Latest Post
11:19 PM

♦♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♦
ပိုပိုဇော်(သဘာဝအားအင်)September 26, 2013 at 3:24pm
ခေါင်းကိုက်သက်သာစေသည် အနှိပ်ကုထုံး ( massage therapy) ကို ရက်သတ္တပတ်များစွာ ခံယူပြီးသည့်အခါ ခေါင်းကိုက်ရောဂါ သက်သာစေပြီး နှစ်ခြိုက်စွာအိပ်ပျော် စေသည်။
လေ့ကျင့်ခန်းပြုလုပ်ပြီးနောက်ကိုယ်လက်ကိုက်ခဲမှုကိုသက်သာစေသည် လေ့ကျင့်ခန်း ပြုလုပ်အပြီး
ကြွက်သားရောင်ရမ်းမှုကို နှိပ်နယ် ခြင်းဖြင့် သက်သာစေသည်။နာမည်ကျော် အားကစားသမားများတွင် ကိုယ်ပိုင်အနှိပ်ကုထုံး ခံယူရာ ဆေး ခန်းနှင့် အနှိပ်ဆရာတို့ ရှိကြသည်။
နုပျိုစေသည်
နှိပ်နယ်ခြင်းသည် သွေးစီးဆင်း မှုကောင်းစေသည်။ မျက်နှာကြွက်သား များပြေလျော့စေပြီး သငန်ရည် စီးဆင်းမှုကို အားပေးသောကြောင့် အဆိပ်အတောက်များ ရှင်းလင်းကာ အသားအရေကို နုပျိုစေသည်။ ရာသီမလာခင် နာကျင်ကိုက်ခဲမှုကို သက်သာစေသည်
စိတ်လှုပ်ရှားခြင်း၊ လေအောင့် ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့် ခြင်းစသည့်ရာသီမလာခင်ခံစား ရသော ဝေဒနာများကို အနှိပ်ကုထုံး ဖြင့် သက်သာစေနိုင်သည်။
ကင်ဆာရောဂါ လက္ခဏာများ သက် သာစေသည် ကင်ဆာ ကျိတ်ပျံ့နှံ့ ခြင်းကြောင့် မခံမရပ်နိုင်အောင် ကိုက်ခဲခြင်း၊ အိပ် မပျော်ခြင်း စသည့်ဝေဒနာများကို အနှိပ်ကုထုံးဖြင့် သက်သာစေနိုင်ပြီး ရောဂါဖြစ်ပွားမှုကြောင့် ဘ၀အရည် အသွေး (Quality of life) မကျ ဆင်းစေရန် ကူညီပေးသည်။
ဇော်ကို
Source:RD
Health Updates Journal Vol.2,
နှိပ်နယ်ခြင်း၏ အကျိုးကျေးဇူးများ
Written By လွင့်မောင်မောင် on Sunday, October 6, 2013 | 11:19 PM

Labels:
ကျန်းမာရေး
2:19 AM
မိုးကြိုးပစ်ခြင်းဖြင့် ဖုန်းအားအပြည့် သွင်းနိုင်သည့် နည်းလမ်း Nokia စမ်းသပ်
Written By လွင့်မောင်မောင် on Saturday, October 5, 2013 | 2:19 AM
ဆောက်သမ်တန် တက္ကသိုလ်မှ ပညာရှင် အချို့တို့သည် မိုးကြိုးပစ် သည့်
ဖြစ်စဉ်အတု တစ်ခုကို ဖန်တီးပြီး Nokia ဖုန်းတစ်လုံး၏ ဘက်ထရီကို
အားဖြည့်နိုင်ခဲ့ပြီး ဖြစ်သည်။
မိုးကြိုးပစ်ခြင်းဖြင့် ဖုန်းအားအပြည့် သွင်းနိုင်သည့် နည်းလမ်း Nokia စမ်းသပ်
ဗြိတိန်နိုင်ငံမှ သုတေသီများသည် မိုးကြိုးပစ်ပြီး ဖုန်းအားသွင်းမည့် နည်းလမ်း သစ် တစ်ခုကို စမ်းသပ်နေကြောင်း သိရှိရသည်။ ယင်းနည်းပညာ အောင်မြင် ပါက အကျိုးကျေးဇူး အနေဖြင့် ဖုန်းတစ်လုံးကို စက္ကန့်ပိုင်းပင် မကြာသည့် မျက်စိတစ်မှိတ်စာ အချိန်အတွင်း အားဖြည့် ပြီးစီးသွားစေမည် ဖြစ် သည်။ ဆောက်သမ်တန် တက္ကသိုလ်မှ ပညာရှင် အချို့တို့သည် မိုးကြိုးပစ်သည့် ဖြစ်စဉ်အတု တစ်ခုကို ဖန်တီးပြီး Nokia ဖုန်းတစ်လုံး၏ ဘက်ထရီကို အားဖြည့်နိုင်ခဲ့ပြီး ဖြစ်သည်။ ၎င်းတို့သည် Transformer တစ်လုံးကို အသုံးပြုကာ AC ဓာတ်အားလိုင်း တစ်ခုကို ဗို့(၂၀၀၀၀၀)ထိ မြှင့် တင်ခဲ့ကြသည်။ ထို့နောက် ယင်းလျှပ်စစ်အားကို (၁၁)လက်မအရွယ် လေ ဟာ နယ် တစ်ခုကို ဖြတ်သန်းစေကာ မိုးကြိုးပစ်မှု ဖြစ်စဉ်တု တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဖြစ်ပေါ်နေသော အပူ၊ အလင်းနှင့် ဓာတ်အားပမာဏတို့သည် သဘာဝအတိုင်း ကောင်းကင်ယံတွင် ဖြစ်ပေါ်နေတတ်သည့် လျှပ်စီးမိုးကြိုး များနှင့် တူညီနေမည်ဟု သိရသည်။ လူသားတို့ ဖန်တီးထားသည့် အဆိုပါ လျှပ်စီးမိုးကြိုးကို Nokia 925 ဖုန်းတစ်လုံးတွင် ဓာတ်အားဖြည့်သွင်း ရန် အောင်အောင်မြင်မြင် အားသွင်းနိုင်ခဲ့သည်။ ဓာတ်ခွဲခန်းတွင် ဖန်တီးထုတ်လုပ်သော မိုးကြိုးတုကို ဖုန်းဘက်ထရီထဲ ချက်ချင်း လွှဲပြောင်းပေးလိုက်ခြင်းဖြင့် ချက်ချင်း အားအပြည့် ဖြစ်သွားကြောင်းလည်း သိရသည်။
"မိုးကြိုးပစ်တယ် ဆိုတာက ကျွန်တော်တို့အတွက် ကြောက်စရာ ဖြစ်စဉ် တစ်ခုပါပဲ။ သဘာဝရဲ့ အားကောင်းပြီး အံ့ဩစရာ စွမ်းအားတစ်ခု လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဆောက်သမ်တန် တက္ကသိုလ်က သုတေသီတွေနဲ့ Nokiaရဲ့ ပညာရှင်တွေကတော့ ခပ်ဆိုးဆိုး သတ္တဝါကြီးကို ယဉ်ပါးအောင် ကိုင်တွယ်နိုင်သူတွေပါ။ သူတို့ဟာ ဓာတ်ခွဲခန်းမှာ ဖန်တီးတဲ့ မိုးကြိုးပစ်မှု ဖြစ်စဉ်တစ်ခုနဲ့ Nokia ဖုန်းတစ်လုံးကို အောင်အောင်မြင်မြင် ဓာတ်အားသွင်းပြခဲ့ပါတယ်။ ဒီနည်းပညာ စမ်းသပ်မှုဟာ ကမ္ဘာပေါ်မှာ ပထမဆုံးပါပဲ"ဟု Nokia Conversations Blogမှ ဖီးလ်ဘီက ပြောကြားခဲ့သည်။
ဆောက်သမ်တန် တက္ကသိုလ်မှ နီးလ်ပယ်လ်မာက ပြွန်ငယ်နှစ်ခုကြား ထားရှိသည့် လေဟာနယ်တွင် အလွန်အားပြင်းသည့် လျှပ်စစ်ဗို့အားကို ဖြတ်သန်းစေကာ လျှပ်စစ်မိုးကြိုး အတုကို ဖန်တီးယူကြောင်း ရှင်းပြခဲ့သည်။ ထိုမိုးကြိုးလျှပ်စီးသည် သွယ်တန်း ချိတ်ဆက်ထားသည့် ဖုန်းဘက်ထရီကို တစ်စက္ကန့် မပြည့်မီ အချိန်အတွင်း အားပြည့်သွားစေခဲ့သည်။ "Nokiaရဲ့ ဘက်ထရီ ပတ်လမ်းစနစ်ဟာ ဆူညံသံ ထုတ်လွှင့်မှုကို ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျွန်တော်တို့ အံ့ဩမိပါတယ်။ ဘက်ထရီက အောင်အောင်မြင်မြင် အားသွားပြီးသား ဖြစ်သွားတယ်"ဟု ပယ်လ်မာက ပြောဆိုခဲ့သည်။
၎င်းက ဆက်လက်၍ "ဒီတွေ့ရှိမှုအရ ကျွန်တော်တို့ဟာ လေထဲမှာ ဖြတ် သန်းစေတဲ့ လျှပ်စစ်စီးကြောင်း တစ်ခုနဲ့ ဖုန်းတွေ၊ တခြားကိရိယာတွေကို အားသွင်းနိုင်မယ် ဆိုတာကို သက်သေထူနိုင်ခဲ့ပါပြီ။ ပြီးတော့ သဘာဝရဲ့ စွမ်းအားတွေဖြစ်တဲ့ မိုးကြိုးပစ်မှုနဲ့ သူ့ရဲ့ လျှပ်စစ်စွမ်းအင်တွေကို ပိုပြီးနားလည်စေဖို့ ကြီးကျယ်တဲ့ ခြေလှမ်းတစ်ခု စတင်နိုင်ခဲ့တာပါ"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ မိုးကြိုးပစ်မှုသည် ကောင်းကင်နှင့် မြေပြင်ကြား သဘာဝအတိုင်း မျှခြေအဖြစ် တည်ရှိနေသည့် တည်ငြိမ် လျှပ်စစ်စွမ်းအင်ကို တိမ်ထုများ နှောင့်ယှက်မှုကြောင့် ဖြစ်ပေါ်လေ့ရှိသည်။
ယခုစမ်းသပ်အောင်မြင်မှုသည် အနာဂတ်ကာလ မိုဘိုင်းလ်ဖုန်းများအတွက် ပိုမိုလျင်မြန်စွာ ဓာတ်အားဖြည့်နိုင်မည့် စနစ်သစ်တစ်ခု တီထွင်နိုင်ရေး မျှော် လင့်ချက် ဖြစ်လာသော်လည်း လက်တွေ့ အကောင်အထည်ဖော်ရန် အဆင့်များစွာ လိုအပ်ချက်များစွာ ရှိနေဦးမည်ဟု သိရသည်။ Nokia၏ အရောင်းဌာန အကြီးအကဲ ခရစ်ဝက်ဘာကမူ ယခုနည်းလမ်းကို အတုခိုး မစမ်းသပ်ကြရန် သတိပေးထားသည်။ ၎င်းက "ဒီလိုစမ်းသပ်ချက်မျိုးကို အိမ်မှာ ကိုယ့်ဖာသာ လုပ်ကြည့်တာမျိုးကို လုံးဝ ရှောင်ကြဉ်ပါလို့ ကျွန်တော်တို့ အလေးအနက် အကြံပေးချင်ပါတယ်"ဟု ပြောဆိုသွားသည်။
Planet Myanmar Network

သိပ္ပံ နှင့် နည်းပည်ာ
11:57 PM
ကမ္ဘာကျော် စစ်သေနင်္ဂဗျူဟာရှင်ကြီးတွေထဲမှာ တစ်ယောက်အပါဝင်ဖြစ်တဲ့ ဗီယက်နမ်ဗိုလ်ချုပ်ကြီး ဗိုငုယင်ဂီရပ် Vo Nguyen Giap (ဘီဘီစီမြန်မာပိုင်းကတော့ ဗိုငွင်ဇပ် လို့ အသံထွက်ပါတယ်) ဟာ မနေ့ညက ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၁၀၂ နှစ်ရှိပါပြီ။
သူဟာ ဗီယက်နမ်တွေရဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ ပြင်သစ်နယ်ချဲ့တော်လှန်ရေး နဲ့ ဗီယက်နမ်ပေါင်းစည်းရေး စစ်ပွဲတွေမှာ ဗီယက်နမ်ပြည်သူ့တပ်မတော်ကို ဦးဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံရေးခေါင်းဆောင် ဗီယက်နမ်ပြည်သူတွေရဲ့ အချစ်တော် ဦးလေးဟို ခေါ် ဟိုချီမင်းနဲ့ အတွဲညီညီနဲ့ ဆိုရှယ်လစ် သမ္မတ ဗီယက်နမ် နိုင်ငံတော်ကြီးကို ထူထောင်ခဲ့သူပါ။ ခေတ်လက်နက်တွေနဲ့ စနစ်တကျ တပ်စွဲထားတဲ့ ပြင်သစ်တို့ရဲ့ ဒိန်ဗင်ဖူး ခံတပ်ကို ဗီယက်မင်းတွေ အနိုင်ယူသိမ်းပိုက်နိုင်ခဲ့တာဟာ ဗိုလ်ချုပ်ကြီး ဂီရပ်ရဲ့ ပြောင်မြောက်တဲ့ စစ်ရေး အစီအမံကြောင့်ပါပဲ။
ဗီယက်နမ်ဟာ ဂျပန်၊ ပြင်သစ်၊ အမေရိကန်နဲ့ တရုတ် ဆိုတဲ့ ကမ္ဘာ့စစ်အင်အားကြီး စစ်တပ်တွေကို မိမိတို့မြေပေါ်မှာ အနိုင်ယူနိုင်ခဲ့တဲ့ တစ်ခုတည်းသော အာဆီယံနိုင်ငံဖြစ်ပြီး ဒီစစ်ပွဲကြီး ၄ ပွဲစလုံးမှာ ဗီယက်နမ်တွေရဲ့ ပြည်သူ့စစ် စစ်သေနင်္ဂဗျူဟာကို ဦးဆောင်ချမှတ်ခဲ့သူက ဗိုလ်ချုပ်ကြီး ဂီရပ်ပါ။
ထူးခြားတာက ဒီစစ်သေနင်္ဂဗျူဟာရှင်ကြီးဟာ စစ်ပညာကိုစနစ်ကျ လေ့ကျင့်သင်ယူခဲ့တာမျိုး မရှိခဲ့ပဲ နိုင်ငံရေး စီးပွားရေးနဲ့ ဥပဒေပညာရပ်တွေနဲ့ ဘွဲ့ရခဲ့ပြီး စာရေးဆရာ အပျော်တမ်းဂျာနယ်လစ် အလယ်တန်းကျောင်းမှာ သမိုင်းသင်တဲ့ ကျောင်းဆရာတစ်ဦးသာ လုပ်ခဲ့သူဖြစ်ခြင်းပါပဲ။ ကမ္ဘာ့အင်အားကြီး စစ်တပ်ကြီး ၄ ခုကို ယှဉ်ပြိုင်အနိုင်ယူခဲ့တဲ့ ဗီယက်နမ်တွေရဲ့ နာမည်ကျော် ပျောက်ကြားပြည်သူ့စစ် သေနင်္ဂဗျူဟာကို သူဟာ သမိုင်းထဲက နပိုလီယံရဲ့ စစ်ပွဲများအကြောင်းကိုလေ့လာရင်း ဆွန်ဇူးရဲ့ စစ်ရေးအနုပညာကို လေ့လာရင်း အောင်အောင်မြင်မြင် ထုတ်ဖေါ်ခဲ့သူပါ။
စစ်ရေးအမြင်ဆိုတာ စစ်သားမှာမှ ရှိတာမဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးဂီရပ်က သက်သေပြခဲ့ပါတယ်။

Aung Zin Latt (Facebook)
ဗီယက်နမ်ဗိုလ်ချုပ်ကြီး ဗိုငုယင်ဂီရပ် Vo Nguyen Giap
Written By လွင့်မောင်မောင် on Friday, October 4, 2013 | 11:57 PM
![]() |
| ဗီယက်နမ်ဗိုလ်ချုပ်ကြီး ဗိုငုယင်ဂီရပ် Vo Nguyen Giap / PHOTO-Aung Zin Latt |
ကမ္ဘာကျော် စစ်သေနင်္ဂဗျူဟာရှင်ကြီးတွေထဲမှာ တစ်ယောက်အပါဝင်ဖြစ်တဲ့ ဗီယက်နမ်ဗိုလ်ချုပ်ကြီး ဗိုငုယင်ဂီရပ် Vo Nguyen Giap (ဘီဘီစီမြန်မာပိုင်းကတော့ ဗိုငွင်ဇပ် လို့ အသံထွက်ပါတယ်) ဟာ မနေ့ညက ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၁၀၂ နှစ်ရှိပါပြီ။
သူဟာ ဗီယက်နမ်တွေရဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ ပြင်သစ်နယ်ချဲ့တော်လှန်ရေး နဲ့ ဗီယက်နမ်ပေါင်းစည်းရေး စစ်ပွဲတွေမှာ ဗီယက်နမ်ပြည်သူ့တပ်မတော်ကို ဦးဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံရေးခေါင်းဆောင် ဗီယက်နမ်ပြည်သူတွေရဲ့ အချစ်တော် ဦးလေးဟို ခေါ် ဟိုချီမင်းနဲ့ အတွဲညီညီနဲ့ ဆိုရှယ်လစ် သမ္မတ ဗီယက်နမ် နိုင်ငံတော်ကြီးကို ထူထောင်ခဲ့သူပါ။ ခေတ်လက်နက်တွေနဲ့ စနစ်တကျ တပ်စွဲထားတဲ့ ပြင်သစ်တို့ရဲ့ ဒိန်ဗင်ဖူး ခံတပ်ကို ဗီယက်မင်းတွေ အနိုင်ယူသိမ်းပိုက်နိုင်ခဲ့တာဟာ ဗိုလ်ချုပ်ကြီး ဂီရပ်ရဲ့ ပြောင်မြောက်တဲ့ စစ်ရေး အစီအမံကြောင့်ပါပဲ။
ဗီယက်နမ်ဟာ ဂျပန်၊ ပြင်သစ်၊ အမေရိကန်နဲ့ တရုတ် ဆိုတဲ့ ကမ္ဘာ့စစ်အင်အားကြီး စစ်တပ်တွေကို မိမိတို့မြေပေါ်မှာ အနိုင်ယူနိုင်ခဲ့တဲ့ တစ်ခုတည်းသော အာဆီယံနိုင်ငံဖြစ်ပြီး ဒီစစ်ပွဲကြီး ၄ ပွဲစလုံးမှာ ဗီယက်နမ်တွေရဲ့ ပြည်သူ့စစ် စစ်သေနင်္ဂဗျူဟာကို ဦးဆောင်ချမှတ်ခဲ့သူက ဗိုလ်ချုပ်ကြီး ဂီရပ်ပါ။
ထူးခြားတာက ဒီစစ်သေနင်္ဂဗျူဟာရှင်ကြီးဟာ စစ်ပညာကိုစနစ်ကျ လေ့ကျင့်သင်ယူခဲ့တာမျိုး မရှိခဲ့ပဲ နိုင်ငံရေး စီးပွားရေးနဲ့ ဥပဒေပညာရပ်တွေနဲ့ ဘွဲ့ရခဲ့ပြီး စာရေးဆရာ အပျော်တမ်းဂျာနယ်လစ် အလယ်တန်းကျောင်းမှာ သမိုင်းသင်တဲ့ ကျောင်းဆရာတစ်ဦးသာ လုပ်ခဲ့သူဖြစ်ခြင်းပါပဲ။ ကမ္ဘာ့အင်အားကြီး စစ်တပ်ကြီး ၄ ခုကို ယှဉ်ပြိုင်အနိုင်ယူခဲ့တဲ့ ဗီယက်နမ်တွေရဲ့ နာမည်ကျော် ပျောက်ကြားပြည်သူ့စစ် သေနင်္ဂဗျူဟာကို သူဟာ သမိုင်းထဲက နပိုလီယံရဲ့ စစ်ပွဲများအကြောင်းကိုလေ့လာရင်း ဆွန်ဇူးရဲ့ စစ်ရေးအနုပညာကို လေ့လာရင်း အောင်အောင်မြင်မြင် ထုတ်ဖေါ်ခဲ့သူပါ။
စစ်ရေးအမြင်ဆိုတာ စစ်သားမှာမှ ရှိတာမဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးဂီရပ်က သက်သေပြခဲ့ပါတယ်။

Aung Zin Latt (Facebook)
Labels:
အတ္ထုပ္ပတ္တိ
8:48 PM
၂၇.၉.၂၀၁၃ရက်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဆောက်အဦးမှာ လွှတ်တော်ဥက္ကဌကြီးဦးစီးပြီး ဆွေးနွေး ပွဲတစ်ခုလုပ်ပါသည်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ရေးဆွဲထားတဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းကို ဆွေးနွေးကြပါသည်။
ပါတီများ၊ ၈၈မျိုးဆက်၊ တိုင်းဒေ သကြီးလွှတ်တော်အမတ်တွေ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ဥပဒေချုပ်တွေသာမက ထွေ/အုပ်ဝန်ထမ်းတွေ၊ အစိုးရအဖွဲ့တွေ၊ လူထုအခြေပြုအဖွဲ့တွေတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ဒီဥပဒေကြမ်း အခန်း(၁) ပုဒ်မ(၂) အပိုဒ်(င)မှာ တိုင်းရင်းသားလူမျိုးများဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကို ပင်ရင်းနိုင်ငံအဖြစ်သတ်မှတ်၍ စဉ်ဆက်မပြတ်နေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ရှမ်းလူမျိုးများနှင့် ယင်းတို့၏ မျိုးနွယ်စုများကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားပြုခွင့်ရသူများ နှင့် ဧည့်နိုင်ငံသားများ မပါဝင်။ ဟု ဖော်ပြထားပါသည်။
ကျွန်တော်တို့ ထားဝယ်လူမျိုးတွေ တိုင်းရင်းသား ဟုတ်မဟုတ် စဉ်းစားကြည့်ပေါ့။
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဒေသခံတိုင်းရင်းသားဆိုတဲ့သတ်မှတ်ချက်ကိုလည်း
လေ့လာစေချင်ပါသည်။
ILO ၏ အဆိုအရ နိုင်ငံတစ်နိုင်ငံရှိ အခြားသောလူမှုအဖွဲ့အစည်းများနှင့် မတူညီသော လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွါးရေးအခြေအနေရှိသည့်အပြင် ကိုယ်ပိုင် ဓလေ့ထုံးတမ်းများ၊ ဥပဒေများကို ကျင့်သုံးနေထိုင်သည့် လူများ ဟု ဖော်ပြသည်။
ထို့ပြင် နိုင်ငံ၏ နယ်နမိတ်အတွင်း နိုင်ငံသားများအဖြစ်သတ်မှတ်ခြင်းခံထားရသည့် နေထိုင်သူ များမှ ဆင်းသက်ပေါက်ဖွါးလာသူများဖြစ်ပြီး ပထ၀ီဒေသအလိုက် ကိုယ်ပိုင်ယဉ်ကျေးမှု၊ လူမှု ရေး၊ စီးပွါးရေး နှင့် နိုင်ငံရေး ဆောင်ရွက်နေသော လူများကို ဒေသခံတိုင်းရင်းသားများ (သို့)
ဌာနေတိုင်းရင်း သားများဟု ဆိုပါသည်။
ပညာရှင်တစ်ဦး၏ လေ့လာမှု ( Mortinez Cobo study )အရ လူမျိုးတစ်ဦး၏ ကိုယ်ပိုင်သမိုင်းကြောင်း၊ ရှေးအစဉ်အဆက်နေထိုင်ရာဒေသ၊ လူမျိုးတစ်ခုအဖြစ်သတ်မှတ်ခြင်း၊ ယခုအချိန်တိုင် ယင်းသတ်မှတ်ချက်များ တည်ရှိနေသေးခြင်းစသော အချက်များကို ဖော်ပြထားပါတယ်။
အများအားဖြင့် ဒေသခံတိုင်းရင်းသားများ(သို့) ဌာနေတိုင်းရင်းသားများဖြစ်ကြောင်းကို အောက်ဖော်ပြပါ အချက်အလက်များဖြင့် သတ်မှတ်နိုင်ပါသည်။
(၁) နိုင်ငံတစ်ခု၏နယ်မြေအတွင်း နှစ်ပေါင်းများစွာ (သို့)အစဉ်အဆက်လက်ခံထားပြီး ယခုအချိန်တိုင် တည်ရှိနေသော နိုင်ငံသားအဖြစ်လည်းကောင်း၊ လူမျိုးတစ်မျိုးအဖြစ်လည်းကောင်း သတ်မှတ်ခံထားရသူများမှ ဆင်းသက်ပေါက်ဖွါးလာသူများ၊
(၂) ပထ၀ီအနေအထားအရ ကိုယ်ပိုင်ဒေသအဖြစ်သတ်မှတ်ခံရပြီး ယင်းဒေသအတွင်းနေထိုင်သူများ၊
(၃) ကိုယ်ပိုင်သမိုင်းကြောင်းရှိခြင်း၊
(၄) ကိုယ်ပိုင်ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုနှင့် စီးပွါးရေးလုပ်ငန်းများရှိခြင်း။
*******************************************************************
ထားဝယ်ဟူသည် လူမျိုးကို လည်းကောင်း၊ ဒေသကိုလည်းကောင်း ရည်ညွှန်းခေါ်ဆိုသော အမည်ဖြစ်သည်။ အများအားဖြင့် ထားဝယ်ဒေသဆိုသည်မှာ ထားဝယ်ခရိုင်ကို ဆိုလိုပါသည်။ ထားဝယ်ခရိုင်သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းတည်ရှိပါသည်။
ထားဝယ်ခရိုင်သည် ဧရိယာစတုရန်းမိုင် ( ၅၄၀၇.၀၉ )မိုင် ကျယ်ပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်၊ မြောက်ဘက်တွင် မွန်ပြည်နယ် နှင့် တောင်ဘက်တွက် မြိတ်ခရိုင်တို့က ၀န်းရံထားသည်။
ထားဝယ်ခရိုင်ကို ထားဝယ်မြို့နယ်၊ရေဖြူမြို့နယ်၊သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်နှင့်
မေတ္တာ မြို့နယ်ခွဲ၊ကလိန်အောင်မြို့နယ်ခွဲတို့ဖြင့် ဖွဲ့စည်းထားတယ်။မိုင်(၁၂၀)ကျော်ရှည်သော ထားဝယ်မြစ်တည်ရှိပြီး ယင်းမြစ်ဝှမ်းဒေသတွင် ထားဝယ်လူမျိုးများ အခြေချနေထိုင်ကြပါသည်။
၂၀၁၂ခုနှစ် ထားဝယ်ခရိုင်ပြန်တမ်းအရ ထားဝယ်ခရိုင်အတွင်း လူဦးရေ (၈)သိန်းခန့်နေထိုင်ကြ၏။
အစောဆုံး ထားဝယ်ဒေသအပိုင်းအခြားကို စမ္ဗူဒီပဥဆောင်းကျမ်း ( ၂ ၊၂၊ ၁၆၃၈ ) အရ
အရှေ့ကိုလားသော် ထားရိုက်က ကျသည့်မြစ် ( တနင်္သာရီမြစ်)
တောင်ကိုလားသော် တနင်္သာရီမြေနှင့် ကျောခိုင်း ( ပြည်ခြားကျေးရွာ)
အနောက်ကိုလားသော် ရှင်သူငယ်မော် မောင်းမကန် အနောက်ပင်လယ်
မြောက်ကိုလားသော် ငှက်ရိုးတော ( မလွဲတောင် )
ဟူ၍ ဖော်ပြပါသည်။ ယခုခေတ် ထားဝယ်ခရိုင်ဖွဲ့စည်းပုံ ခန့်ကျယ်ဝန်းပါသည်။
(၁)အလောင်းစည်သူမင်းလက်ထက် ပြည်ထောင်(၂၀)ရှိသည့်အနက် စစ်သည်အင်အား(၂)သိန်းပြုရ သည့်တိုင်းပြည်အဖြစ်လည်းကောင်း၊ (၂)မှန်နန်းရာဇ၀င်ဟံသာဝတီဆင်ဖြူရှင်လက်ထက်ပြည်ကြီး(၅၀)စာရင်းတွင်ဒါးဝယ်ဟူ၍ လည်းကောင်း၊
(၃) ကောဇာသက္ကရာဇ် ( ၁၁၃၀ခု) (ခရစ် ၁၇၃၈နှစ်)ကုန်းဘောင်ခေတ်ဆင်ဖြူရှင်မင်းရေးထိုးခဲ့သော ပုဂံရွှေစည်းခုံ ထီးတော်တင်ကျောက်စာပါ ပြည်ကြီး(၁၈)ပြည်တွင် ဒ၀ယ်ပြည်ဟူ၍ လည်းကောင်း၊ စသည်ဖြင့် တိုင်းကြီးပြည်ကြီးအဖြစ် ဖော်ပြခဲ့ပါတယ်။
ထားဝယ်တိုင်းရင်းသားများသည် အသက်မွေးဝမ်းကြောင်းမှုအတွက် ကုန်သွယ်လယ်လုပ်၊ ယာခုတ်၊ ဥယျာဉ်စိုက်ခြင်း၊ ငှက်သိုက်၊ဆီအုန်း၊ သီဟိုဠ်စေ့၊ ရာဘာ၊ကြိမ်၊ရေလုပ်ငန်းနှင့် သတ္ထုတွင်းလုပ်ငန်းများကို လုပ်ကိုင်ကြ၏။
ရှေးဗမာဟန်ကို ထိန်းသိမ်း ခဲ့ကြ၏။
အာဒိကပ္ပကျမ်း တွင်
သက်နှင့်ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပြူ ကမ်းယံယော၊ ထားဝယ်နှောက၊ မျိုးသတ္တ ဟုဖော်ပြ၏။
လောကဟိတရာသီကျမ်း တွင်
လူမျိုး(၁၀၁)ပါးစာရင်းအရ မြန်မာ(ရ)မျိုး
(၁) မြန်မာ၊ (၂)ပြူ၊ (၃)ကမ်းယံ၊ (၄)ယော၊ (၅)ရခိုင်၊ (၆)တောင်သူ၊ (၇)ထားဝယ်ဟုလည်း ဖော်ပြထားသေး၏။
မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း(ဒုတိယပိုင်း) တွင်
မြန်မာ(၇)မျိုးစာရင်း (မူကွဲ ၅ မျိုး ရှိ၏)
၁။ မုံ့ရွေးဆရာတော်အမှတ်အသား
(၁)ဗြဟ္မာသက်၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)ပြရယ်၊ (၅)တောင်သူ၊ (၆)မြုံသက်၊ (၇) ကမ်းယံ။
၂။ ဘေးရွှေတောင်ဝန်မင်းကြီး မဟာမင်းထင်ရာဇာ အမှတ်အသား
(၁)ဗြဟ္မာသက်၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)ပြော့၊ (၅)တောင်သူ၊ (၆)ပြူသက်၊ (၇) ကမ်းယံ။
၃။ ဘေးငစဥ့်ကူး ထောင်အင်းစား အသုံးစာရေး မဟာမင်းလှသင်္ခယာ အမှတ်အသား
(၁)မြန်မာကြီး(ရခိုင်)၊ (၂)မြန်မာငယ်(ပြူ)၊ (၃)ထားဝယ်၊ (၄)ပရယ်၊ (၅)တောင်သူ၊
(၆)ပြုံးသက်၊ (၇) ကမ်းယံ။
၎။ နိုင်ငံခြားဝန်ထောက်မင်းအမှတ်အသား
(၁)မြန်မာ၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)မြုံ၊ (၅)တောင်သူ၊ (၆)ပြူ၊ (၇) ကမ်းယံ။
၅။ စဗ္မူတံဆိပ်နှင့် စွယ်စုံကျော်ထင်အဖြေအရ
(၁)မြန်မာ၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)ထရသ်၊ (၅)တောင်သူ၊ (၆)ပြော့၊ (၇) ကမ်းယံ။ ဟု ဖော်ပြတယ်။
ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပသော
(၁၈)ကြိမ်မြောက် ပြည်ထောင်စုနေ့ ( ၁၉၆၅ခုနှစ် ) ပြည်ထောင်စုနေ့အခမ်းအနားလမ်းညွှန်စာအုပ်မှ တိုင်းရင်းသား(၆၉)မျိုးစာရင်းတွင် (၃၇)ဗမာထားဝယ်လို့ဖော်ပြတယ်။
၁၉၉၈ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာနအဆိုအရ မြန်မာ ( ၉)မျိုးမှာပါတယ်။
နိုင်ငံခြားသားပညာရှင် ( ဒေါက်တာအဲလီဇဘက်မိုး၊ လန်ဒန်တက္ကသိုလ်)နှင့် နိုင်ငံသား ပညာရှင်၊သုတေ သီများ၏ လေ့လာတွေ့ရှိ ချက်များအရ ထားဝယ်ဒေသ ( ထားဝယ်ခရိုင် ) အတွင်း ကျောက်ခေတ်သစ်၊ ပျူခေတ်၊ ပုဂံခေတ်မှစတင်ကာ သမိုင်းတစ်လျောက် သမိုင်းဦးမှယနေ့တိုင်အောင် လူနေထိုင်ရာဒေသဖြစ်တယ်။
ထားဝယ်လူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများရှိသည်။ ကိုယ်ပိုင်နက္ခတ်၊ တာရာရှိသည်။
ထားဝယ်ဒေသရှေးရိုးရာအကများမှာ (၁)ရမ်းအက၊ (၂)ဒိန်း(ယိန်း)အကနှင့် အိုးစည်အကဆိုပြီး ရှိခဲ့တယ်။ ယခုအခါ ပျောက်ကွယ်လုလုဖြစ်နေသော ထားဝယ်ရိုးရာ ရမ်းအကကို ထားဝယ်ကျေးလက်ဒေသ အချို့တွင် နတ်ပွဲများတွင်သာတွေ့ရှိနိုင်တယ်။ ထားဝယ်ရိုးရာရေအိုးရွက်အကကို ပြည်ထောင်စုနေ့အခမ်း အနား များနှင့် သင်္ကြန်ကာလများတွင် ကပြလေ့ရှိတယ်။
ထားဝယ်ရိုးရာတေးများကို မြန်မာလိုဒိန်းဟုဆိုသည်။
ထားဝယ်တိုင်းရင်းသားများက ဒီးချင်းဟုခေါ်ပါ တယ်။
အခြေခံပညာကျောင်းသုံးစာအုပ်များတွင် ထားဝယ်တေး၊ ကျေးလက်ရိုးရာတေး၊ ထားဝယ်ဒိန်းသံဟု ဖော်ပြတယ်။ ယင်းဒီးချင်းများနှင့် တွဲဖက်တီးရသောခတ် မိချောင်းစောင်း၊ တယောများလည်းရှိတယ်။ ရှေးမင်းများလက်ထက်တွက်ထားဝယ်တေး၊ထားဝယ်အကဟူ၍ဖော်ပြတယ်။ ထားဝယ်တိုင်းရင်သားများပြောဆို နေကြသောထားဝယ်စကားကိုဒေသိယစကားအဖြစ် ပညာရှင်များက သတ်မှတ်တယ်။ ထို ဒေသိယစကားတွင် ပေါရာဏ၊ မြန်မာ၊ရှမ်း၊ မွန်စကားများရောစပ်လျက်ရှိတယ်။ သို့ရာတွင် မည်သည့် လူမျိုးများနှင့်မျှ မဆက်စပ် သော ထားဝယ်စကားစစ်စစ် စကားလုံးများလည်းတွေ့ရတယ်။
ထို့ပြင် ထားဝယ်ဒေသအတွင်း ရှေးကျသည့် နတ်ကိုးကွယ်မှု၊ မွေးဓလေ့၊ သေဓလေ့၊ မင်္ဂလာဆောင် ဓလေ့များ ပြုမူဆောင်ရွက်နေဆဲဖြစ်တယ်။ ထားဝယ်ဒေသအတွင်း ဘာသာရေးပွဲတော်များ၊ လူမှုရေးပွဲတော် များ၊ ရိုးရာဓလေ့ပွဲတော်များ ကျင်းပလေ့ရှိတယ်။
ထို့ကြောင့် ထားဝယ်သားတို့သည် မြန်မာနိုင်ငံအတွင်းနှစ်ပေါင်များစွာ နေထိုင်ရှင်သန်ခဲ့သည့် တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ပြီး ကိုယ်ပိုင်နယ်မြေ၊ ဒေသ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများရှိသည့် မြန်မာနိုင်ငံသားများဖြစ်တယ်။
သို့ဖြစ်ပါ၍ ထားဝယ်ဒေသ ( ထားဝယ်ခရိုင် ) အတွင်း နေထိုင်ကြသော ထားဝယ်များသည် ဒေသခံတိုင်းရင်သားများ(သို့) ဌာနေတိုင်းရင်းသားများဖြစ်ကြပါတယ်။
ဆရာဇော်သူရ
ထားဝယ်သည် လူမျိုးတစ်မျိုးဖြစ်သည်
Written By လွင့်မောင်မောင် on Thursday, October 3, 2013 | 8:48 PM
![]() |
| ဆရာ ဇော်သူရ |
၂၇.၉.၂၀၁၃ရက်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဆောက်အဦးမှာ လွှတ်တော်ဥက္ကဌကြီးဦးစီးပြီး ဆွေးနွေး ပွဲတစ်ခုလုပ်ပါသည်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ရေးဆွဲထားတဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းကို ဆွေးနွေးကြပါသည်။
ပါတီများ၊ ၈၈မျိုးဆက်၊ တိုင်းဒေ သကြီးလွှတ်တော်အမတ်တွေ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ဥပဒေချုပ်တွေသာမက ထွေ/အုပ်ဝန်ထမ်းတွေ၊ အစိုးရအဖွဲ့တွေ၊ လူထုအခြေပြုအဖွဲ့တွေတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ဒီဥပဒေကြမ်း အခန်း(၁) ပုဒ်မ(၂) အပိုဒ်(င)မှာ တိုင်းရင်းသားလူမျိုးများဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကို ပင်ရင်းနိုင်ငံအဖြစ်သတ်မှတ်၍ စဉ်ဆက်မပြတ်နေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ရှမ်းလူမျိုးများနှင့် ယင်းတို့၏ မျိုးနွယ်စုများကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားပြုခွင့်ရသူများ နှင့် ဧည့်နိုင်ငံသားများ မပါဝင်။ ဟု ဖော်ပြထားပါသည်။
ကျွန်တော်တို့ ထားဝယ်လူမျိုးတွေ တိုင်းရင်းသား ဟုတ်မဟုတ် စဉ်းစားကြည့်ပေါ့။
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဒေသခံတိုင်းရင်းသားဆိုတဲ့သတ်မှတ်ချက်ကိုလည်း
လေ့လာစေချင်ပါသည်။
ILO ၏ အဆိုအရ နိုင်ငံတစ်နိုင်ငံရှိ အခြားသောလူမှုအဖွဲ့အစည်းများနှင့် မတူညီသော လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွါးရေးအခြေအနေရှိသည့်အပြင် ကိုယ်ပိုင် ဓလေ့ထုံးတမ်းများ၊ ဥပဒေများကို ကျင့်သုံးနေထိုင်သည့် လူများ ဟု ဖော်ပြသည်။
ထို့ပြင် နိုင်ငံ၏ နယ်နမိတ်အတွင်း နိုင်ငံသားများအဖြစ်သတ်မှတ်ခြင်းခံထားရသည့် နေထိုင်သူ များမှ ဆင်းသက်ပေါက်ဖွါးလာသူများဖြစ်ပြီး ပထ၀ီဒေသအလိုက် ကိုယ်ပိုင်ယဉ်ကျေးမှု၊ လူမှု ရေး၊ စီးပွါးရေး နှင့် နိုင်ငံရေး ဆောင်ရွက်နေသော လူများကို ဒေသခံတိုင်းရင်းသားများ (သို့)
ဌာနေတိုင်းရင်း သားများဟု ဆိုပါသည်။
ပညာရှင်တစ်ဦး၏ လေ့လာမှု ( Mortinez Cobo study )အရ လူမျိုးတစ်ဦး၏ ကိုယ်ပိုင်သမိုင်းကြောင်း၊ ရှေးအစဉ်အဆက်နေထိုင်ရာဒေသ၊ လူမျိုးတစ်ခုအဖြစ်သတ်မှတ်ခြင်း၊ ယခုအချိန်တိုင် ယင်းသတ်မှတ်ချက်များ တည်ရှိနေသေးခြင်းစသော အချက်များကို ဖော်ပြထားပါတယ်။
အများအားဖြင့် ဒေသခံတိုင်းရင်းသားများ(သို့) ဌာနေတိုင်းရင်းသားများဖြစ်ကြောင်းကို အောက်ဖော်ပြပါ အချက်အလက်များဖြင့် သတ်မှတ်နိုင်ပါသည်။
(၁) နိုင်ငံတစ်ခု၏နယ်မြေအတွင်း နှစ်ပေါင်းများစွာ (သို့)အစဉ်အဆက်လက်ခံထားပြီး ယခုအချိန်တိုင် တည်ရှိနေသော နိုင်ငံသားအဖြစ်လည်းကောင်း၊ လူမျိုးတစ်မျိုးအဖြစ်လည်းကောင်း သတ်မှတ်ခံထားရသူများမှ ဆင်းသက်ပေါက်ဖွါးလာသူများ၊
(၂) ပထ၀ီအနေအထားအရ ကိုယ်ပိုင်ဒေသအဖြစ်သတ်မှတ်ခံရပြီး ယင်းဒေသအတွင်းနေထိုင်သူများ၊
(၃) ကိုယ်ပိုင်သမိုင်းကြောင်းရှိခြင်း၊
(၄) ကိုယ်ပိုင်ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုနှင့် စီးပွါးရေးလုပ်ငန်းများရှိခြင်း။
*******************************************************************
ထားဝယ်သည် သီးခြားနယ်မြေဖြစ်သည်။
ပထ၀ီအနေအထားထားဝယ်ဟူသည် လူမျိုးကို လည်းကောင်း၊ ဒေသကိုလည်းကောင်း ရည်ညွှန်းခေါ်ဆိုသော အမည်ဖြစ်သည်။ အများအားဖြင့် ထားဝယ်ဒေသဆိုသည်မှာ ထားဝယ်ခရိုင်ကို ဆိုလိုပါသည်။ ထားဝယ်ခရိုင်သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းတည်ရှိပါသည်။
ထားဝယ်ခရိုင်သည် ဧရိယာစတုရန်းမိုင် ( ၅၄၀၇.၀၉ )မိုင် ကျယ်ပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်၊ မြောက်ဘက်တွင် မွန်ပြည်နယ် နှင့် တောင်ဘက်တွက် မြိတ်ခရိုင်တို့က ၀န်းရံထားသည်။
ထားဝယ်ခရိုင်ကို ထားဝယ်မြို့နယ်၊ရေဖြူမြို့နယ်၊သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်နှင့်
မေတ္တာ မြို့နယ်ခွဲ၊ကလိန်အောင်မြို့နယ်ခွဲတို့ဖြင့် ဖွဲ့စည်းထားတယ်။မိုင်(၁၂၀)ကျော်ရှည်သော ထားဝယ်မြစ်တည်ရှိပြီး ယင်းမြစ်ဝှမ်းဒေသတွင် ထားဝယ်လူမျိုးများ အခြေချနေထိုင်ကြပါသည်။
၂၀၁၂ခုနှစ် ထားဝယ်ခရိုင်ပြန်တမ်းအရ ထားဝယ်ခရိုင်အတွင်း လူဦးရေ (၈)သိန်းခန့်နေထိုင်ကြ၏။
အစောဆုံး ထားဝယ်ဒေသအပိုင်းအခြားကို စမ္ဗူဒီပဥဆောင်းကျမ်း ( ၂ ၊၂၊ ၁၆၃၈ ) အရ
အရှေ့ကိုလားသော် ထားရိုက်က ကျသည့်မြစ် ( တနင်္သာရီမြစ်)
တောင်ကိုလားသော် တနင်္သာရီမြေနှင့် ကျောခိုင်း ( ပြည်ခြားကျေးရွာ)
အနောက်ကိုလားသော် ရှင်သူငယ်မော် မောင်းမကန် အနောက်ပင်လယ်
မြောက်ကိုလားသော် ငှက်ရိုးတော ( မလွဲတောင် )
ဟူ၍ ဖော်ပြပါသည်။ ယခုခေတ် ထားဝယ်ခရိုင်ဖွဲ့စည်းပုံ ခန့်ကျယ်ဝန်းပါသည်။
(၁)အလောင်းစည်သူမင်းလက်ထက် ပြည်ထောင်(၂၀)ရှိသည့်အနက် စစ်သည်အင်အား(၂)သိန်းပြုရ သည့်တိုင်းပြည်အဖြစ်လည်းကောင်း၊ (၂)မှန်နန်းရာဇ၀င်ဟံသာဝတီဆင်ဖြူရှင်လက်ထက်ပြည်ကြီး(၅၀)စာရင်းတွင်ဒါးဝယ်ဟူ၍ လည်းကောင်း၊
(၃) ကောဇာသက္ကရာဇ် ( ၁၁၃၀ခု) (ခရစ် ၁၇၃၈နှစ်)ကုန်းဘောင်ခေတ်ဆင်ဖြူရှင်မင်းရေးထိုးခဲ့သော ပုဂံရွှေစည်းခုံ ထီးတော်တင်ကျောက်စာပါ ပြည်ကြီး(၁၈)ပြည်တွင် ဒ၀ယ်ပြည်ဟူ၍ လည်းကောင်း၊ စသည်ဖြင့် တိုင်းကြီးပြည်ကြီးအဖြစ် ဖော်ပြခဲ့ပါတယ်။
ထားဝယ်တိုင်းရင်းသားများသည် အသက်မွေးဝမ်းကြောင်းမှုအတွက် ကုန်သွယ်လယ်လုပ်၊ ယာခုတ်၊ ဥယျာဉ်စိုက်ခြင်း၊ ငှက်သိုက်၊ဆီအုန်း၊ သီဟိုဠ်စေ့၊ ရာဘာ၊ကြိမ်၊ရေလုပ်ငန်းနှင့် သတ္ထုတွင်းလုပ်ငန်းများကို လုပ်ကိုင်ကြ၏။
ထားဝယ်သည် လူမျိုးတစ်မျိုးဖြစ်သည်။
ထားဝယ်တိုင်းရင်းသားများသည် တိဗက်ဗမာအုပ်စုမှ မြန်မာလူမျိုးအုပ်စုဝင်ဖြစ်တယ်။ မြန်မာတို့နှင့် ကိုးကွယ်ယုံကြည်မှု ဓလေ့ ယဉ်ကျေးမှု ၀တ်စားဆင်ယင်မှုတို့တွင် တူညီကြသည်။ရှေးဗမာဟန်ကို ထိန်းသိမ်း ခဲ့ကြ၏။
အာဒိကပ္ပကျမ်း တွင်
သက်နှင့်ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပြူ ကမ်းယံယော၊ ထားဝယ်နှောက၊ မျိုးသတ္တ ဟုဖော်ပြ၏။
လောကဟိတရာသီကျမ်း တွင်
လူမျိုး(၁၀၁)ပါးစာရင်းအရ မြန်မာ(ရ)မျိုး
(၁) မြန်မာ၊ (၂)ပြူ၊ (၃)ကမ်းယံ၊ (၄)ယော၊ (၅)ရခိုင်၊ (၆)တောင်သူ၊ (၇)ထားဝယ်ဟုလည်း ဖော်ပြထားသေး၏။
မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း(ဒုတိယပိုင်း) တွင်
မြန်မာ(၇)မျိုးစာရင်း (မူကွဲ ၅ မျိုး ရှိ၏)
၁။ မုံ့ရွေးဆရာတော်အမှတ်အသား
(၁)ဗြဟ္မာသက်၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)ပြရယ်၊ (၅)တောင်သူ၊ (၆)မြုံသက်၊ (၇) ကမ်းယံ။
၂။ ဘေးရွှေတောင်ဝန်မင်းကြီး မဟာမင်းထင်ရာဇာ အမှတ်အသား
(၁)ဗြဟ္မာသက်၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)ပြော့၊ (၅)တောင်သူ၊ (၆)ပြူသက်၊ (၇) ကမ်းယံ။
၃။ ဘေးငစဥ့်ကူး ထောင်အင်းစား အသုံးစာရေး မဟာမင်းလှသင်္ခယာ အမှတ်အသား
(၁)မြန်မာကြီး(ရခိုင်)၊ (၂)မြန်မာငယ်(ပြူ)၊ (၃)ထားဝယ်၊ (၄)ပရယ်၊ (၅)တောင်သူ၊
(၆)ပြုံးသက်၊ (၇) ကမ်းယံ။
၎။ နိုင်ငံခြားဝန်ထောက်မင်းအမှတ်အသား
(၁)မြန်မာ၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)မြုံ၊ (၅)တောင်သူ၊ (၆)ပြူ၊ (၇) ကမ်းယံ။
၅။ စဗ္မူတံဆိပ်နှင့် စွယ်စုံကျော်ထင်အဖြေအရ
(၁)မြန်မာ၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)ထရသ်၊ (၅)တောင်သူ၊ (၆)ပြော့၊ (၇) ကမ်းယံ။ ဟု ဖော်ပြတယ်။
ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပသော
(၁၈)ကြိမ်မြောက် ပြည်ထောင်စုနေ့ ( ၁၉၆၅ခုနှစ် ) ပြည်ထောင်စုနေ့အခမ်းအနားလမ်းညွှန်စာအုပ်မှ တိုင်းရင်းသား(၆၉)မျိုးစာရင်းတွင် (၃၇)ဗမာထားဝယ်လို့ဖော်ပြတယ်။
၁၉၉၈ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာနအဆိုအရ မြန်မာ ( ၉)မျိုးမှာပါတယ်။
နိုင်ငံခြားသားပညာရှင် ( ဒေါက်တာအဲလီဇဘက်မိုး၊ လန်ဒန်တက္ကသိုလ်)နှင့် နိုင်ငံသား ပညာရှင်၊သုတေ သီများ၏ လေ့လာတွေ့ရှိ ချက်များအရ ထားဝယ်ဒေသ ( ထားဝယ်ခရိုင် ) အတွင်း ကျောက်ခေတ်သစ်၊ ပျူခေတ်၊ ပုဂံခေတ်မှစတင်ကာ သမိုင်းတစ်လျောက် သမိုင်းဦးမှယနေ့တိုင်အောင် လူနေထိုင်ရာဒေသဖြစ်တယ်။
ထားဝယ်လူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများရှိသည်။ ကိုယ်ပိုင်နက္ခတ်၊ တာရာရှိသည်။
ထားဝယ်ဒေသရှေးရိုးရာအကများမှာ (၁)ရမ်းအက၊ (၂)ဒိန်း(ယိန်း)အကနှင့် အိုးစည်အကဆိုပြီး ရှိခဲ့တယ်။ ယခုအခါ ပျောက်ကွယ်လုလုဖြစ်နေသော ထားဝယ်ရိုးရာ ရမ်းအကကို ထားဝယ်ကျေးလက်ဒေသ အချို့တွင် နတ်ပွဲများတွင်သာတွေ့ရှိနိုင်တယ်။ ထားဝယ်ရိုးရာရေအိုးရွက်အကကို ပြည်ထောင်စုနေ့အခမ်း အနား များနှင့် သင်္ကြန်ကာလများတွင် ကပြလေ့ရှိတယ်။
ထားဝယ်ရိုးရာတေးများကို မြန်မာလိုဒိန်းဟုဆိုသည်။
ထားဝယ်တိုင်းရင်းသားများက ဒီးချင်းဟုခေါ်ပါ တယ်။
အခြေခံပညာကျောင်းသုံးစာအုပ်များတွင် ထားဝယ်တေး၊ ကျေးလက်ရိုးရာတေး၊ ထားဝယ်ဒိန်းသံဟု ဖော်ပြတယ်။ ယင်းဒီးချင်းများနှင့် တွဲဖက်တီးရသောခတ် မိချောင်းစောင်း၊ တယောများလည်းရှိတယ်။ ရှေးမင်းများလက်ထက်တွက်ထားဝယ်တေး၊ထားဝယ်အကဟူ၍ဖော်ပြတယ်။ ထားဝယ်တိုင်းရင်သားများပြောဆို နေကြသောထားဝယ်စကားကိုဒေသိယစကားအဖြစ် ပညာရှင်များက သတ်မှတ်တယ်။ ထို ဒေသိယစကားတွင် ပေါရာဏ၊ မြန်မာ၊ရှမ်း၊ မွန်စကားများရောစပ်လျက်ရှိတယ်။ သို့ရာတွင် မည်သည့် လူမျိုးများနှင့်မျှ မဆက်စပ် သော ထားဝယ်စကားစစ်စစ် စကားလုံးများလည်းတွေ့ရတယ်။
ထို့ပြင် ထားဝယ်ဒေသအတွင်း ရှေးကျသည့် နတ်ကိုးကွယ်မှု၊ မွေးဓလေ့၊ သေဓလေ့၊ မင်္ဂလာဆောင် ဓလေ့များ ပြုမူဆောင်ရွက်နေဆဲဖြစ်တယ်။ ထားဝယ်ဒေသအတွင်း ဘာသာရေးပွဲတော်များ၊ လူမှုရေးပွဲတော် များ၊ ရိုးရာဓလေ့ပွဲတော်များ ကျင်းပလေ့ရှိတယ်။
ထို့ကြောင့် ထားဝယ်သားတို့သည် မြန်မာနိုင်ငံအတွင်းနှစ်ပေါင်များစွာ နေထိုင်ရှင်သန်ခဲ့သည့် တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ပြီး ကိုယ်ပိုင်နယ်မြေ၊ ဒေသ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများရှိသည့် မြန်မာနိုင်ငံသားများဖြစ်တယ်။
သို့ဖြစ်ပါ၍ ထားဝယ်ဒေသ ( ထားဝယ်ခရိုင် ) အတွင်း နေထိုင်ကြသော ထားဝယ်များသည် ဒေသခံတိုင်းရင်သားများ(သို့) ဌာနေတိုင်းရင်းသားများဖြစ်ကြပါတယ်။
ဆရာဇော်သူရ
11:54 AM
အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့မတူတဲ့ ကွဲပြားမှုတွေ ရှိကြတာ ပြောဖို့လိုမယ် မထင်ပါဘူး။ ငယ်ရွယ်စဉ် မသိသာသေးပေမယ့် အပျိုဖော်၊ လူပျိုပေါက် ဝင်ပြီးတဲ့နောက်မှာတော့ ပိုမိုသိသာထင်ရှား လာတယ်။အသံအနေအထား စတင်ပြောင်းလဲလာတယ်။ အမွှေးအမျှင်တွေ ပေါက်ရောက်လာတယ်။အတွေးအခေါ်၊ အမူအကျင့်၊ ကိုယ်နေဟန်ထား ပြောင်းလဲလာတယ်။ ကွဲပြားချက်တွေထဲမှာ အမျိုးသားတွေမှာသာ ပါရှိတဲ့ ဆီးကျိတ်ကလည်း တခုပါ။ အသက်ကြီးလေ ပိုမိုသိလေ ဆိုချင်ကြသူတွေအတွက် ဆီးကျိတ်က ဥပမာကောင်းတခု ဖြစ်ပါလိမ့်မယ်။ အသက်ကြီးသူများဟာ ဆီးကျိတ်အကြောင်းပိုသိလာသလို ဝေဒနာတွေ ခံစားလာရတယ်။ဆီးကျိတ်ရောင်ခြင်းက အသက်ငါးဆယ်ကျော် ခြောက်ဆယ်အရွယ် အမျိုးသားတွေကို ဒုက္ခကောင်းကောင်းပေးတတ်ပါတယ်။
အသက်ခြောက်ဆယ်ကျော် အမျိုးသားတွေရဲ့ ထက်ဝက်ခန့်ဟာ ဆီးကျိတ်ရောင်ရောဂါ ဖြစ်တတ်ကြပေမယ့် ဖြစ်သူစုစုပေါင်းရဲ့ ၁၀ရာခိုင်နှုန်းခန့်သာ ဆေးကုသဖို့ လိုတယ်ဆိုတဲ့ အချက်က စိတ်သက်သာစေပါတယ်။ ဆီးကျိတ်ရောင်တယ်လို့ အလွယ်ပြောကြပေမယ့် ဆီးကျိတ်ကြီးတယ် ဆိုတာကမှ အမှန်တရားနဲ့ ပိုမိုနီးစပ်ပါတယ်။ ဆေးပညာအခေါ်အဝေါ်အရကို benign prostatic hyperplasia (BPH)လို့ ဆိုတာကိုး။ hyperplasia ဆိုတာက ဆဲလ်တွေ ပုံမှန်ထက်များပြားလာပြီး ကြီးထွားတယ် ဆိုတဲ့အဓိပ္ပါယ်မျိုး သက်ရောက်ပါတယ်။ ဆီးကျိတ်ရောင်တယ်ဆိုရင်ပဲ BPH ကို ရည်ညွန်းမှန်း နားလည်ကြပါတယ်။
ဆီးကျိတ်ဆိုတာ ဘာလဲ။
--------------------------
ဆီးကျိတ်ဟာ ဆီးအိမ်ရဲ့အောက်ဖက် ကပ်လျက်မှာတည်ရှိပြီး ဆီးပြွန်ကို ဝန်းရံထားတယ်။ ဆီးအိမ်နဲ့ တဆက်တည်းဖြစ်တဲ့ ဆီးသွားပြွန်ဟာ ဆီးကျိတ်ကို ဖြတ်သန်းပြီး သွားရတယ်။ အမျိုးသားတွေမှာသာ ပါရှိပြီး ပုံမှန်အရွယ်အစားအားဖြင့် သစ်ကြားသီး(သို့) ကွမ်းသီးလုံးခန့်သာ ရှိပါတယ်။ ဆီးကျိတ်ဟာ အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း ထူပြီးရောင်လာတယ်။ အရွယ်အစားဟာ ပုံမှန်ထက် နှစ်ဆ၊ သုံးဆခန့်ရှိတဲ့အခါမှာ ရောဂါလက္ခဏာ စတင်ပြသတော့တယ်။ နောက်ဆုံးမှာ သူဝန်းရံထားတဲ့ ဆီးပြွန်ကို ညှစ်တဲ့အခါ ဆီးကောင်းကောင်း မသွားနိုင်တော့ဘဲ ဒုက္ခပေးတော့တယ်။ အများအားဖြင့် ရောဂါလက္ခဏာစတင်ပေါ်ပေါက်မှသာ သတိထားမိတတ်ကြတယ်။ ဆီးကျိတ်ဟာ လူပျိုပေါက်အရွယ်မှာ တကြိမ်၊ အသက်သုံးဆယ်ကျော်အရွယ်မှာ တကြိမ် စုစုပေါင်း နှစ်ကြိမ် ကြီးထွားပါတယ်။ အသက်သုံးဆယ်ကျော်အရွယ်က စတင် ကြီးထွားတဲ့ ဆီးကျိတ်ဟာ အသက်ငါးဆယ်ကျော်ခန့်မှသာ ရောဂါလက္ခဏာ သိသာထင်ရှားကြတယ်။
ဆီးကျိတ်ရောင်တာ ဘာကြောင့်ဖြစ်သလဲ။
--------------------------------------------
ဖြစ်စေတဲ့အကြောင်းရင်းကို အတိအကျ မသိသေးပါ။ သီအိုရီများ၊ ယူဆချက်များအရ အသက်အရွယ်ကြီးရင့်၍ ဆီးကျိတ်ကြွက်သားများ ထူလာခြင်းကြောင့် ဖြစ်ပေါ်စေသလို ဟော်မုန်းဓာတ် ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်စေပါတယ်။ အမျိုးသား ဟော်မုန်း တက်စတိုစတီရုန်း(testosterone) ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်စေသည်ဟု လက်ခံထားသည်။ဟော်မုန်းဓာတ်နှင့်ဆိုင်သော သောက်ဆေးများပေးသောအခါ ဆီးကျိတ်ကြီးထွားမှုကို သိသာစွာလျော့နည်းစေသည်။ ထို့ပြင် အစားအသောက်၊ အနေအထိုင်နှင့်လည်း ဆက်စပ်မှုရှိပြန်သည်။
ဆီးကျိတ်ရောင်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။
--------------------------------------------------------
တဖြည်းဖြည်း ကြီးထွားလာတဲ့ ဆီးကျိတ်ဟာ ဆီးပြွန်ကို ဖိညှစ်ပြီး ပိတ်ထားတဲ့အတွက် ဆီးတွေဟာ ဆီးအိမ်ထဲ ပြန်ရောက်ပြီး ရောဂါလက္ခဏာတွေ စတင်ခံစားရပါတယ်။ ဒါ့အပြင် ဆီးအိမ်အထွက်မှာ ဖိညှစ်ထားတဲ့အတွက် ဆီးအိမ်ကို တင်းစေတဲ့ အပြင် ဆီးကောင်းကောင်းမသွားနိုင် ဖြစ်ရတယ်။ လက္ခဏာရပ်တွေကို ခြုံကြည့်ရင်
- ဆီးအိမ်တင်းတာ၊
-ဆီးကောင်းကောင်းသွားမရတာ၊
-ဆီးသွားပြီးတိုင်း ဆီးကျန်တာ၊
-အရင်ကထက် ပိုညှစ်ရတာ၊
-ညှစ်တဲ့အခါ ဆီးလုံးပိုသေးတာ၊
-ဆီးကအဝေးမရောက်တာ၊
-ဆီးမထိန်းနိုင်တာ၊
-မကြာခဏဆီးသွားချင်စိတ်ပေါ်တာ၊
-ဆီးသွားပြီးခါနီးရင် တစက်စက်ကျတာ၊
-သွားချင်စိတ်ရှိပေမယ့် တော်တော်နဲ့မထွက်တာ၊
-အရင်ကထက် ဆီးအကြိမ်ရေတွက် ပိုများတာ စ တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကုသမှုမရှိရင် ရောဂါလက္ခဏာတွေဟာ ပိုပိုပြီးဆိုးလာတတ်ပါတယ်။ နောက်ပိုင်းမှာ နောက်ဆက်တွဲဆိုးကျိုးတွေပါ လိုက်လာတော့တယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ဆီးအနည်ထိုင်ခြင်းမှတဆင့် ဆီးအိမ်ကျောက်တည်ခြင်း၊ဆီးမထုတ်နိုင်ခြင်း၊ နောက်ဆုံး ကျောက်ကပ် ပျက်ဆီးခြင်းတို့ကြောင့် အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ရောဂါလက္ခဏာ ပေါပေါက်လာတာနဲ့ အမြန်ဆုံး ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးကုသမှုခံယူသင့်ပါတယ်။
ဘယ်လိုအချိန်မှာ ကုသမှုခံယူရမလဲ။
---------------------------------------
အမျိုးသားများဟာ အသက် ငါးဆယ်ကျော်တာနဲ့ ဆီးကျိတ် ရောဂါဖြစ်နိုင်သူများ အဖြစ်သတ်မှတ်ပါတယ်။ ဒါ့ကြောင့် အသက်ငါးဆယ်ကျော်လျင် ရောဂါလက္ခဏာမရှိပေမယ့် တနှစ်တခါ ဆေးစစ်သင့်ပါတယ်။ တခါတရံ ဆေးစစ်ရင်း မတော်တဆ တွေ့တာမျိုးလည်း ရှိတတ်ပါတယ်။ ကြိုသိတဲ့အခါ ဆေးစား ဆေးသောက်ရုံနဲ့ သက်သာသွားတတ်ပါတယ်။ ရောဂါသိပ်ဆိုးလာမှ ကုသတဲ့အခါ ခွဲစိတ်ရတာ၊ခြစ်ထုတ်ရတာမျိုး လုပ်ရတတ်ပါတယ်။ ရောဂါလက္ခဏာနဲ့ ဆီးလမ်းကြောင်းပိတ်တဲ့အခြေအနေကို ကြည့်ပြီး ကုသဖို့ သတ်မှတ်ချက်တွေ ရှိပါတယ်။ international prostate symptom score(IPSS) အပြည်ပြည်ဆိုင်ရာ ဆီးကျိတ်လက္ခဏာ သတ်မှတ်ချက်တွေအရ ရောဂါ ကုသင့်၊ မကုသင့် ဆုံးဖြတ်ပါတယ်။
အဆင့်လေးဆင့် သတ်မှတ် ပြဌာန်းပါတယ်။
အဆင့်(၁) ရောဂါလက္ခဏာ မရှိသလို ဆီးလမ်းကြောင်း ပိတ်ဆို့မှု မရှိတဲ့ အဆင့်၊
အဆင့်(၂) ဆီးလမ်းကြောင်းနဲ့ဆိုင်တဲ့ လက္ခဏာတွေရှိပေမယ့် ဆီးလမ်းကြောင်း ပိတ်ဆို့မှုမရှိတဲ့အဆင့်၊
အဆင့်(၃) ဆီးလမ်းကြောင်း ပိတ်ဆို့တဲ့အဆင့်၊
အဆင့်(၄) ဆီးကျိတ်ရောင်တာ ကြာရှည်တဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးတွေ ပေါ်ပေါက်လာတဲ့အဆင့်၊
ရောဂါအဆင့်(၁)မှာ ကုသမှုမလိုသေးဘဲ ဆရာဝန်ရဲ့ အနီးကပ်စောင့်ကြပ်မှုနဲ့ အစားအသောက်၊ အနေအထိုင် ဆင်ခြင်ဖို့သာ လိုအပ်ပါတယ်။ ဆေးစစ်မှုကို အချိန်မှန်မှန် လုပ်သင့်ပါတယ်။
အဆင့်(၂)မှာ ရောဂါလက္ခဏာသက်သာအောင် ဆေးပေးမှုတွေ လိုအပ်ပါတယ်။
အဆင့်(၃)မှာ ဆီးလမ်းကြောင်းပိတ်ဆို့တဲ့အတွက် ခွဲစိတ်ပြီး ဖြတ်ထုတ်တာ၊ ခြစ်ပစ်ရတာ၊heat အပူစွမ်းအင်ပေးကုသတာ၊ waveနဲ့ ကုသတာ၊ ethanolအရည်ထိုးထဲ့ပြီး အသားကို ရှုံ့စေတာ စသဖြင့် အမျိုးမျိုးအဖုံဖုံပေးပြီး ကုသကြပါတယ်။
အဆင့်(၄)မှာ နောက်ဆက်တွဲဆိုးကျိုးတွေဝင်ရောက်လာတဲ့အတွက် ခွဲစိတ်ဖြတ်ထုတ်ဖို့ လိုအပ်ပါတယ်။ ဆီးအိမ်ကျောက်တည်တာ၊ နောက်ဆုံးကျောက်ကပ် အလုပ်မလုပ်တာတွေထိပါလာပြီဖြစ်လို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် မလုပ်မဖြစ်လုပ်ရမယ်လို့ အကြံပြုထားပါတယ်။
ဘယ်လိုကုသနည်းတွေနဲ့ ကုသသလဲ။
-----------------------------------------
အဆင့် (၂) ကစပြီး ကုသဖို့ လိုအပ်ပါပြီ။ ဆီးကျိတ်ဆေးပေးတဲ့အခါ လက္ခဏာတွေကို သက်သာစေတဲ့ alpha blocker သောက်ဆေး အမျိုးအစားနဲ့ ဆီးကျိတ်အရွယ်အစားကို သေးငယ်စေတဲ့ 5-alpha reductase inhibitor ဆေးတွေကို အဓိက အသုံးပြုကြပါတယ်။ ပထမဆေးအမျိုးအစားက ဆီးကျိတ်ကြွက်သားတွေနဲ့ ဆီးအိမ်ကြွက်သားတွေကို ပြေလျှော့စေပြီး ရောဂါလက္ခဏာကို သက်သာစေပါတယ်။ tamsulosin,alfuzosin,prazosin,doxazosin,terazosin စတဲ့ဆေးတွေကို အသုံးပြုကြပါတယ်။ tamsulosin နဲ့ alfuzosin တို့က ဆီးကျိတ်အတွက် အဓိကအသုံးပြုတဲ့ဆေးတွေ ဖြစ်ပါတယ်။ testosterone ကျားဟော်မုန်းက DHT(dihydrotesterone) ကို ပြောင်းလဲပေးတဲ့ အင်ဇိုင်းဓာတ်(5alpha- reductase)ကို တားမြစ်စေခြင်းကြောင့် ဆီးကျိတ်ရဲ့အရွယ်အစားကို သေးငယ်စေပါတယ်။ finasteride,dutasteride စတဲ့ဆေးတွေကို ၆လမှ တနှစ်ထိ သောက်သုံးတဲ့အခါ ဆီးကျိတ်အရွယ်အစားကို ၄ပုံ ၁ပုံခန့် လျှော့ကျစေတယ်လို့ ဆိုပါတယ်။ သို့သော် အဆိုပါဆေးများဟာ ရေရှည်သောက်သုံးဖို့ လိုအပ်သလို side effect ဘေးထွက်ဆိုးကျိုးတွေလဲ ပိုမိုခံစားရတတ်ပါတယ်။ ပန်းသေပန်းညှိုးအတွက် အသုံးပြုသော sildenafil,ကြွက်သားများပျော့ပျောင်းစေသည့် tolterodine တို့ကိုလည်း သုံးစွဲသူက သုံးကြသည်။ဆီးကျိတ်မှာ အဆိုပါသောက်ဆေးများအပြင် herbal တိုင်းရင်းဆေးများကိုလည်း အသုံးပြုတတ်ကြပါတယ်။ အသုံးအများဆုံးနှင့် နာမည်အကျော်ကြားဆုံးတိုင်းရင်းဆေးမှာ saw palmetto (မြန်မာအခေါ် ဆေးထန်းပင်သီး ) ဖြစ်သည်။ ဆေးထန်းပင်သီးမှ ထုတ်သည့် အဆီအနှစ်သည် ရောင်ရမ်းခြင်းကိုကျဆင်းစေသည့်အပြင် ဆီးကျိတ်အရွယ်အစားကိုပါ သေးငယ်စေသည်။ သို့သော် အမေရိကား FDA ကမူ လက်မခံသေးဘဲ ထပ်မံစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်သင့်သည်ဟု သတိပေးထားသည်။ အခြားတိုင်းရင်းဆေးများစွာကိုလည်း ဆီးကျိတ်အတွက် အသုံးပြု ကြသည်။
အဆင့်(၃) ရောဂါအတွက် ဆီးလမ်းကြောင်းပိတ်ဆို့မှုကို သက်သာစေသည့် ဆီးကျိတ်အတွင်းနံရံကို ဖြတ်ထုတ်ပစ်သည့် TURP(transurethral resection of prostate ) ခွဲစိတ်နည်းကို အသုံးပြုကြသည်။အခြားနည်းများမှာ စွမ်းအင်လှိုင်းသုံး၍ကုသခြင်း(transurethral microwave therapy)၊အပူပေးကုသခြင်း(transurethral needle ablation)၊ laser နှင့် ကုသခြင်း၊ ethanol ထိုးထဲ့၍ ကုသခြင်း၊ စသဖြင့် အမျိုးမျိုး ကုသနိုင်သည်။
ဘယ်လိုနေထိုင်စားသောက်ဖို့ လိုသလဲ။
-------------------------------------------
ဆေးမလိုသေးသူတွေဟာ အနေအထိုင်၊ အစားအသောက် ဆင်ခြင်ရုံနဲ့ သက်သာတတ်ပါတယ်။
-ဆီးသွားချင်စိတ် ပေါ်တာနဲ့ ဆီးသွားထားပါ။
-အရက်၊ကော်ဖီ ရှောင်ကြဉ်သင့်တယ်။အထူးသဖြင့် ညပိုင်းတွေမှာ ပိုမိုသတိထားရတယ်။
-တကြိမ်ထဲနဲ့ ဗိုက်တင်းအောင် ရေအဝ မသောက်ပါနဲ့။ နဲနဲစီခွဲပြီး မကြာခဏ သောက်သုံးသင့်တယ်။
-ညမအိပ်ခင် နှစ်နာရီအတွင်း ရေသောက်ခြင်းမှ ရှောင်ကြဉ်ပါ။
-အေးတဲ့ရာသီဥတုက ဆီးသွားစေတဲ့အတွက် နွေးနွေးထွေးထွေး နေပါ။
-ကိုယ်လက်လှုပ်ရှား အားကစားကို ပုံမှန်လုပ်ဆောင်သင့်တယ်။
-အအေးမိနှာစေး ပျောက်ဆေးတွေကို သတိနဲ့သောက်သုံးသင့်တယ်။
-တင်ပဆုံကြွက်သားလေ့ကျင့်ခန်း(kegel exercise) က ဆီးကျိတ်ရောဂါအတွက် သင့်တော်တယ်လို့ ဆိုပါတယ်။
-မကြာခဏစိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှုများခြင်းက ဆီးသွားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေလို့ သတိထားသင့်တယ်။
ရှောင်ကြဉ်သင့်တဲ့အစားအစာတွေက အဆီအဆိမ့်များတဲ့ အစားအစာတွေ၊ကစီဓာတ်များတဲ့ အစားအစာ၊ ထောပတ်၊ချီးစ်၊မာဂျရင်း၊ ကော်ဖီ၊ အရက်၊ ဘီယာ၊ ဆေးလိပ် စတာတွေ ဖြစ်ပါတယ်။
စားသုံးသင့်တဲ့ အစားအစာတွေက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ငါး၊ ပန်းသီး၊ စပျစ်သီး၊ ဖရုံသီး၊ ကြက်သွန်နီ၊ ပဲပုတ်၊ လက်ဖက်စိမ်းရွက်(စို၊ခြောက်)စသည်တို့ ဖြစ်ပါတယ်။ omega3 ပါတဲ့ အစားအသောက်၊ဆေးဝါးတွေကို သောက်သုံးသင့်တယ်။ ဝမ်းမချုပ်စေဖို့တော့ အထူးဂရုပြုသင့်တယ်။ နောက်ဆုံးအနေနဲ့ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်နဲ့သာ သောက်သုံးသင့်ကြောင်း အကြံပေးပါရစေ။
ဒေါက်တာ အေးမင်းထူး
ဆေးပညာဆိုင်ရာဆောင်းပါးများhttps://www.facebook.com/HealthArticles2013
ဇရာအိုနဲ့ ဆီးကျိတ်ရောင် ရောဂါ

ဆေးနှင့်ကျန်းမာရေး
တစ်ပတ်အတွင်းဒိုင်ယာရီ
-
▼
2022
(1)
- ▼ 12/04 - 12/11 (1)
-
►
2021
(6)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (1)
- ► 07/25 - 08/01 (1)
- ► 07/11 - 07/18 (3)
-
►
2016
(8)
- ► 05/08 - 05/15 (1)
- ► 03/27 - 04/03 (1)
- ► 03/13 - 03/20 (2)
- ► 02/21 - 02/28 (2)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
-
►
2015
(32)
- ► 12/27 - 01/03 (1)
- ► 12/13 - 12/20 (4)
- ► 11/22 - 11/29 (2)
- ► 07/19 - 07/26 (1)
- ► 04/19 - 04/26 (3)
- ► 04/12 - 04/19 (2)
- ► 04/05 - 04/12 (2)
- ► 03/08 - 03/15 (3)
- ► 03/01 - 03/08 (1)
- ► 02/22 - 03/01 (3)
- ► 02/15 - 02/22 (3)
- ► 02/01 - 02/08 (4)
- ► 01/25 - 02/01 (3)
-
►
2014
(10)
- ► 09/21 - 09/28 (1)
- ► 07/13 - 07/20 (1)
- ► 05/25 - 06/01 (1)
- ► 04/13 - 04/20 (2)
- ► 03/30 - 04/06 (1)
- ► 02/16 - 02/23 (2)
- ► 02/09 - 02/16 (2)
-
►
2013
(70)
- ► 12/29 - 01/05 (1)
- ► 11/17 - 11/24 (1)
- ► 11/03 - 11/10 (3)
- ► 10/27 - 11/03 (5)
- ► 10/20 - 10/27 (5)
- ► 10/13 - 10/20 (12)
- ► 10/06 - 10/13 (9)
- ► 09/29 - 10/06 (10)
- ► 09/22 - 09/29 (5)
- ► 09/15 - 09/22 (5)
- ► 09/08 - 09/15 (1)
- ► 09/01 - 09/08 (1)
- ► 07/28 - 08/04 (3)
- ► 07/21 - 07/28 (1)
- ► 06/16 - 06/23 (1)
- ► 06/02 - 06/09 (4)
- ► 05/26 - 06/02 (1)
- ► 04/07 - 04/14 (1)
- ► 03/10 - 03/17 (1)
-
►
2012
(43)
- ► 12/23 - 12/30 (1)
- ► 11/04 - 11/11 (5)
- ► 10/28 - 11/04 (1)
- ► 10/21 - 10/28 (3)
- ► 10/07 - 10/14 (2)
- ► 09/30 - 10/07 (11)
- ► 09/09 - 09/16 (1)
- ► 07/29 - 08/05 (2)
- ► 07/22 - 07/29 (2)
- ► 07/15 - 07/22 (4)
- ► 07/08 - 07/15 (3)
- ► 07/01 - 07/08 (2)
- ► 06/24 - 07/01 (1)
- ► 06/17 - 06/24 (1)
- ► 06/03 - 06/10 (1)
- ► 05/27 - 06/03 (1)
- ► 04/15 - 04/22 (2)
-
►
2011
(3)
- ► 10/02 - 10/09 (3)
-
►
2010
(1)
- ► 06/20 - 06/27 (1)