ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိ
အရဟံ သိဒ္ဓိ
“ ပဉ္စဂုဏံ အဟံဝန္ဒာမိ ။ အာစရိယဂုဏံ အဟံဝန္ဒာမိ”
ဝေါဟာရ အသုံးအနှုန်းများ
(၉၀)မိနစ် အခါ တစ်ခုကို …………….မူလအခါ
(၁၈)မိနစ် အခါတစ်ခုကို ………………အခါခွဲ
(၆)မိနစ် အခါတစ်ခုကို ………………..ဘုတ္တိအခါခွဲ ဟူ၍ခေါ်ဝေါ်အသုံးပြုမည်။
“သုံးလီများ အဆန်းလုပ်လို့ ၆မိနစ် စီပေါ့ ။ ဆပွတ်နဲ့ဘဲ့ယူ” ဟုဆိုသဖြင့်ကျွန်ုပ်သည်
ဤသို့ အဓိပ္ပာယ်ဖော်ကြည့်လိုက်သည်။
ဤမျှလောက်ဆိုလျှင် အခြေခံရှိသူတို့ သဘောပေါက်ပေရော့မည်။အခြေခံမရှိသူများအတွက်မူဘာမျှ
မသိဖြစ်နေပေလိမ့်မည်။
ကျမ်းရင်းလင်္ကာနှင့်ပြန်လည်ညှိခြင်း
၉၀မိနစ် မူလအခါတစ်ခုကို ၆မိနစ်ဘုတ္တိအခါခွဲများ ပိုင်းခြားလျှင် ဘုတ္တိအခါခွဲပေါင်း(၁၅) ခါရ၏။
မူလအခါပေါင်း(၈)ခါအတွက် ဘုတ္တိအခါခွဲပေါင်း(၁၂၀) ရပါသည်။
(၁၂ x ၆၀ မိနစ် )/ ၆မိနစ်= ၁၂၀ )
ဤတွင် ဆရာတော်ခင်ကြီးဖျော်၏ မူလကျမ်းရင်းလင်္ကာနှင့် ကိုက်ညီပေတော့သည် ။
ကိုက်ညီပုံ
“သူရဇ္ဇကစ၍စဉ်စီ ရှစ်ခါညီ” ဟုဆိုသဖြင့် (၉၀)မိနစ်စီအညီအမျှ ရှစ်ခါ ပိုင်းပြီးဖြစ်သည်။
“ရှစ်လီဂြိုလ်ပေါင်းပြ” ဟုဆိုရာတွင်လည်း မူလအခါတစ်ခုကို အခါခွဲ(၅)ခုနှင့် ဘုတ္တိအခါခွဲ(၃)ခု
စုစုပေါင်း ဂြိုလ်အခါ(၈)ခု ပေါင်းထည့်ပြီးဖြစ်သည်။
“ရှစ်လီ” ဆိုသည့်သဘောတရားအတိုင်း မူလအခါ(၈)ခုစလုံးသို့ ပေါင်းထည့်ရမည်ဟုအဓိပ္ပာယ်
ရသဖြင့် မူလအခါ ရှစ်ခု အတွက် ဘုတ္တိအခါခွဲပေါင်း(၁၂၀) ရလေသည်။
ထိုအခါမှ “ရာသီဆယ့်နှစ်ဝ သင်္ချာယူ၍ဆ” ဆိုသည်မှာလည်းဤသို့ကိုက်ညီနေပြန်ပါတော့သည်။
အထဗ္ဗဏဗေဒင်(မဟာကာလဗေဒင်) တွက်ရာတွင် မိဿ ပြိဿ စသော ရာသီ၁၂ခွင် ချ၍ တွက်
ချက်ရမည်ဟူလို ။
ထို့အပြင် “ဆယ့်နှစ် ဝ” ကို သင်္ချာဂဏန်းချရေးလိုက်လျှင် “ ၁၂ ဝ ” ဟုရ၏ ။
ကဲ ..ကြည့် ။နားလည်ရန်ခက်ခဲသော ပဟေဠိစာသားများကိုလည်းအဖြေထုတ်ပြီးဖြစ်၍
ကိုက်ညီမှုရှိသည်ကို အံ့သြစွာမြင်တွေ့ရလေသည်။
ထိုထက်အံ့သြဘွယ်ကောင်းသည်မှာ အချိန်တစ်ချိန်မှတစ်ချိန်ကူးပြောင်းသောအခါ
ပြောင်းလဲသော အခါ များမှာ ဆပွတ်ဂြိုလ်အစီအစဉ်အတိုင်း ကွက်တိ ဖြစ်နေသည်ကို
တွေ့ရှိရပေသည်။
သီအိုရီမရှိသောလက်တွေ့သည်“အကန်း”နှင့်တူ၍ လက်တွေ့မရှိသော သီအိုရီ သည်လည်း“အကျိုး”နှင့်တူပေ၏။ ထို့ကြောင့် ဤပညာခန်းကိုရရှိသည့် ၁၉၉၇ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ လက်တွေ့သုတေသနအကြိမ်ကြိမ်(အကြိမ်တစ်ရာထက်မနည်း) ပြုလုပ် ခဲ့ပါသည်။ အချိန်များစွာပေးဆပ်ခဲ့ရ၏ ။အလွန်မှန်ကန်တိကျသောအဖြေများရရှိသဖြင့် ပညာအစစ်အမှန်ကိုရရှိလေခြင်းဟု များစွာဝမ်းမြောက်ပီတိဖြစ်ရပါတော့သည် ။
ထို့နောက် ကျွန်ုပ်၏ လုပ်ငန်းဆောင်ရွက်မှု မှန်သမျှမှာ ဆရာအရှင်ပေးခဲ့သော ပညာကိုအသုံးပြုလျက် လုပ်ဆောင်ခဲ့ပေသည်။( ဗေဒင်ဟော၍ အသက်မွေးသည်မဟုတ်)
(၂၀၀၂ခု သြဂုတ်လ) မှစ၍ ကျွန်ုပ်၏ စီးပွားရေး လူမှုရေး နှင့် ဘာသာရေးဆိုင်ရာကျင့်ကြံ
အားထုတ်မှုများ စသည်တို့သည် အဘက်ဘက်မှပြည့်စုံကာ တိုးတက်ကောင်းမွန်ခဲ့ပါသည်။
မတော်လောဘမပါသော အရာခပ်သိမ်း လိုတရ ပြည့်စုံခဲ့ပါသည်။
ဆရာအရှင်၏ကျေးဇူးအလွန်ကြီးမားပေစွ။
ရှေးပညာရှိတို့သည် “ဉာဏ်တူလျှင်ယူစတမ်း” “သိသူဖော်စား မသိသူကျော်သွား” နည်းများ
ဖြင့်သာပညာရပ်များကိုမှတ်တမ်းတင်ထားခဲ့ကြသည်။(မသူတော်များထံသို့ ပညာများရောက်ရှိ
သွားမည်ကို စိုးရိမ်ခဲ့ကြဟန်ရှိသည်။)
၆မိနစ်လျှင် အခါတစ်ခုခွဲသောနည်းသည်လည်း ကျွန်ုပ်ထက်အလျင် သို့မဟုတ် နောက်ကျ
မှရရှိသူများ ရှိကိုရှိမည်ဖြစ်သည် ။သို့သော် ဤပညာခန်းကို ယနေ့အထိ ဖော်ပြသူ တစ်ယောက်
မျှမရှိသေးပါ။ ကျွန်ုပ်ကိုယ်တိုင်သည်ပင်လျှင် နှစ်အတန်ကြာ သိုဝှက်ထားခဲ့၏ ။
သို့သော် မြန်မာ့အင်္ဂဝိဇ္ဇာပညာရပ်သည် အလွန်တိကျ မှန်ကန် ထယ်ဝါသော
ပညာရပ်တစ်ခုအဖြစ် အခိုင်အမာရှိကြောင်းသက်သေတစ်ခုအဖြစ်အတည်ပြုနိုင်ကြရန် ရည်သန်
၍ ဟင်းစားသာမကကွန်ချက်များကိုပါ ပေးဝေလိုက်ရပါတော့သည်။
ဤပညာပေးဆောင်းပါးနှင့်ပတ်သက်၍ နောက်အရေးကြီးသည့်တစ်ချက်ရှိသေးသည်။
အကြောင်းအရာတစ်ခုကို ယုတ္တိတန်သည် မတန်သည်ကို သိပ္ပံနည်းကျ ဝေဖန်ညှိနှိုင်း၍ ဆုံးဖြတ်
ပြုကြသော ယနေ့ခေတ် လူကြီး လူငယ်အားလုံးသို့ ကျွန်ုပ်ပေးချင်သော Message က
သိပ္ပံပညာကမဖြေရှင်းနိုင်သော လိုက်မမီသေးသောအချက်များစွာအနက်
“ကျွန်ုပ်၏ဆရာအရှင်က ကျွန်ုပ်အားအသံဖြင့် ပညာရပ်တစ်ခုကိုသင်ကြားပေးခဲ့သည် ” ဆိုသော
အချက်ကလေးတစ်ချက်ဖြစ်ပါကြောင်း…..။
ဤတွင် အင်္ဂဝိဇ္ဇာပညာ၏ အချိန် ၊အခါ ပိုင်းခြင်း သင်ခန်းစာ ပြီးဆုံးပါပြီ ။
ဘုတ္တိ အခါခွဲ(၁၂၀) အတွက်အသင့်အသုံးပြု နိုင်ရန်ဆက်လက်ဖော်ပြပေးပါမည်။
မေတ္တာဖြင့် - ဆရာမင်း