္ေယာက္ထက္ ပန္းေသပန္းညွိဳးျဖစ္ႏုိင္ေျခ ၃၂ ရာခို္င္ႏွဳန္းပုိမ်ားေနတာျဖစ္ျပီး ဒီ ေတြ ့ရွိမွဳဟာ ပန္းေသမွဳကို ျဖစ္ႏုိင္တဲ့ တျခား အေၾကာင္းအရာေတြျဖစ္တဲ့ တခ်ိဳ ့ေသာေဆး၀ါးေတြမွီ၀ဲျခင္း၊ အရက္ေသာက္ျခင္း၊ ေဆးလိပ္ေသာက္ျခင္း၊ ဆီးခ်ိဳ၊ ေရာင္ရမ္းမွဳေရာဂါနဲ ့ေသြးေပါင္ခ်ိန္မ်ားျခင္း စတဲ့ အခ်က္ေတြကို ထည့္တြက္ျပီးတာေတာင္ ဗီတာမင္ဒီ ခ်ိဳ ့တဲ့ျခင္းက အဓိကျပႆနာတစ္ခုျဖစ္ေနတာကို ေတြ ့ရွိရတာျဖစ္တယ္လုိ ့သုေတသနပညာရွင္ေတြက ဆုိပါတယ္။

ပန္းေသပန္းညွိဳးေရာဂါကို အသက္ ၄၀ အထက္ အမ်ိဳးသား ၄၀ ရာခိုင္ႏွဳန္းၾကဳံေတြ ့ေနရျပီး အသက္ ၇၀ အထက္ မွာဆုိ ၇၀ ရာခိုင္ႏွဳန္းရွိေနတယ္လုိ ့သုေတသနပညာရွင္ေတြက ေျပာၾကားခဲ့ပါတယ္။

( Ye Wint )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com

Ref : Dailymail

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လြင္႔ေမာင္ေမာင္(ထား၀ယ္) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger