ထားဝယ်မြို့၊ဆန်းချီ အ-မ-က
ရပ်ကွက်လုံးကျွတ် မြတ်ဆရာ ပူဇော်ပွဲ
အခမ်းအနားအစီအစဉ်( ၁ ) ကာလများစွာကင်းကွာခဲ့သောကျောင်းကလေး၏ခေါင်းလောင်းသံအားပြန်လည်ခံစားခြင်း
အခမ်းအနားအစီအစဉ်( ၂ )ကန်တော့ကြမည့်ကျောင်းသား/သူများနေရာယူခြင်း။
အခမ်းအနားအစီအစဉ်( ၃ )အသက်၇၀နှစ် နှင့်အထက်ဆရာ ၊ဆရာမကြီးများနေရာယူခြင်း
အခမ်းအနားအစီအစဉ်( ၄ )မြတ်ဆရာဂုဏ်ပြုတေးဖြင့် အခမ်းအနားကိုဖွင့်လှစ်
ဆန်းချီရပ်ကွက်သူ ဒေါ်သန်းညွန့် ဂုဏ်ပြုတေးဖြင့် ဂါရ၀ပြုပါသည်။
အခမ်းအနားအစီအစဉ်( ၅ ) မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် “မောင်အေးမင်း” မှ နှုတ်ခွန်းဆက်ဂါရ၀ စကားပြောကြားခြင်း။
ဤသို့ပြောကြားရာတွင် ဆရာတစ်ယောက်၏အရည်အချင်းများဖြစ်သော ၀ါသနာ၊စေတနာ၊အနစ်နာ ဆိုသော “နာသုံးနာ” မှ အနစ်နာခံခြင်းကို အဓိကထား၍ပြောကြားသွားပါသည်။
ဆရာတို့သည် မိမိတပည့်များအပေါ်တတ်စေချင်သောဆန္ဒလောဘ၊တော်စေချင်လွန်းသောဆန္ဒလောဘ၊လိမ်မာစေချင်လွန်းသောဆန္ဒလောဘ၊နှင့် သွန်သင်ဆုံးမသည်ကိုမလိုက်နာလျှင်ဖြစ်ပေါ်လာသောဒေါသ တို့ကြောင့် ရုတ်တရက်သေဆုံးမည်ဆိုလျှင် ....ဒေါသနှင့်သေလျှင်“ငရဲ” ၊ လောဘနှင့်သေလျှင်“ပြိတ္တာ” ကလွဲ၍ တခြားလားရာသည်မရှိ။ထို့ ကြောင့်ဆရာဆိုသည်မှာ သံသရာတစ်ခုလုံး“နစ်” သည်အထိ “အနာခံ” တတ်သောပုဂ္ဂိုလ်များ” ဟု မှတ်ယူရမှာဖြစ်ကြောင်းပြောကြားသွားသည်။
ဆရာမကြီးဒေါ်လှရွှေမှ ရင်ထဲပီတိစကားနှင့် ဆုံးမသြ၀ါဒပေးခြင်း
ဆရာမကြီးဒေါ်ခင်ကြူ မှ ရင်ထဲပီတိစကားနှင့် ဆုံးမသြ၀ါဒပေးခြင်း
ကျောင်းသား ဟောင်း ဦးတင့်ဆွေ မှ ရင်ထဲပီတိစကားနှင့်ကျေးဇူးတင်စကားပြောကြားခြင်း
မြတ်ဆရာပူဇော်ပွဲ အောင်မြင်ခြင်းအထိမ်းမှတ် အောင်ခရေပင်စိုက်ပျိုးခြင်း
အောင်ခရေပင်ကို မြတ်ဆရာပူဇော်ပွဲကော်မတီအဖွဲ့ဝင် ဦးဇော်မောင်မှ စိုက်ပျိုးပေး၍ဆန်းချီ အ-မ-က ပထမဆုံး ကျောင်းအုပ်ကြီးဦးအုန်းလွင်မှ ရွှေရည် ကိုလည်းကောင်း၊
ယခုကျောင်းအုပ်ဆရာမကြီးဒေါ်တင်တင်ယု နှင့် မြတ်ဆရာပူဇော်ပွဲကော်မတီအဖွဲ့ဝင် ဦးဖေခင် တို့မှ ငွေရည် များသွန်းလောင်းကြပါသည်။
ကျောင်းသားဟောင်းများမှ မိမိတို့ချစ်ခင်လေးမြတ်ပြုရသော မိမိဆရာများအားသီးသန့်ကန်တော့ကြ၍ အခမ်းအနားကိုရုတ်သိမ်းသည်။
ဆန်းချီအ-မ-က အငြိမ်းစားဆရာမကြီးများနှင့် တာဝန်ထမ်းဆောင်ဆဲဆရာမများ |
ဆန်းချီ အ-မ-က တွင်တာဝန်ထမ်းဆောင်ဆဲ ဆရာမများ |