လက်တွေ့အသုံးချအင်္ဂဝိဇ္ဇာဗေဒင်ပညာ(အပိုင်း၂)
အင်္ဂဝိဇ္ဇာဗေဒင်ပညာဖြင့်တွက်ချက်၍ ဟောပြောမည်ဆိုလျှင် အဓိကကျဆုံးမှာ အခါပိုင်းခြင်းပင်ဖြစ်သည်။အခါမှားလျှင် မှန်ကန်သောအဖြေကိုမည်သို့မျှမရနိုင်။ ထိုကြောင့်လည်း အချိန် အခါပိုင်းခြင်းကို အခြေခံမှအစ ကျမ်းရင်းလင်္ကာကိုအာစရိယမူများနှင့်ပေါင်းစပ်၍ တင်ပြပေးပြီးဖြစ်ပါသည်။
ကျွန်ုပ် သည် အင်္ဂဝိဇ္ဇာကျမ်းအမျိုးမျိုးကို လက်လှမ်းမီသလောက် ဖတ်ရှု လေ့လာ မှတ်သားတွေးဆခဲ့ရသည်မှာ အချိန်များစွာပေးဆပ်ခဲ့ရ၏။ လက်ထပ်သင်ဆရာမရှိသောကြောင့် စိတ်ပျက်ကာ အင်္ဂဝိဇ္ဇာပညာကိုနှစ်များစွာ
အဘယ်ကြောင့်ဆိုသော်ဤအချိန်က ကျွန်ုပ် သည်ဆန္ဒဂဏန်း ၁ မှ၂၄၉အထိတွင်နှစ်သက်ရာ
ဂဏန်းတစ်လုံးကို တောင်းဆို၍ နက္ခတ်ခွဲပေါင်း၂၄၉ ခုမှ ရာသီခွင်ချ၍တွက်ရသော
ဆရာကြီးKP၏ဟူးရားနက္ခတ္တဗေဒကို သင်ကြားတတ်မြောက်ပြီးဖြစ်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ဆရာတော် ခင်ကြီးဖျော်၏ ကျမ်းရင်းလင်္ကာကိုပြန်လည်ဖတ်ရှု၍ နက်ရှိုင်းစွာ
တွေးခေါ်ကြည့်မိသည်။
“သူရဇ္ဇက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ ရာသီဆယ့်နှစ်၀ သင်္ချာယူ၍ဆ။”
နေ့၁၂နာရီကို အခါတစ်ခုအတွက် ၁နာရီ၃၀မိနစ်(၉၀မိနစ်) စီ ညီမျှပိုင်းလျှင် ၈ ခါရ၏ ။
ဤအထိ“သူရဇ္ဇက စ၍စဉ်စီ ရှစ်ခါညီ” ဆိုသည်နှင့် ကိုက်ညီနေသော်လည်း ………..
“ရှစ်လီဂြိုဟ်ပေါင်းပြ” ဟုဆိုရာတွင်မူ အခါခွဲတစ်ခုကို ၁၈မိနစ် စီဖြင့် အခါတစ်ခု(၉၀မိနစ်)ကို
အခါခွဲ ၅ ခုသာပိုင်းနိုင်သဖြင့် ငါးလီသာပေါင်းနိုင်သေး၏ ။ရှစ်လီပြည့်ရန် သုံးလီ လိုနေ၏။
လိုနေသည်ဟုသိပင်သိညား နည်းလမ်းကိုရှာမရနိုင်ခဲ့ ။ထို့ကြောင့် ထွက်သမျှလက်လှမ်းမီသမျှ အင်္ဂဝိဇ္ဇာကျမ်း
များ ဆောင်းပါးများတွင်ရှာဖွေကြည့်၏ ။မရခဲ့ပါ။ဤသို့လမ်းစပျောက်နေချိန်…….
၁၉၉၇ခု ၏ မိုးတွင်းကြီီး (အတိအကျ ပြောရလျှင် မြန်မာ
သက္ကရာဇ် ၁၃၅၉ခု ဝါဆိုလဆန်း ၁၃ရက်
ကြာသပတေးနေ့(17-7-1997) ညဉ့်သန်းကောင်၁၂နာရီ
အချိန် )တ ချိန်က အမှတ်မထားကျော်၍ဖတ်သွား
သော“ဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြရစေသား)”
၏ အင်္ဂဝိဇ္ဇာအဟောပညာသင်ခန်းစာဆောင်းပါးတစ်ခုမှ
“တိုင်ပြေးကလေးများ”ကို စိတ်ဝင်တစား
အာရုံစူးစိုက်လေ့လာရင်းမှတ်သားနေရင်းမှ…အိပ်ပျော်
သလိုဖြစ်သွား၏။
သို့သော်နားထဲတွင်မူကျွန်ုပ်နှင့်ရင်းနှီးသောအသံတစ်သံကို
ကြားနေရသည် ။အသံရှင်ကိုတော့မမြင်ရ ။
ဆရာအရှင်၏အသံမှန်းသိ၏။
အိမ်မက် မက်သလိုခံစားနေရသည် ။အရင်းအဖျားမရှိပဲ ဆရာအရှင်ပြောခဲ့သည်က
“သုံးလီများ အဆန်းလုပ် လို့ ၆မိနစ် စီပေါ့ ။ ဆပွတ်နဲ့ဘဲ့ယူ” တဲ့ ။နောက်ပြောသွားသေးသည်
“ငါတို့မသိတာ ဘာမှမရှိဘူးကွ ” တဲ့ ။ ပညာတစ်ခုပေးတိုင်း ဤသို့ပြောနေကျ ။
ခဏလေးသာကြာလိုက်တဲ့ အချိန်ပါ ။ ကျွန်ုပ် ပြန်နိုးလာ၏။
“တစ်ရေးနိုးသော်အကြံပေါ်” ဆိုသည့်အတိုင်း တိမ်မြုပ်နေသော တန်ဘိုးကြီးလှသည့်မြန်မာတို့၏
အင်္ဂဝိဇ္ဇာ ပညာရပ်၏ ၆မိနစ်ကို အခါတစ်ခုပိုင်းသောပညာခန်းကို ကျွန်ုပ်သင်ယူတတ်မြောက်ခဲ့၏ ။
ချက်ချင်းပင် ပဉ္စဂုဏံ အဟံဝန္ဒာမိ ။ အာစရိယဂုဏံ အဟံဝန္ဒာမိ။ ဟုအသံထွက်အောင်ရွတ်၍
လက်ဆယ်ဖြာထိပ်မှာမိုးလျှက် အနန္တငါးပါး နှင့် ဆရာအရှင်ကို ကိုရှစ်ခိုးဖြစ်လိုက်ပါသည်။
ဆရာမင်း( ၁၄-၇-၂၀၂၁ ; 15:00PM)
ဆက်လက် ဖော်ပြပါမည်။
No comments:
Post a Comment