ေတာင္ထား၀ယ္ဗိုလ္ ရဲ ႔ အုတ္ဂူ
ကျွန်တော် မန္တလေးကိုရောက်တဲ့အခါတိုင်း အချိန်များများရခဲ့ရင် အင်း၀ ပင်းယ နဲ့ စစ်ကိုင်းဘက် ၊ အချိန်နည်းနည်းလေးပဲရရင်တော့ တောင်သမန်ဝန်းကျင်နဲ့ အမရပူရမြို့ဟောင်းတစ်ခွင်တို့ကို ပိုက်စိတ်တိုက် လျှောက်သွားနေတတ်ပါတယ် ။ ဒါတောင်မှ တောင်သမန်အင်းစောင်းမှာ တောင်ထားဝယ်ဗိုလ်ရဲ့ အုတ်ဂူ ရှိနေတယ်ဆိုတာကို လုံးဝမသိခဲ့ရပါဘူး ။ ဒါသဘဝပါပဲ ။ တကယ်တော့ စာများများဖတ်ပြီးမှ များများသွားသင့်တာပါ ။ မှတ်တမ်းမှတ်ရာတွေ ရှာဖွေမဖတ်ရှုဘဲ သွားပဲသွားနေလို့ကတော့ ထင်သလောက် အရာမရောက်လှပါဘူး ။ အခုတော့ ဆရာတော် ကိုပညာ ( အမရပူရ ) ရဲ့ “တောင်သန်မန်ဝန်းကျင် သမိုင်းဝင်နေရာများ” ဆိုတဲ့စာအုပ်မှာ ဖော်ပြထားလို့ တောင်ထားဝယ်ဗိုလ်ရဲ့ အုတ်ဂူအကြောင်းနဲ့ တည်နေရာကို သိရပါပြီ ။ ဒီတော့ ထားဝယ်သားဖြစ်တဲ့ကျွန်တော်ကရတနာပုံခေတ်အတွင်း ထားဝယ်သား ( သို့မဟုတ် ) ထားဝယ်အဆက်နွယ် မင်းမှုထမ်းတစ်ယောက်ရဲ့အုတ်ဂူဟာ တောင်သမန်ဝန်းကျင်မှာ ရှိနေတယ်ဆိုတာကိုသိရတဲ့အခါ မနေ့ကပဲရောက်ခဲ့သေးတဲ့ တောင်သမန်ဝန်းကျင်ကို ထပ်ပြီးသွားရပါတော့တယ် ။
တောင်သမန်အင်းစောင်းမှာ တောင်ထားဝယ်ဗိုလ်ရဲ့အုတ်ဂူ ရှိနေခဲ့တာဟာ သူကွယ်လွန်တဲ့နေရာအနီးမှာ အုတ်ဂူတည်ထားခဲ့လို့ဖြစ်ပါတယ် ။ တောင်ထားဝယ်ဗိုလ်ဟာ တောင်သမန်အင်းစောင်းက ပုထိုးတော်ကြီးတောင်ဘက် သကျသီဟဘုရားပွဲတော်မှာ ကွယ်လွန်ခဲ့တာပါ ။ ဘုရားပွဲမှာ မီးရှူး မီးပန်းပူစော်ပွဲတွေလုပ်နေတုန်း မီးကျဉ်မှန်လို့ ပွဲချင်းပြီး သေဆုံးရတာဖြစ်ပါတယ် ။ မထင်မှတ်ဘဲ သေဆုံးခဲ့ရတာပါပဲ ။ တောင်ထားဝယ်ဗိုလ်လေးဟာ မင်းတုန်းမင်းကြီးအားထားရတဲ့ ကိုယ်ရံတော်အမှုတော်ထမ်းတစ်ယောက်ဖြစ်ခဲ့ပြီး အဝေးမြို့ရွာများမှာ ထောင့်လှမ်းရတဲ့အဖွဲထဲမှာပါဝင်တဲ့ အထောက်တော်တစ်ယောက်လည်း ဖြစ်တယ်လို့သိရပါတယ် ။ ယောမင်းကြီးဦးဖိုးလှိုင် ရာထူးကချခံထားရပြီး အမရပူရမှာ အတန်ကြမျှ အကျယ်ချုပ်နဲ့ထားခံရခြင်းဟာ မင်းတုန်းမင်းကြီးထံ တောင်ထားဝယ်ဗိုလ်က ကုန်းချောပြီးလျှောက်တင်ခဲ့လို့ ဆိုပြီး တချို့သမိုင်းဆရာများက ယူဆကြပါတယ် ။
ဆရာတော်ကိုပညာရဲ့စာအုပ်ထဲမှာဖော်ပြထားချက်အရ တောင်ထားဝယ်ဗိုလ်ရဲ့ အုတ်ဂူဟာ တောင်သမန်အင်းရဲ့ အနောက်မြောက်ထောင့်က ပုထိုးတော်ကြီးရဲ့ တောင်ဘက် တန်ဆောင်းအနားမှာရှိတယ်လို့ဆိုပါတယ် ။ တကယ်တော့ ပုထိုးတော်ကြီးရဲ့ တောင်ဘက်တန်ဆောင်းဆိုတာ အရင်ကသာရှိခဲ့ပြီး အခုခေတ်လမ်းတွေ ဖောက်လုပ်ထားလို့ ဘာမှမရှိတော့ပါဘူး ။ တောင်ဘက်တန်စောင်းရဲ့ အပိုင်းအစများအဖြစ် တောင်သမန်အင်းအစပ်နားက အုတ်နံရံအပိုင်းအစများပဲတွေ့ရတော့တာပါ ။ အဲဒီအုတ်နံရံ အပိုင်းအစအနီးအနားဝန်းကျင်ဖြစ်တဲ့ တောင်သမန်အင်းရဲ့ အနောက်မြောက်ထောင့်နားအမှာတော့ သစ်သားတံတားလေးထိုးထားတဲ့ နတ်ကွန်းလိုလို အဆောက်အအုံလေးကိုတွေ့ရပါတယ် ။ ဒါကိုပဲ တောင်ထားဝယ်ဗိုလ်ရဲ့ အုတ်ဂူများဖြစ်နေမလားဆိုပြီး အနီးအနားမှာတွေ့ရတဲ့ ဦးလေးကြီးတစ်ယောက်ကို မေးကြည့်မိပါတယ် ။ ဟုတ်ပါတယ်တဲ့ ။ ကျွန်တော်ထင်သလိုပဲ အဲဒါဟာ တောင်ထားဝယ်ဗိုလ်ရဲ့ အုတ်ဂူဖြစ်ကြောင်း ၊ အရင်အ အဆောက်အအုံပုံစံက အခုလိုမျိုးမဟုတ်ဘဲ လောင်တိုက်ပုံစံကို အုတ်အင်္ဂတေနဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး နောက်ပိုင်းပျက်စီးသွားလို့ အခုလိုမျိုးပုံစံနဲ့ နှောင်းလူတွေပြုပြင်တည်ဆောက်တာဖြစ်ကြောင်း အဲဒီဦးလေးကြီးက ပြောပြပါတယ် ။
အရင်က တောင်ထားဝယ်ဗိုလ် မီးကျဉ်မှန်ပြီးသေဆုံးတဲ့နေရာမှာ မာလီတိုင်လို့ခေါ်တဲ့ ကျွန်းတိုင်ကြီးတစ်တိုင်ကို စိုက်ထူးထားတယ်လို့ သိရပါတယ် .။ အုတ်ဂူကိုတော့ မာလီတိုင်နဲ့ ဝါးခုနှစ်ပြန်စာအဝေးတဲ့နေရာ( လက်ရှိအုတ်ဂူနေရာ ) မှာ ပြုလုပ်ထားတာပါ ။ အဲဒီအုတ်ဂူအနီးမှာ တောင်ထားဝယ်ဗိုလ်ရဲ့ ဇနီးဖြစ်သူက အုတ်ဂူအနားမှာ သုံးခန်းပတ်လည် အာရုံခံတန်းဆောင်းကြီးနှစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ် ။ ဒီလိုဆိုရင်တော့ အရင်က ဒီနေရာမှာ တောင်ထားဝယ်ဗိုလ်ရဲ့အုတ်ဂူဟာ ထင်ထင်ရှားရှားနဲ့ ခန့်ခန့်ညားညား ရှိနေခဲ့မှာပဲ ယူဆရပါတယ် ။
အခုအချိန်မှာမြင်တွေ့ရတဲ့ တောင်ထားဝယ်ဗိုလ်ရဲ့အုတ်ဂူပုံစံက အုတ်ခုံခံထားတဲ့ အုတ်ပလ္လင်ပေါ်မှာ ဘုရားကျောင်းဆောင် သေးသေးလေးကို တင်ထားပြီး အထဲမှာ ဆင်းတုတော်သေးသေးလေးတစ်ဆူ ထားရှိပူစော်ထားပါတယ် ။ အဲဒီ အထိန်းအမှတ်အုတ်ဂူဟာ တောင်သမန်အင်းရဲ့ အနောက်မြောက်ထောင့်ရေစပ်နားကျရောက်နေပြီး ကန်ပတ်လမ်းကနေ သစ်သားတံတားလေးနဲ့ ခံထိုးထားတာပါ ။ ဦးပိန်တံတားကြီးဆီကို တောင်သမန်အင်းရဲ့မြောက်ဘက် ကန်ပတ်လမ်းကနေသွားမယ်ဆိုရင်တော့ တောင်ထားဝယ်ဗိုလ်ရဲ့ အုတ်ဂူလေးကို လမ်းနဘေးမှာပဲ ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ် ။
( ရန်နောင်စိုး )
Zawgyi
ကၽြန္ေတာ္ မႏၱေလးကိုေရာက္တဲ့အခါတိုင္း အခ်ိန္မ်ားမ်ားရခဲ့ရင္ အင္း၀ ပင္းယ နဲ႔ စစ္ကိုင္းဘက္ ၊ အခ်ိန္နည္းနည္းေလးပဲရရင္ေတာ ့
ေတာင္သမန္၀န္းက်င္နဲ႔ အမရပူရျမိဳ ႔ေဟာင္းတစ္ခြင္တို႔ကို ပိုက္စိတ္တိုက္
ေလွ်ာက္သြားေနတတ္ပါတယ္ ။ ဒါေတာင္မွ ေတာင္သမန္အင္းေစာင္းမွာ
ေတာင္ထား၀ယ္ဗိုလ္ရဲ ႔ အုတ္ဂူ ရွိေနတယ္ဆိုတာကို
လံုး၀မသိခဲ့ရပါဘူး ။ ဒါသဘ၀ပါပဲ ။ တကယ္ေတာ့ စာမ်ားမ်ားဖတ္ျပီးမွ
မ်ားမ်ားသြားသင့္တာပါ ။ မွတ္တမ္းမွတ္ရာေတြ ရွာေဖြမဖတ္႐ႈဘဲ
သြားပဲသြားေနလို႔ကေတာ့ ထင္သေလာက္ အရာမေရာက္လွပါဘူး ။ အခုေတာ့ ဆရာေတာ္
ကိုပညာ ( အမရပူရ ) ရဲ ႔ “ေတာင္သန္မန္၀န္းက်င္ သမိုင္း၀င္ေနရာမ်ား”
ဆိုတဲ့စာအုပ္မွာ ေဖာ္ျပထားလို႔ ေတာင္ထား၀ယ္ဗိုလ္ရဲ ႔ အုတ္ဂူအေၾကာင္းနဲ႔
တည္ေနရာကို သိရပါျပီ ။ ဒီေတာ့ ထား၀ယ္သားျဖစ္တဲ့ကၽြန္ေတာ္က
ရတနာပံုေခတ္အတြင္း ထား၀ယ္သား ( သို႔မဟုတ္ ) ထား၀ယ္အဆက္ႏြယ္
မင္းမွဳထမ္းတစ္ေယာက္ရဲ ႔အုတ္ဂူဟာ ေတာင္သမန္၀န္းက်င္မွာ
ရွိေနတယ္ဆိုတာကိုသိရတဲ့အခါ မေန႔ကပဲေရာက္ခဲ့ေသးတဲ့ ေတာင္သမန္၀န္းက်င္ကို
ထပ္ျပီးသြားရပါေတာ့တယ္ ။
ေတာင္သမန္အင္းေစာင္းမွာ ေတာင္ထား၀ယ္ဗိုလ္ရဲ ႔အုတ္ဂူ ရွိေနခဲ့တာဟာ သူကြယ္လြန္တဲ့ေနရာအနီးမွာ အုတ္ဂူတည္ထားခဲ့လို႔ျဖစ္ပါတ ယ္
။ ေတာင္ထား၀ယ္ဗိုလ္ဟာ ေတာင္သမန္အင္းေစာင္းက ပုထိုးေတာ္ၾကီးေတာင္ဘက္
သက်သီဟဘုရားပြဲေတာ္မွာ ကြယ္လြန္ခဲ့တာပါ ။ ဘုရားပြဲမွာ မီးရွဴး
မီးပန္းပူေစာ္ပြဲေတြလုပ္ေနတ ုန္း
မီးက်ဥ္မွန္လို႔ ပြဲခ်င္းျပီး ေသဆံုးရတာျဖစ္ပါတယ္ ။ မထင္မွတ္ဘဲ
ေသဆံုးခဲ့ရတာပါပဲ ။ ေတာင္ထား၀ယ္ဗိုလ္ေလးဟာ မင္းတုန္းမင္းၾကီးအားထားရတဲ ့ ကိုယ္ရံေတာ္အမွဳေတာ္ထမ္းတစ္ ေယာက္ျဖစ္ခဲ့ျပီး အေ၀းျမိဳ ႔ရြာမ်ားမွာ ေထာင့္လွမ္းရတဲ့အဖြဲထဲမွာပါ ၀င္တဲ့
အေထာက္ေတာ္တစ္ေယာက္လည္း ျဖစ္တယ္လို႔သိရပါတယ္ ။ ေယာမင္းၾကီးဦးဖိုးလွိဳင္
ရာထူးကခ်ခံထားရျပီး အမရပူရမွာ အတန္ၾကမွ် အက်ယ္ခ်ဳပ္နဲ႔ထားခံရျခင္းဟာ မင္းတုန္းမင္းၾကီးထံ ေတာင္ထား၀ယ္ဗိုလ္က ကုန္းေခ်ာျပီးေလွ်ာက္တင္ခဲ့ လို႔ ဆိုျပီး တခ်ိဳ ႔သမိုင္းဆရာမ်ားက ယူဆၾကပါတယ္ ။
ဆရာေတာ္ကိုပညာရဲ႕ ႔စာအုပ္ထဲမွာေဖာ္ျပထားခ်က္အ ရ ေတာင္ထား၀ယ္ဗိုလ္ရဲ ႔ အုတ္ဂူဟာ ေတာင္သမန္အင္းရဲ ႔ အေနာက္ေျမာက္ေထာင့္က ပုထုိုးေတာ္ၾကီးရဲ ႔ ေတာင္ဘက္ တန္ေဆာင္းအနားမွာရွိတယ္လို႔
ဆိုပါတယ္ ။ တကယ္ေတာ့ ပုထိုးေတာ္ၾကီးရဲ ႔ ေတာင္ဘက္တန္ေဆာင္းဆိုတာ
အရင္ကသာရွိခဲ့ျပီး အခုေခတ္လမ္းေတြ ေဖာက္လုပ္ထားလို႔ ဘာမွမရွိေတာ့ပါဘူး ။
ေတာင္ဘက္တန္ေစာင္းရဲ ႔ အပိုင္းအစမ်ားအျဖစ္ ေတာင္သမန္အင္းအစပ္နားက
အုတ္နံရံအပိုင္းအစမ်ားပဲေတြ ႔ရေတာ့တာပါ ။ အဲဒီအုတ္နံရံ အပိုင္းအစအနီးအနား၀န္းက်င္ျ ဖစ္တဲ့ ေတာင္သမန္အငး္ရဲ ႔ အေနာက္ေျမာက္ေထာင့္နားအမွာေ တာ့
သစ္သားတံတားေလးထိုးထားတဲ့ နတ္ကြန္းလိုလို အေဆာက္အအံုေလးကိုေတြ ႔ရပါတယ္ ။
ဒါကိုပဲ ေတာင္ထား၀ယ္ဗိုလ္ရဲ ႔ အုတ္ဂူမ်ားျဖစ္ေနမလားဆိုျပီ း
အနီးအနားမွာေတြ ႔ရတဲ့ ဦးေလးၾကီးတစ္ေယာက္ကို ေမးၾကည့္မိပါတယ္ ။
ဟုတ္ပါတယ္တဲ့ ။ ကၽြန္ေတာ္ထင္သလိုပဲ အဲဒါဟာ ေတာင္ထား၀ယ္ဗိုလ္ရဲ ႔
အုတ္ဂူျဖစ္ေၾကာင္း ၊ အရင္အ အေဆာက္အအံုပံုစံက အခုလိုမ်ိဳးမဟုတ္ဘဲ
ေလာင္တိုက္ပံုစံကို အုတ္အဂၤေတနဲ႔ ေဆာက္လုပ္ထားတာျဖစ္ျပီး
ေနာက္ပိုင္းပ်က္စီးသြားလို႔ အခုလိုမ်ိဳးပံုစံနဲ ႔ ေနွာင္းလူေတြျပဳျပင္တည္ေဆာက ္တာျဖစ္ေၾကာင္း အဲဒီဦးေလးၾကီးက ေျပာျပပါတယ္ ။
အရင္က ေတာင္ထား၀ယ္ဗိုလ္ မီးက်ဥ္မွန္ျပီးေသဆံုးတဲ့ေန ရာမွာ မာလီတိုင္လို႔ေခၚတဲ့ ကၽြန္းတိုင္ၾကီးတစ္တိုင္ကို စိုက္ထူးထားတယ္လို႔ သိရပါတယ္ .။ အုတ္ဂူကိုေတာ့ မာလီတိုင္နဲ႔ ၀ါးခုနွစ္ျပန္စာအေ၀းတဲ့ေနရာ
( လက္ရွိအုတ္ဂူေနရာ ) မွာ ျပဳလုပ္ထားတာပါ ။ အဲဒီအုတ္ဂူအနီးမွာ
ေတာင္ထား၀ယ္ဗိုလ္ရဲ ႔ ဇနီးျဖစ္သူက အုတ္ဂူအနားမွာ သံုးခန္းပတ္လည္
အာရံုခံတန္းေဆာင္းၾကီးနွစ္ေ ဆာင္ကို ေဆာက္လုပ္လွဴဒါန္းခဲ့တယ္လို ႔
သိရပါတယ္ ။ ဒီလိုဆိုရင္ေတာ့ အရင္က ဒီေနရာမွာ ေတာင္ထား၀ယ္ဗိုလ္ရဲ ႔အုတ္ဂူဟာ
ထင္ထင္ရွားရွားနဲ႔ ခန္႔ခန္႔ညားညား ရွိေနခဲ့မွာပဲ ယူဆရပါတယ္ ။
အခုအခ်ိန္မွာျမင္ေတြ ႔ရတဲ့ ေတာင္ထား၀ယ္ဗိုလ္ရဲ ႔အုတ္ဂူပံုစံက အုတ္ခံုခံထားတဲ့ အုတ္ပလႅင္ေပၚမွာ ဘုရားေက်ာင္းေဆာင္ ေသးေသးေလးကို တင္ထားျပီး အထဲမွာ ဆင္းတုေတာ္ေသးေသးေလးတစ္ဆူ ထားရွိပူေစာ္ထားပါတယ္ ။ အဲဒီ အထိန္းအမွတ္အုတ္ဂူဟာ ေတာင္သမန္အင္းရဲ ႔ အေနာက္ေျမာက္ေထာင့္ေရစပ္နား က်ေရာက္ေနျပီး
ကန္ပတ္လမ္းကေန သစ္သားတံတားေလးနဲ ႔ ခံထိုးထားတာပါ ။ ဦးပိန္တံတားၾကီးဆီကို
ေတာင္သမန္အင္းရဲ ႔ေျမာက္ဘက္ ကန္ပတ္လမ္းကေနသြားမယ္ဆိုရင္ ေတာ့ ေတာင္ထား၀ယ္ဗိုလ္ရဲ ႔ အုတ္ဂူေလးကို လမ္းနေဘးမွာပဲ ထင္ထင္ရွားရွားေတြ ႔ျမင္နိဳင္ပါတယ္ ။
( ရန္ေနာင္စိုး )
ေတာင္သမန္အင္းေစာင္းမွာ ေတာင္ထား၀ယ္ဗိုလ္ရဲ ႔အုတ္ဂူ ရွိေနခဲ့တာဟာ သူကြယ္လြန္တဲ့ေနရာအနီးမွာ အုတ္ဂူတည္ထားခဲ့လို႔ျဖစ္ပါတ
ဆရာေတာ္ကိုပညာရဲ႕ ႔စာအုပ္ထဲမွာေဖာ္ျပထားခ်က္အ
အရင္က ေတာင္ထား၀ယ္ဗိုလ္ မီးက်ဥ္မွန္ျပီးေသဆံုးတဲ့ေန
အခုအခ်ိန္မွာျမင္ေတြ ႔ရတဲ့ ေတာင္ထား၀ယ္ဗိုလ္ရဲ ႔အုတ္ဂူပံုစံက အုတ္ခံုခံထားတဲ့ အုတ္ပလႅင္ေပၚမွာ ဘုရားေက်ာင္းေဆာင္ ေသးေသးေလးကို တင္ထားျပီး အထဲမွာ ဆင္းတုေတာ္ေသးေသးေလးတစ္ဆူ ထားရွိပူေစာ္ထားပါတယ္ ။ အဲဒီ အထိန္းအမွတ္အုတ္ဂူဟာ ေတာင္သမန္အင္းရဲ ႔ အေနာက္ေျမာက္ေထာင့္ေရစပ္နား
( ရန္ေနာင္စိုး )
No comments:
Post a Comment