Pages

Monday, April 13, 2015

ထားဝယ်သင်္ကြန်နဲ့ ရိုးရာရေးဇီမှန်း ( သင်္ကြန်ထမင်း )

                                           Photo - Yannaung Soe (Facebook)
Unicode
  ဒီ  တစ်နှစ် သင်္ကြန်ကျရင် ရန်ကုန်နဲ့ မန္တလေးမှာရှိနေကြတဲ့ ကျွန်တော်တို့ မောင်နုမတွေ နှစ်တိုင်းလိုပဲ အဖေနဲ့အမေရှိရာ မွေးရပ်မြေထားဝယ်က မင်းရပ်ရွာအိမ်မှာဆုံကြအုံးမှာပါ ။ လိုမိသားစုတွေ ဆုံတဲ့အခါကျရင် အဖေက သင်္ကြန်ပြီးတာနဲ့ အလှူတစ်ခုပြုလုပ်ချင်တယ်လို့ ကြိုပြောပါတယ် ။ ပြီးတော့ အဖေက အဲဒီလှူမှာ ရေးဇီမှန်း ( ရေစိမ်ထမင်း - သင်္ကြန်ထမင်း ) လှူချင်တာတဲ့ ။ သိပ်ကောင်းတဲ့ အစီစဉ် တစ်ခုပါပဲ ။ ကျွန်တော်တို့ မောင်နုမတွေ အကုန်လုံးလည်း ရေးဇီမှန်းလှူမယ့် အစီစဉ်ကို သဘောကျကြပါတယ် ။ အဖေ သင်္ကြန်မှာ ရေးဇီမှန်းလှူချင်တဲ့ ရည်ရွယ်ချက်ကို ကျွန်တော်ကောင်းကောင်းသိတာပေါ့ ။ အရင်ကတည်းကနေ အစဉ်ဆက် လုပ်လာကြတဲ့ ရိုးရာရေးဇီမှန်းဓလေ့ကို ပြန်လည်ဖော်ထုတ်ပြီး အဖေကလှူချင်နေတာပါ ။ အခုနောက်ပိုင်းမှာကလည်း ကျွန်တော်တို့နယ်မှာ ထားဝယ်ရိုးရာရေးဇီမှန်း လှူတာမျိုးက တော်တော်လေးရှားနေကြပြီမလား ။ အသက် ၂၀ ဝန်းကျင် အရွယ်တွေလောက်ဆို ထားဝယ်ရေးဇီမှန်း ဓလေ့ကိုကောင်းကောင်း မသိကြတော့ဘူးလေ ။ သိရင်လည်း အမယ်စုံတဲ့ ထားဝယ်ရေးဇီမှန်းကို သူတို့မစားဖူးလောက်တော့ပါဘူး ။ ဒါကြောင့် အဖေက ထားဝယ်ရေးစီမှန်း ဓလေ့လေးကို တတ်နိုင်သလောက် ထိန်းသိမ်းချင်တဲ့ စိတ်နဲ့ ထားဝယ်ရိုးရာ အမယ်စုံတဲ့ ထားဝယ်ရေးဇီမှန်းကို လုပ်လှူချင်တာပါ ။ ပြီးတော့ ထားဝယ်ရိုးရာရေဇီမှန်းဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကို အခုခေတ်လူငယ်တွေ သုံးဆောင်ဖူးစေချင်တဲ့ စေတနာလည်း ပါပါတယ် ။

ထားဝယ်ရိုးရာ ရေးဇီမှန်းဆိုတာ ထမင်းကိုရေစိမ်ပြီး ငါးပုပ်ခြောက်ဖုတ်တို့ ၊ အသီးအရွက် ပေါင်းထုပ်တို့နဲ့ တွဲဖက်ပြီး စားသုံးရတဲ့ အစားအစာ တစ်မျိုးပါပဲ ။ ဒါက အလွယ်ဆုံးနဲ့ အနီးစပ်ဆုံးပြောတာပါ ။ တကယ်တမ်း အဓိကဖြစ်တဲ့ ရေးစီမှန်း တစ်အမယ်ဖြစ်ဖို့ ချက်ရပြုရတာ တော်တော်လေးကိုလက်ဝင်ပါတယ် ။ ပထမဆုံး ရေးဇီမှန်း ဖြစ်ဖို့ ဆန်ကိုအရင်ချက်ရပါတယ် ။ ဆန်ကို ထမင်းချက်သလိုချက်ရတယ်ဆိုပေမယ့် သာမန်စားတဲ့ထမင်းထက်ပိုပျော့အောင်ချက်ရတာပါ ။ လိုချင်တဲ့ထမင်း အပျော့အမာကို ရပြီဆိုရင် ရေနဲ့အကြိမ်ကြိမ်ဆေးရပါတယ် ။ အဲဒီလို ဆေးရတာက ထမင်းကိုဆေးတဲ့ရေတွေ ကြည်သွားအောင်ထိကို ဆေးရတာပါ ။ အဲဒီလို တစ်အိုးပြီး တစ်အိုးချက်ထားတဲ့ ထမင်းအပျော့တွေကို ရေနဲ့အကြိမ်ကြိမ်ဆေး ၊ နောက်ဆုံး ရေကြည်သွားတဲ့အခါ ရေထက်ဝက်ရောပြီး ရာဝင်စဉ့်အိုးကြီးတွေကို ထည့်ထားလိုက်ပါတယ် ။ အဲဒါတွေကို နောက်ဆုံးအဆင့်အနေနဲ့ အမွှေးရနံ့လေး မွှေးနေစေဖို့ ရိုးရာနည်းနဲ့ ပြုလုပ်တဲ့ အမွှေးရနံ့လေးတစ်ခုတည့်ရပါသေးတယ် .။ ထမင်းမှာအမွှေးရနံ့လေးရနေစေဖို့ ဒေသထွက်သစ်မြစ် ( ဒေသအခေါ် ပန်းရိုးမြစ် ) တစ်မျိုးရယ် ၊ ပျားဖရောင်းရယ်နဲ့ ဆန်မုန့်တို့ကို ခွက်လေးတစ်ခွက်ထဲမှာမီးရို့ ၊ ရေးဇီမှန်းထည့်ထားတဲ့ ရာဝင်စဉ့်အိုးထဲကိုထည့် ၊ ပြီးရင် အငွေ့လုံအောင် ဖုံးထားရပါတယ် ။ အဲဒီ ပုံစံမျိုးပဲ ရေးဇီမှန်းထည့်ထားတဲ့ အိုးတွေ ရှိသမျှအကုန်လုံးထဲကိုလည်း ထည့်ထားရတာပါ ။ ဒါကြောင့် ရေးဇီမှန်းကို စားလိုက်တဲ့ အခါတိုင်း စားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ အနံ့တစ်မျိုးကိုရနေတာဖြစ်ပါတယ် ။ တချို့ကလည်း ရေးဇီမှန်းထဲမှာ စပါယ်ပန်းကလေးတွေကို ကြဲထားပါသေးတယ် ။ ဒီတော့ စားလိုက်တဲ့အခါတိုင်း စပါယ်ပန်းရနံ့လေးပါ သင်းနေတာပေါ့ ။

ဒါက အဓိကရေးဇီမှန်းတစ်မယ်တည်းကို ဘယ်လိုချက်ကြတယ်ဆိုတာကို ကျွန်တော် သိသေလောက်လေးရေးပြတာပါ ။ နောက်ထပ် ရေးဇီမှန်းနဲ့ ထွဲဖက်စားသုံးတဲ့ ငါးပုပ်ခြောက် ၊ အသီးအရွက်ပေါင်းထုတ် ၊ မုန့်ဆီကြော် ၊ မုန့်ထိုးခွာ ( အစာသွပ်မုန့်ဆီကြော်တစ်မျိုး ) ၊ ကောက်ညှင်းထုပ် နဲ့ မုန့်ကော်ထုပ်တွေ လုပ်ရတာတွေ ရှိပါသေးတယ် ။

ကျွန်တော်တို့ ထားဝယ်ရိုးရာ ဓလေ့တွေထဲက ရေးဇီမှန်းလုပ်လှူတဲ့ဓလေ့လေးကို နှစ်သက်ပြီး စိတ်ဝင်စားမိတာမို့ ကျွန်တော့် အဖွားရှိစဉ်အခါတုန်းက အဲဒီဓလေ့နဲ့ ပက်သက်ပြီး မေးကြည့်ခဲ့ဖူးပါတယ် ။ အဖွား …. ရေးဇီမှန်းလုပ်ပြီး လှူတဲ့ဓလေ့ကို ဘယ်အချိန်လောက်ကတည်းက စတင်ခဲ့တာလဲ အဖွားသိသလောက်ပြောပြပါအုံး…. လို့ မေးကြည့်တော့….. အဲလိုမျိုးတော့ အဖွားလည်း မသိဘူး ငါ့မြေးရယ် ….တဲ့ ။ အဲ .... တို့ငယ်ငယ်လေးတုန်းကတော့ သင်္ကြန်ကျရင် ရေးဇီမှန်းကို ကြီးကြီးကျယ်ကျယ် လုပ်ပြီး ကျွေးကြ ၊ မွေးကြနဲ့ ဘုန်းကြီးကျောင်းတွေကိုပို့လှူကြတာ တကယ့်ကို ပျော်စရာကြီးပဲ ….. ဆိုပြီး အသက် 90 ကျော်နေပြီ ဖြစ်တဲ့ အဖွားက သူငယ်ငယ်တုန်းက ရေးဇီမှန်း ဓလေ့အကြောင်းကို လွမ်းလွမ်းဆွေးဆွေးကြီးနဲ့ကို ပြန်ပြီး ပြောပြတော့တာပါ ။

အဖွားတို့ အသက် 19 – 20 အရွယ် 1935 ခုနှစ်ဝန်းကျင်လောက်အချိန်က သင်္ကြန်ကျရင် ဟိုရွာ ဒီရွာကူးသန်းပြီး ရေပက်ခံတဲ့ ဓလေ့မရှိသေးဘူးတဲ့ ။ အဲဒီတော့ ရွာထဲက အဓိကကျတဲ့ နေရာတွေမှာပဲ သင်္ကြန်ပွဲ ဆင်နွဲဖို့အတွက် မဏ္ဍပ်တွေ ခန်းခန်းနားနား ဆောက်လုပ်ကြတယ် ။ တကယ်တော့ အဲဒီမဏ္ဍပ်ကြီးက ပဒေသာပင်ကြီး တစ်ခုလည်းဖြစ်တယ် ။ အနီးနားရှိ လူပျို အပျိုတွေက မဏ္ဍပ်ကြီးဆီကို လာကြပြီး ရေလာကစားကြတဲ့အခါ ပဒေသာပင်မှာချိတ်ဆွဲဖို့ အတွက် ဆန် ၊ ဆီ ၊ ကြက်သွန် ၊ ငရုပ်နဲ့ တခြားအလှူဖွယ် ပစ္စည်းတွလာပြီး ချိတ်ဆွဲကြရတယ် ။ မဏ္ဍပ်အတွင်းနဲ့ အနီးတဝိုက်မှာတော့ ဖြတ်သွား ဖြတ်လာသူတွေနဲ့ လာရောက်ရေကစားကြတဲ့ သူတွေကျွေးမွေးဖို့ ရေဇီမှန်းချက်ကြတယ် ။ ရေးဇီမှန်း ချက်ရာမှာ တွဲဖက်ပြီး စားသုံးကြမယ့် စားစရာ အမယ်တွေနဲ့ မုန့်အမျိုးမျိုးတွေကိုလည်း အပျို လူပျိုတွေနဲ့ တက်ညီ လက်ညီ လုပ်ရတာပါ ။ မဏ္ဍပ်အနီးအနားမှာတော့ အိုးစည်ဝိုင်းကြီးနဲ့ ဖျော်ဖြေနေကြပြီး သံချုပ်ထိုးသူတွေ ၊ တိုးမှုကြသူတွေ ၊ က တဲ့သူတွေနဲ့ ရေကစားကြသူတွေ စည်ကားလို့နေတယ် ။ သင်္ကြန်အတွင်းသုံးရက်စလုံး ရေးဇီမှန်းနဲ့ တွဲဖက်စားသုံးမယ့်မုန့်တွေ လုပ်ကြကိုင်ကြနဲ့ သူ့ခေတ်သူ့အခါကဆိုရင်တော့ တော်တော်ကို ပျော်စရာကောင်းမှာပါ ။ နောက်ပြီးရင်လည်း အပျို လူပျိုတို့ တစ်ဦးနဲ့ တစ်ဦး တရားဝင်လက်ပွန်းတတီး နေခွင့်ရတဲ့ အချိန်ခါသမရလေးဖြစ်တာဆိုတော့လည်း အဖွားတို့အရွယ် အသက်ပိုင်းခြားတွေ တစ်သက် မမေ့နိုင်တဲ့ အချိန်လေးတွေ ဖြစ်နေကြမှာပါ ။

နှစ်ဆန်းတစ်ရက်နေ့ကျတော့ မဏ္ဍပ်မှာ ကာလသားသမီးတို့ လာရောက်ချိတ်ဆွဲထားတဲ့ အလှူဖွယ် ဝထ္ထုတို့ကို အကုန်သယ်ပြီး သက်ဆိုင်ရာရွာဘုန်းကြီးကျောင်းဆီကို သွားလှူရတာပါ ။ အဲခါကျရင် အလှူရှင်ကာလသား ကာလသမီးများကို ကျောင်းထိုင်ဘုန်းကြီးက တရားဟောပြီး ရေစက်ချ အမျှပေးဝေရပါတယ် ။ အဓိကအားဖြင့် ရေးဇီမှန်း စတုဒီသာအလှူပြုကြပြီး နောက်ဆုံးမှာ ပြုခဲ့သမျှ အလှူတို့ကို ဆရာတော် အရှေ့မှောက် တရားနာ ရေစက်ချ အမျှပေးဝေကြတာဖြစ်တယ် ။ အဖွားတို့ခေတ်က သင်္ကြန်မှာ ရေးဇီမှန်းလုပ်လှူကြတာက တကယ့်ကို ပြီးပြည့်စုံပြီး ချစ်စရာကောင်းတဲ့ ရိုးရာ ဓလေ့လေးတစ်ခုပါပဲ ။

အဖေတို့ အမေတို့ ခေတ်ကျတော့ ရေးဇီမှန်း ဓလေ့က နည်းနည်း ပြောင်းလဲလာပြီလို့ ဆိုပါတယ် ။ သူတို့ ခေတ်ကျတော့ အဖိုးတို့ အဖွားတို့ ခေတ်ကလို မဏ္ဍပ်ကြီးမှာ ရေးစီမှန်း လှူတဲ့ဓလေ့တွေ မရှိကြတော့ဘူးတဲ့ ။ အဲဒီချိန်တွေမှာ ကာလသားတွေက ရွာစဉ်လျှောက်လည်ပြီး ရေပက်ခံတဲ့ ဓလေ့တွေရှိနေကြပါပြီ ။ အတီးအမှုတ်ဘက်မှာ ဝါသနာပါပြီး ပါရမီရှိတဲ့ အဖေတို့ကျတော့ ကာလသားတွေစုပြီးသံချပ်ဖွဲ့ထောင်တယ် ။ တီးမှုတ်ကိရိယာတွေ အစုံအလင်ပါတဲ့ အဖေတို့ အဖွဲ့ဆိုရင် မြင်းလှည်းလေးတွေနဲ့ ရေပက်ခံထွက်ကြပြီး ရွာတန်းတစ်လျှောက် ရေကစားမဏ္ဍပ်တွေနဲ့ ဆုပေးမဏ္ဍပ်တွေမှာ သံချပ်ထိုးပြိုင်တာတို့ သီချင်းဆိုပြီုင်ကြတာတို့ကို အပြိုင် အဆိုင် လုပ်လာကြပြီလို့ သိရပါတယ် ။ အဲဒီ အချိန်တွေမှာတော့ ရွာကရေကစားမဏ္ဍပ်တွေမှာ ရေးစီမှန်းစတုဒီသာ ကျွေးတဲ့အလေ့ထတွေ တဖြည်းဖြည်း မှေးမှိန်လာကြပါပြီ ။ ဒါပေမယ့်လည်း ရွာထဲကအိမ်တိုင်းစေ့နီးပါးလိုလိုမှာ ရေးဇီမှန်းလုပ်လှူတဲ့ ဓလေ့တွေ ပေါ်လာတယ်လို့ သိရပါတယ် ။ အဲဒီလို လှူကြတာကလည်း သင်္ကြန်အကြိုရက်တွေကနေ သင်္ကြန်အပြီး နှစ်ဆန်းနှစ်ရက် သုံးရက်လောက်ထိတောင် လှူနေကြတုန်းပါတဲ့ ။ အဲဒီအချိန်က ကျွန်တော်တို့ ထားဝယ်သူ ထားဝယ်သားတွေ သင်္ကြန်ဆိုရင် ရေးဇီမှန်းကို မဖြစ်မနေလှူရမယ်လို့ စွဲမြဲပြီးခံယူထားပုံရပါတယ် ။ ရွာတွေမှာဆိုရင် ကိုယ့်အိမ်အနီးနားပတ်ဝန်းကျင် ခုနှစ်အိမ်လောက်အုပ်စု တစ်စုဖွဲကြပြီး ရေးဇီမှန်း လုပ်လှူကြတာပါ ။ ဒီဘက်အုပ်စုကလှူပြီးရင် နောက်တစ်အုပ်စုလှူတဲ့နေရာမှာ ဝိုင်းကူလုပ်ပြီး ဘုန်းကြီးကျောင်းတွေကိုအရင်ပို့ ၊ ပြီးရင်အိမ်နီးနားပတ်ဝန်းကျင်တွေကို လှူကြတာ ၊ ကျွးတာမျိုးတွေ လုပ်ကြပါတယ် ။ ဒီကြားထဲမှာ ဘုန်းကြီးတွေပင့် ၊ တရားနားပြီး တစ်ရွာလုံးကျွတ်ဖိတ်ထားတဲ့လူတွေကို ရေးဇီမှန်း ကြီးကြီးကျယ်ကျယ်လှူတာမျိုးလည်း ရှိပါသေးတယ် ။ အဖေတို့ အမေတို့ ခေတ်ရောက်တာ့ သင်္ကြန်မှာ ရေးဇီမှန်းကျွေးတဲ့ ဓလေ့က ပုံစံသာပြောင်းသွားပေမယ့်လည်း သင်္ကြန်နဲ့ ရေးဇီမှန်း ၊ ရေးဇီမှန်းနဲ့ သင်္ကြန် ခွဲလို့မရအောင် ဒွန်တွဲနေတုန်း ရှိသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ် ။

ကျွန်တော်တို့ ငယ်ငယ်က သင်္ကြန်ကာလတွေရောက်တော့ ရွာထဲမှာ တစ်အိမ်စ နှစ်အိမ်စ ကြီးကြီးကျယ်ကျယ် ရေးဇီမှန်းလုပ်လှူတာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ လှူတာတွေကို ကြုံခဲ့ဖူးခဲ့ရတော့တာပါ ။ အဖေတို့ အမေတို့ ခေတ်တွေတုန်းကလို ရွာထဲက အိမ်တွေ အစုဖွဲ့ပြီး အပြိုင် အဆိုင်လုပ်လှူတာမျိုးတော့ မတွေ့ရတော့ဘူး ။ အခုနောက်ပိုင်း ထားဝယ်ဒေသင်္ကြန်ကာလမှာ ရိုးရာရေဒဇီမှန်း လုပ်လှူတဲ့ ဓလေ့က တော်တော်လေးကို ရှားနေပါပြီ ။ လှူဖြစ်ပြန်ရင်လည်း ရိုးရာနည်းကို သွေဖယ်ပြီးလုပ်လာကြတယ်လို့လည်း သိရပါတယ် ။ ဥပမာ အသီးအရွက်ပေါင်းထုတ်ကို ငှက်ပျောရွက်နဲ့ ထုပ်ပေါင်းတာမျိုးမဟုတ်တော့ဘဲ လင်ဗန်းထဲအကုန်သွန်ထည့်ပြီးပေါင်းတာမျိုးနဲ့ ဖက်ရွက်နဲ့ ထုပ်ပြီးပေါင်းရတဲ့ မုန့်ကော်ထုတ်တွေကို ပလပ်စတင့်အိပ်နဲ့ ထုပ်ပြီးပေါင်းတာမျိုးတွေပါ ။ နောက်ပြီး ရေးဇီမှန်းနဲ့ တွဲဖက်လှူလေ့ရှိတဲ့ မုန့်တွေထဲက ကောက်ညှင်းပြန်ပေါင်းတို့ နဲ့ မုန့်ကော်ထုတ်တို့ကို မထည့်တော့ဘဲ အဓီက မုန့်ဖြစ်တဲ့ မုန့်ဆီ ၊ မုန့်ထိုးခွာ ( အစာသွပ် မုန့်ဆီကြော် ) တို့ကိုသာ လုပ်ကြတော့တယ်လို့ သိရပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ထားဝယ်ရေးဇီမှန်းရိုးမှန်ရင်တော့ ငါးပုပ်ခြောက်ဖုတ်နဲ့ အသီးရွက် ပေါင်းထုပ်က မပါမဖြစ်ပါရတာပါပဲ ။

ကျွန်တော်တို့ ငယ်ငယ်က သင်္ကြန်ကျပြီဆိုရင် ရေးဇီမှန်း စားရတော့မယ်ဆိုတော့ ကြိုပြီး ပျော်နေတတ်ကြပါတယ် ။ အဲဒီအချိန်တွေတုန်းကတော့ ရွာထဲမှာ အနည်းဆုံး သုံးလေးငါးအိမ်လောက်က ရေဇီမှန်း လုပ်လှူတတ်ကြတာမို့ပါ ။ အခုတော့ အဲဒီလိုသိပ်ပြီး မျော်လင့်လို့ မရတော့ပါဘူး ။ ကံကောင်းရင်တော့ သင်္ကြန်အချိန်တွေမှာ စားခွင့်ကြုံတတ်ပါတယ် ။ ဒါတောင်မှ အမယ်စုံတဲ့ ထားဝယ်ရေးဇီမှန်း မျိုး မဟုတ်ပါဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒါလေးကိုစားရရင်ပဲ အလှူရှင်ကို ကျေးဇူးတင်ရအုံးမှာပါ ။ ကျွန်တော်တို့ ထားဝယ် အခေါ် ရေးဇီမှန်း သို့မဟုတ် သင်္ကြန်ထမင်းဆိုတာကို မော်လှမြိုင်နဲ့ ရခိုင်ဒေသတို့မှာလည်း လုပ်လေ့ရှိတယ်လို့ သိရပါတယ် ။ ဒါပေမယ့်လည်း ထွဲဖက်စားသုံးရတဲ့ အစားအစာတွေက မတူကြပါဘူး ။ ကျွန်တော်တို့ ဘက်မှာ ငါးပုတ်ခြေက်မီးကင် နဲ့ အသီးအရွက်ပေါင်းထုတ်တွေ မပါမဖြစ် ထည့်သွင်းပြီး စားသုံးကြပေမယ့် သူတို့ ဆီမှာတော့ ငါပိကြော်လိုမျိုးနဲ့ တွဲဖက်စားသုံးကြတယ်လို့ သိရပါတယ် ။

အခု ကျွန်တော်ရေးပြတဲ့ ထားဝယ်ဒေသ ရိုးရာရေးဇီမှန်း သို့မဟုတ် သင်္ကြန်ထမင်းဓလေ့အကြောင်းဟာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက မင်းရပ်ရွာမှာ ကျွန်တော်တို့ အဘိုးအဖွား အစဉ်ဆက်ပြုလုပ်ခဲ့တာကို အခြေခံပြီး ဖော်ပြထားတာဖြစ်ပါတယ် ။ ထားဝယ်ဒေသထဲက နယ်တစ်နယ်ရဲ့အလေ့အထကို အခြေခံပြီး ရေးပြထားတာဆိုတော့ သင်္ကြန်အချိန်အတွင်း ပြုလုပ်လေ့ရှိတဲ့ ရေးဇီမှန်းဓလေ့ဟာ တခြားနေရာတွေက လုပ်ပုံလုံးနည်းနဲ့ ပုံစံအားဖြစ် နည်းနည်းပါးပါးကွဲလွဲတာတွေ ရှိနိုင်ပါတယ် ။ ဒါပေမယ့်လည်း ကြီးကြီးကျယ်ကျယ်ကွဲလွဲတာမျိုး မရှိလောက်ပါဘူး ။

အခုချိန်မှာ ကျွန်တော်တို့ ထားဝယ်ဒေသကလူငယ်လေးတွေ ကိုယ့်ရိုးရာဓလေ့တွေကို အလေးထားရကောင်းမှန်း ၊ ထိန်းသိမ်းရကောင်းမှန်း အတော်လေးသိနေကြပြီလို့ ထင်ပါတယ် ။ အခုလို ပြောရတာကလည်း အွန်လိုင်း မီဒီယာတွေမှာ ဖွင့်ဟထုတ်ဖေါ်ထားကြတဲ့ သူတို့ သဘောထားလေးတွေကို တွေ့နေရတာမို့ပါ ။ ဒါဆိုရင် ဒေသခံများအနေနဲ့ ကိုယ့်ဒေသက တိမ်မြုတ်ပျောက်ကွယ်လု ဖြစ်နေတဲ့ ရိုးရာဓလေ့လေးတွေကို အစဖော်ထုတ်ပြီး ထိန်းသိမ်းကြဖို့ ဆန္ဒရှိကြမှာ မလွဲပါဘူး ။ ဒီတော့ အရှေ့မှီနောက်မှီလူကြီးများနဲ့ လူငယ်များကလည်း ကိုယ့်ထားဝယ်ဒေသက ရိုးရာ ရေးဇီမှန်းဓလေ့လေး ဆက်လက်ရှင်သန်ထွန်းကားနေအောင် အလေးထားဆောင်ရွက်ကြဖို့ အချိန်တန်ပြီလို့ ထင်မိပါတယ် ။

( ရန်နောင်စိုး )


Zawgyi
 ဒီ တစ္နွစ္ သၾကၤန္က်ရင္ ရန္ကုန္နဲ႔ မႏၱေလးမွာရွိေနၾကတဲ့ ကၽြန္ေတာ္တို႔ ေမာင္နုမေတြ နွစ္တိုင္းလိုပဲ အေဖနဲ႔အေမရွိရာ ေမြးရပ္ေျမထား၀ယ္က မင္းရပ္ရြာအိမ္မွာဆံုၾကအံုးမွာပါ ။ လိုမိသားစုေတြ ဆံုတဲ့အခါက်ရင္ အေဖက သၾကၤန္ျပီးတာနဲ႔ အလွဴတစ္ခုျပဳလုပ္ခ်င္တယ္လို႔ ၾကိဳေျပာပါတယ္ ။ ျပီးေတာ့ အေဖက အဲဒီလွဴမွာ ေရးဇီမွန္း ( ေရစိမ္ထမင္း - သၾကၤန္ထမင္း ) လွဴခ်င္တာတဲ့ ။ သိပ္ေကာင္းတဲ့ အစီစဥ္ တစ္ခုပါပဲ ။ ကၽြန္ေတာ္တို႔ ေမာင္နုမေတြ အကုန္လံုးလည္း ေရးဇီမွန္းလွဴမယ့္ အစီစဥ္ကို သေဘာက်ၾကပါတယ္ ။ အေဖ သၾကၤန္မွာ ေရးဇီမွန္းလွဴခ်င္တဲ့ ရည္ရြယ္ခ်က္ကို ကၽြန္ေတာ္ေကာင္းေကာင္းသိတာေပါ့ ။ အရင္ကတည္းကေန အစဥ္ဆက္ လုပ္လာၾကတဲ့ ရိုးရာေရးဇီမွန္းဓေလ့ကို ျပန္လည္ေဖာ္ထုတ္ျပီး အေဖကလွဴခ်င္ေနတာပါ ။ အခုေနာက္ပိုင္းမွာကလည္း ကၽြန္ေတာ္တို႔နယ္မွာ ထား၀ယ္ရိုးရာေရးဇီမွန္း လွဴတာမ်ိဳးက ေတာ္ေတာ္ေလးရွားေနၾကျပီမလား ။ အသက္ ၂၀ ၀န္းက်င္ အရြယ္ေတြေလာက္ဆို ထား၀ယ္ေရးဇီမွန္း ဓေလ့ကိုေကာင္းေကာင္း မသိၾကေတာ့ဘူးေလ ။ သိရင္လည္း အမယ္စံုတဲ့ ထား၀ယ္ေရးဇီမွန္းကို သူတို႔မစားဖူးေလာက္ေတာ့ပါဘူး ။ ဒါေၾကာင့္ အေဖက ထား၀ယ္ေရးစီမွန္း ဓေလ့ေလးကို တတ္နိဳင္သေလာက္ ထိန္းသိမ္းခ်င္တဲ့ စိတ္နဲ႔ ထား၀ယ္ရိုးရာ အမယ္စံုတဲ့ ထား၀ယ္ေရးဇီမွန္းကို လုပ္လွဴခ်င္တာပါ ။ ျပီးေတာ့ ထား၀ယ္ရိုးရာေရဇီမွန္းဆိုတာ ဘယ္လိုမ်ိဳးလဲ ဆိုတာကို အခုေခတ္လူငယ္ေတြ သံုးေဆာင္ဖူးေစခ်င္တဲ့ ေစတနာလည္း ပါပါတယ္ ။

ထား၀ယ္ရိုးရာ ေရးဇီမွန္းဆိုတာ ထမင္းကိုေရစိမ္ျပီး ငါးပုပ္ေျခာက္ဖုတ္တို႔ ၊ အသီးအရြက္ ေပါင္းထုပ္တို႔နဲ႔ တြဲဖက္ျပီး စားသံုးရတဲ့ အစားအစာ တစ္မ်ိဳးပါပဲ ။ ဒါက အလြယ္ဆံုးနဲ႔ အနီးစပ္ဆံုးေျပာတာပါ ။ တကယ္တမ္း အဓိကျဖစ္တဲ့ ေရးစီမွန္း တစ္အမယ္္ျဖစ္ဖို႔ ခ်က္ရျပဳရတာ ေတာ္ေတာ္ေလးကိုလက္၀င္ပါတယ္ ။ ပထမဆံုး ေရးဇီမွန္း ျဖစ္ဖို႔ ဆန္ကိုအရင္ခ်က္ရပါတယ္ ။ ဆန္ကို ထမင္းခ်က္သလိုခ်က္ရတယ္ဆိုေပမယ့္ သာမန္စားတဲ့ထမင္းထက္ပိုေပ်ာ့ေအာင္ခ်က္ရတာပါ ။ လိုခ်င္တဲ့ထမင္း အေပ်ာ့အမာကို ရျပီဆိုရင္ ေရနဲ႔အၾကိမ္ၾကိမ္ေဆးရပါတယ္ ။ အဲဒီလို ေဆးရတာက ထမင္းကိုေဆးတဲ့ေရေတြ ၾကည္သြားေအာင္ထိကို ေဆးရတာပါ ။ အဲဒီလို တစ္အုိုးျပီး တစ္အိုးခ်က္ထားတဲ့ ထမင္းအေပ်ာ့ေတြကို ေရနဲ႔အၾကိမ္ၾကိမ္ေဆး ၊ ေနာက္ဆံုး ေရၾကည္သြားတဲ့အခါ ေရထက္၀က္ေရာျပီး ရာ၀င္စဥ့္အိုးၾကီးေတြကို ထည့္ထားလိုက္ပါတယ္ ။ အဲဒါေတြကို ေနာက္ဆံုးအဆင့္အေနနဲ႔ အေမႊးရနံ႔ေလး ေမႊးေနေစဖို႔ ရိုးရာနည္းနဲ႔ ျပဳလုပ္တဲ့ အေမႊးရနံ ႔ေလးတစ္ခုတည့္ရပါေသးတယ္ .။ ထမင္းမွာအေမႊးရနံ ႔ေလးရေနေစဖို႔ ေဒသထြက္သစ္ျမစ္ ( ေဒသအေခၚ ပန္းရိုးျမစ္ ) တစ္မ်ိဳးရယ္ ၊ ပ်ားဖေရာင္းရယ္နဲ႔ ဆန္မုန္႔တို႔ကို ခြက္ေလးတစ္ခြက္ထဲမွာမီးရို ႔ ၊ ေရးဇီမွန္းထည့္ထားတဲ့ ရာ၀င္စဥ့္အိုးထဲကိုထည့္ ၊ ျပီးရင္ အေငြ႕လံုေအာင္ ဖံုးထားရပါတယ္ ။ အဲဒီ ပံုစံမ်ိဳးပဲ ေရးဇီမွန္းထည့္ထားတဲ့ အိုးေတြ ရွိသမွ်အကုန္လံုးထဲကိုလည္း ထည့္ထားရတာပါ ။ ဒါေၾကာင့္ ေရးဇီမွန္းကို စားလိုက္တဲ့ အခါတိုင္း စားခ်င္စိတ္ကို ျဖစ္ေပၚေစတဲ့ အနံ ႔တစ္မ်ိဳးကိုရေနတာျဖစ္ပါတယ္ ။ တခ်ိဳ ႔ကလည္း ေရးဇီမွန္းထဲမွာ စပါယ္ပန္းကေလးေတြကို ၾကဲထားပါေသးတယ္ ။ ဒီေတာ့ စားလုိက္တဲ့အခါတိုင္း စပါယ္ပန္းရနံ႔ေလးပါ သင္းေနတာေပါ့ ။

ဒါက အဓိကေရးဇီမွန္းတစ္မယ္တည္းကို ဘယ္လု္ိခ်က္ၾကတယ္ဆိုတာကို ကၽြန္ေတာ္ သိေသေလာက္ေလးေရးျပတာပါ ။ ေနာက္ထပ္ ေရးဇီမွန္းနဲ႔ ထြဲဖက္စားသံုးတဲ့ ငါးပုပ္ေျခာက္ ၊ အသီးအရြက္ေပါင္းထုတ္ ၊ မုန္႔ဆီေၾကာ္ ၊ မုန္႔ထိုးခြာ ( အစာသြပ္မုန္႔ဆီေၾကာ္တစ္မ်ိဳး ) ၊ ေကာက္ညွင္းထုပ္ နဲ႔ မုန္႔ေကာ္ထုပ္ေတြ လုပ္ရတာေတြ ရွိပါေသးတယ္ ။

ကၽြန္ေတာ္တို႔ ထား၀ယ္ရိုးရာ ဓေလ့ေတြထဲက ေရးဇီမွန္းလုပ္လွဴတဲ့ဓေလ့ေလးကို နွစ္သက္ျပီး စိတ္၀င္စားမိတာမို႔ ကၽြန္ေတာ့္ အဖြားရွိစဥ္အခါတုန္းက အဲဒီဓေလ့နဲ႔ ပက္သက္ျပီး ေမးၾကည့္ခဲ့ဖူးပါတယ္ ။ အဖြား …. ေရးဇီမွန္းလုပ္ျပီး လွဴတဲ့ဓေလ့ကို ဘယ္အခ်ိန္ေလာက္ကတည္းက စတင္ခဲ့တာလဲ အဖြားသိသေလာက္ေျပာျပပါအံုး…. လို႔ ေမးၾကည့္ေတာ့….. အဲလိုမ်ိဳးေတာ့ အဖြားလည္း မသိဘူး ငါ့ေျမးရယ္ ….တဲ့ ။ အဲ .... တို႔ငယ္ငယ္ေလးတုန္းကေတာ့ သၾကၤန္က်ရင္ ေရးဇီမွန္းကို ၾကီးၾကီးက်ယ္က်ယ္ လုပ္ျပီး ေကၽြးၾက ၊ ေမြးၾကနဲ႔ ဘုန္းၾကီးေက်ာင္းေတြကိုပို႔လွဴၾကတာ တကယ့္ကို ေပ်ာ္စရာၾကီးပဲဲ ….. ဆိုျပီး အသက္ 90 ေက်ာ္ေနျပီ ျဖစ္တဲ့ အဖြားက သူငယ္ငယ္တုန္းက ေရးဇီမွန္း ဓေလ့အေၾကာင္းကို လြမ္းလြမ္းေဆြးေဆြးၾကီးနဲ႔ကို ျပန္ျပီး ေျပာျပေတာ့တာပါ ။

အဖြားတို႔ အသက္ 19 – 20 အရြယ္ 1935 ခုနွစ္၀န္းက်င္ေလာက္အခ်ိန္က သၾကၤန္က်ရင္ ဟိုရြာ ဒီရြာကူးသန္းျပီး ေရပက္ခံတဲ့ ဓေလ့မရွိေသးဘူးတဲ့ ။ အဲဒီေတာ့ ရြာထဲက အဓိကက်တဲ့ ေနရာေတြမွာပဲ သၾကၤန္ပြဲ ဆင္ႏြဲဖို႔အတြက္ မ႑ပ္ေတြ ခန္းခန္းနားနား ေဆာက္လုပ္ၾကတယ္ ။ တကယ္ေတာ့ အဲဒီမ႑ပ္ၾကီးက ပေဒသာပင္ၾကီး တစ္ခုလည္းျဖစ္တယ္ ။ အနီးနားရွိ လူပ်ိဳ အပ်ိဳေတြက မ႑ပ္ၾကီးဆီကို လာၾကျပီး ေရလာကစားၾကတဲ့အခါ ပေဒသာပင္မွာခ်ိတ္ဆြဲဖို႔ အတြက္ ဆန္ ၊ ဆီ ၊ ၾကက္သြန္ ၊ ငရုပ္နဲ႔ တျခားအလွဴဖြယ္ ပစၥည္းတြလာျပီး ခ်ိတ္ဆြဲၾကရတယ္ ။ မ႑ပ္အတြင္းနဲ႔ အနီးတ၀ိုက္မွာေတာ့ ျဖတ္သြား ျဖတ္လာသူေတြနဲ႔ လာေရာက္ေရကစားၾကတဲ့ သူေတြေကၽြးေမြးဖို႔ ေရဇီမွန္းခ်က္ၾကတယ္ ။ ေရးဇီမွန္း ခ်က္ရာမွာ တြဲဖက္ျပီး စားသံုးၾကမယ့္ စားစရာ အမယ္ေတြနဲ႔ မုန္႔အမ်ိဳးမ်ိဳးေတြကိုလည္း အပ်ိဳ လူပ်ိဳေတြနဲ႔ တက္ညီ လက္ညီ လုပ္ရတာပါ ။ မ႑ပ္အနီးအနားမွာေတာ့ အိုးစည္၀ိုင္းၾကီးနဲ႔ ေဖ်ာ္ေျဖေနၾကျပီး သံခ်ဳပ္ထိုးသူေတြ ၊ တိုးမွဳၾကသူေတြ ၊ က တဲ့သူေတြနဲ႔ ေရကစားၾကသူေတြ စည္ကားလို႔ေနတယ္ ။ သၾကၤန္အတြင္းသံုးရက္စလံုး ေရးဇီမွန္းနဲ႔ တြဲဖက္စားသံုးမယ့္မုန္႔ေတြ လုပ္ၾကကိုင္ၾကနဲ႔ သူ႔ေခတ္သူ႔အခါကဆိုရင္ေတာ့ ေတာ္ေတာ္ကို ေပ်ာ္စရာေကာင္းမွာပါ ။ ေနာက္ျပီးရင္လည္း အပ်ိဳ လူပ်ိဳတို႔ တစ္ဦးနဲ႔ တစ္ဦး တရား၀င္လက္ပြန္းတတီး ေနခြင့္ရတဲ့ အခ်ိန္ခါသမရေလးျဖစ္တာဆိုေတာ့လည္း အဖြားတို႔အရြယ္ အသက္ပိုင္းျခားေတြ တစ္သက္ မေမ႔နိဳင္တဲ့ အခ်ိန္ေလးေတြ ျဖစ္ေနၾကမွာပါ ။

နွစ္ဆန္းတစ္ရက္ေန႔က်ေတာ့ မ႑ပ္မွာ ကာလသားသမီးတို႔ လာေရာက္ခ်ိတ္ဆြဲထားတဲ့ အလွဴဖြယ္ ၀ထၳဳတို႔ကို အကုန္သယ္ျပီး သက္ဆိုင္ရာရြာဘုန္းၾကီးေက်ာင္းဆီကို သြားလွဴရတာပါ ။ အဲခါက်ရင္ အလွဴရွင္ကာလသား ကာလသမီးမ်ားကို ေက်ာင္းထိုင္ဘုန္းၾကီးက တရားေဟာျပီး ေရစက္ခ် အမွ်ေပးေ၀ရပါတယ္ ။ အဓိကအားျဖင့္ ေရးဇီမွန္း စတုဒီသာအလွဴျပဳၾကျပီး ေနာက္ဆံုးမွာ ျပဳခဲ့သမွ် အလွဴတို႔ကို ဆရာေတာ္ အေရွ ႔ေမွာက္ တရားနာ ေရစက္ခ် အမွ်ေပးေ၀ၾကတာျဖစ္တယ္ ။ အဖြားတို႔ေခတ္က သၾကၤန္မွာ ေရးဇီမွန္းလုပ္လွဴၾကတာက တကယ့္ကို ျပီးျပည့္စံုျပီး ခ်စ္စရာေကာင္းတဲ့ ရိုးရာ ဓေလ့ေလးတစ္ခုပါပဲ ။

အေဖတို႔ အေမတို႔ ေခတ္က်ေတာ့ ေရးဇီမွန္း ဓေလ့က နည္းနည္း ေျပာင္းလဲလာျပီလို႔ ဆိုပါတယ္ ။ သူတို႔ ေခတ္က်ေတာ့ အဖိုးတို႔ အဖြားတို႔ ေခတ္ကလို မ႑ပ္ၾကီးမွာ ေရးစီမွန္း လွဴတဲ့ဓေလ့ေတြ မရွိၾကေတာ့ဘူးတဲ့ ။ အဲဒီခ်ိန္ေတြမွာ ကာလသားေတြက ရြာစဥ္ေလွ်ာက္လည္ျပီး ေရပက္ခံတဲ့ ဓေလ့ေတြရွိေနၾကပါျပီ ။ အတီးအမွဳတ္ဘက္မွာ ၀ါသနာပါျပီး ပါရမီရွိတဲ့ အေဖတို႔က်ေတာ့ ကာလသားေတြစုျပီးသံခ်ပ္ဖြဲ ႔ေထာင္တယ္ ။ တီးမွဳတ္ကိရိယာေတြ အစံုအလင္ပါတဲ့ အေဖတို႔ အဖြဲ ႔ဆိုရင္ ျမင္းလွည္းေလးေတြနဲ႔ ေရပက္ခံထြက္ၾကျပီး ရြာတန္းတစ္ေလွ်ာက္ ေရကစားမ႑ပ္ေတြနဲ႔ ဆုေပးမ႑ပ္ေတြမွာ သံခ်ပ္ထိုးျပိဳင္တာတို႔ သီခ်င္းဆိုျပီဳင္ၾကတာတို႔ကို အျပိဳင္ အဆိုင္ လုပ္လာၾကျပီလို႔ သိရပါတယ္ ။ အဲဒီ အခ်ိန္ေတြမွာေတာ့ ရြာကေရကစားမ႑ပ္ေတြမွာ ေရးစီမွန္းစတုဒီသာ ေကၽြးတဲ့အေလ့ထေတြ တျဖည္းျဖည္း ေမွးမွိန္လာၾကပါျပီ ။ ဒါေပမယ့္လည္း ရြာထဲကအိမ္တိုင္းေစ့နီးပါးလိုလိုမွာ ေရးဇီမွန္းလုပ္လွဴတဲ့ ဓေလ့ေတြ ေပၚလာတယ္လို႔ သိရပါတယ္ ။ အဲဒီလို လွဴၾကတာကလည္း သၾကၤန္အၾကိဳရက္ေတြကေန သၾကၤန္အျပီး နွစ္ဆန္းနွစ္ရက္ သံုးရက္ေလာက္ထိေတာင္ လွဴေနၾကတုန္းပါတဲ့ ။ အဲဒီအခ်ိန္က ကၽြန္ေတာ္တို႔ ထား၀ယ္သူ ထား၀ယ္သားေတြ သၾကၤန္ဆိုရင္ ေရးဇီမွန္းကို မျဖစ္မေနလွဴရမယ္လို႔ စြဲျမဲျပီးခံယူထားပံုရပါတယ္ ။ ရြာေတြမွာဆိုရင္ ကိုယ့္အိမ္အနီးနားပတ္၀န္းက်င္ ခုနွစ္အိမ္ေလာက္အုပ္စု တစ္စုဖြဲၾကျပီး ေရးဇီမွန္း လုပ္လွဴၾကတာပါ ။ ဒီဘက္အုပ္စုကလွဴျပီးရင္ ေနာက္တစ္အုပ္စုလွဴတဲ့ေနရာမွာ ၀ိုင္းကူလုပ္ျပီး ဘုန္းၾကီးေက်ာင္းေတြကိုအရင္ပို႔ ၊ ျပီးရင္အိမ္နီးနားပတ္၀န္းက်င္ေတြကို လွဴၾကတာ ၊ ကၽြးတာမ်ိဳးေတြ လုပ္ၾကပါတယ္ ။ ဒီၾကားထဲမွာ ဘုန္းၾကီးေတြပင့္ ၊ တရားနားျပီး တစ္ရြာလံုးကၽြတ္ဖိတ္ထားတဲ့လူေတြကို ေရးဇီမွန္း ၾကီးၾကီးက်ယ္က်ယ္လွဴတာမ်ိဳးလည္း ရွိပါေသးတယ္ ။ အေဖတို႔ အေမတို႔ ေခတ္ေရာက္တာ့ သၾကၤန္မွာ ေရးဇီမွန္းေကၽြးတဲ့ ဓေလ့က ပံုစံသာေျပာင္းသြားေပမယ့္လည္း သၾကၤန္နဲ႔ ေရးဇီမွန္း ၊ ေရးဇီမွန္းနဲ႔ သၾကၤန္ ခြဲလို႔မရေအာင္ ဒြန္တဲြေနတုန္း ရွိေသးတယ္လို႔ ဆိုရမွာျဖစ္ပါတယ္ ။

ကၽြန္ေတာ္တို႔ ငယ္ငယ္က သၾကၤန္ကာလေတြေရာက္ေတာ့ ရြာထဲမွာ တစ္အိမ္စ နွစ္အိမ္စ ၾကီးၾကီးက်ယ္က်ယ္ ေရးဇီမွန္းလုပ္လွဴတာေတြနဲ႔ ဘုန္းၾကီးေက်ာင္းေတြမွာ လွဴတာေတြကို ၾကံဳခဲ့ဖူးခဲ့ရေတာ့တာပါ ။ အေဖတို႔ အေမတို႔ ေခတ္ေတြတုန္းကလို ရြာထဲက အိမ္ေတြ အစုဖြဲ႔ျပီး အျပိဳင္ အဆိုင္လုပ္လွဴတာမ်ိဳးေတာ့ မေတြ ႔ရေတာ့ဘူး ။ အခုေနာက္ပိုင္း ထား၀ယ္ေဒသၾကၤန္ကာလမွာ ရိုးရာေရဒဇီမွန္း လုပ္လွဴတဲ့ ဓေလ့က ေတာ္ေတာ္ေလးကို ရွားေနပါျပီ ။ လွဴျဖစ္ျပန္ရင္လည္း ရိုးရာနည္းကို ေသြဖယ္ျပီးလုပ္လာၾကတယ္လို႔လည္း သိရပါတယ္ ။ ဥပမာ အသီးအရြက္ေပါင္းထုတ္ကို ငွက္ေပ်ာရြက္နဲ႔ ထုပ္ေပါင္းတာမ်ိဳးမဟုတ္ေတာ့ဘဲ လင္ဗန္းထဲအကုန္သြန္ထည့္ျပီးေပါင္းတာမ်ိဳးနဲ႔ ဖက္ရြက္နဲ႔ ထုပ္ျပီးေပါင္းရတဲ့ မုန္႔ေကာ္ထုတ္ေတြကို ပလပ္စတင့္အိပ္နဲ႔ ထုပ္ျပီးေပါင္းတာမ်ိဳးေတြပါ ။ ေနာက္ျပီး ေရးဇီမွန္းနဲ႔ တြဲဖက္လွဴေလ့ရွိတဲ့ မုန္႔ေတြထဲက ေကာက္ညွင္းျပန္ေပါင္းတို႔ နဲ႔ မုန္႔ေကာ္ထုတ္တို႔ကို မထည့္ေတာ့ဘဲ အဓီက မုန္႔ျဖစ္တဲ့ မုန္႔ဆီ ၊ မုန္႔ထိုးခြာ ( အစာသြပ္ မုန္႔ဆီေၾကာ္ ) တို႔ကိုသာ လုပ္ၾကေတာ့တယ္လို႔ သိရပါတယ္ ။ ဘယ္လိုပဲျဖစ္ျဖစ္ ထား၀ယ္ေရးဇီမွန္းရိုးမွန္ရင္ေတာ့ ငါးပုပ္ေျခာက္ဖုတ္နဲ႔ အသီးရြက္ ေပါင္းထုပ္က မပါမျဖစ္ပါရတာပါပဲ ။

ကၽြန္ေတာ္တို႔ ငယ္ငယ္က သၾကၤန္က်ျပီဆိုရင္ ေရးဇီမွန္း စားရေတာ့မယ္ဆိုေတာ့ ၾကိဳျပီး ေပ်ာ္ေနတတ္ၾကပါတယ္ ။ အဲဒီအခ်ိန္ေတြတုန္းကေတာ့ ရြာထဲမွာ အနည္းဆံုး သံုးေလးငါးအိမ္ေလာက္က ေရဇီမွန္း လုပ္လွဴတတ္ၾကတာမို႔ပါ ။ အခုေတာ့ အဲဒီလိုသိပ္ျပီး ေမ်ာ္လင့္လို႔ မရေတာ့ပါဘူး ။ ကံေကာင္းရင္ေတာ့ သၾကၤန္အခ်ိန္ေတြမွာ စားခြင့္ၾကံဳတတ္ပါတယ္ ။ ဒါေတာင္မွ အမယ္စံုတဲ့ ထား၀ယ္ေရးဇီမွန္း မ်ိဳး မဟုတ္ပါဘူး ။ ဘယ္လိုပဲ ျဖစ္ျဖစ္ အဲဒါေလးကိုစားရရင္ပဲ အလွဴရွင္ကို ေက်းဇူးတင္ရအံုးမွာပါ ။ ကၽြန္ေတာ္တို႔ ထား၀ယ္ အေခၚ ေရးဇီမွန္း သို႔မဟုတ္ သၾကၤန္ထမင္းဆိုတာကို ေမာ္လွျမိဳင္နဲ႔ ရခိုင္ေဒသတို႔မွာလည္း လုပ္ေလ့ရွိတယ္လို႔ သိရပါတယ္ ။ ဒါေပမယ့္လည္း ထြဲဖက္စားသံုးရတဲ့ အစားအစာေတြက မတူၾကပါဘူး ။ ကၽြန္ေတာ္တို႔ ဘက္မွာ ငါးပုတ္ေျခက္မီးကင္ နဲ႔ အသီးအရြက္ေပါင္းထုတ္ေတြ မပါမျဖစ္ ထည့္သြင္းျပီး စားသံုးၾကေပမယ့္ သူတို႔ ဆီမွာေတာ့ ငါပိေၾကာ္လိုမ်ိဳးနဲ႔ တြဲဖက္စားသံုးၾကတယ္လို႔ သိရပါတယ္ ။

အခု ကၽြန္ေတာ္ေရးျပတဲ့ ထား၀ယ္ေဒသ ရိုးရာေရးဇီမွန္း သို႔မဟုတ္ သၾကၤန္ထမင္းဓေလ့အေၾကာင္းဟာ ထား၀ယ္ခရိုင္ ေလာင္းလံုးျမိဳ ႔နယ္ထဲက မင္းရပ္ရြာမွာ ကၽြန္ေတာ္တို႔ အဘုိုးအဖြား အစဥ္ဆက္ျပဳလုပ္ခဲ့တာကို အေျခခံျပီး ေဖာ္ျပထားတာျဖစ္ပါတယ္ ။ ထား၀ယ္ေဒသထဲက နယ္တစ္နယ္ရဲ ႔အေလ့အထကို အေျခခံျပီး ေရးျပထားတာဆိုေတာ့ သၾကၤန္အခ်ိန္အတြင္း ျပဳလုပ္ေလ့ရွိတဲ့ ေရးဇီမွန္းဓေလ့ဟာ တျခားေနရာေတြက လုပ္ပံုလံုးနည္းနဲ႔ ပံုစံအားျဖစ္ နည္းနည္းပါးပါးကြဲလြဲတာေတြ ရွိနိဳင္ပါတယ္ ။ ဒါေပမယ့္လည္း ၾကီးၾကီးက်ယ္က်ယ္ကြဲလြဲတာမ်ိဳး မရွိေလာက္ပါဘူး ။

အခုခ်ိန္မွာ ကၽြန္ေတာ္တို႔ ထား၀ယ္ေဒသကလူငယ္ေလးေတြ ကိုယ့္ရိုးရာဓေလ့ေတြကို အေလးထားရေကာင္းမွန္း ၊ ထိန္းသိမ္းရေကာင္းမွန္း အေတာ္ေလးသိေနၾကျပီလို႔ ထင္ပါတယ္ ။ အခုလို ေျပာရတာကလည္း အြန္လိုင္း မီဒီယာေတြမွာ ဖြင့္ဟထုတ္ေဖၚထားၾကတဲ့ သူတို႔ သေဘာထားေလးေတြကို ေတြ ႔ေနရတာမို႔ပါ ။ ဒါဆိုရင္ ေဒသခံမ်ားအေနနဲ႔ ကိုယ့္ေဒသက တိမ္ျမဳတ္ေပ်ာက္ကြယ္လု ျဖစ္ေနတဲ့ ရိုးရာဓေလ့ေလးေတြကို အစေဖာ္ထုတ္ျပီး ထိန္းသိမ္းၾကဖို႔ ဆႏၵရွိၾကမွာ မလြဲပါဘူး ။ ဒီေတာ့ အေရွ ႔မွီေနာက္မွီလူၾကီးမ်ားနဲ႔ လူငယ္မ်ားကလည္း ကိုယ့္ထား၀ယ္ေဒသက ရိုးရာ ေရးဇီမွန္းဓေလ့ေလး ဆက္လက္ရွင္သန္ထြန္းကားေနေအာင္ အေလးထားေဆာင္ရြက္ၾကဖို႔ အခ်ိန္တန္ျပီလို႔ ထင္မိပါတယ္ ။

( ရန္ေနာင္စိုး )

No comments:

Post a Comment