Pages

Wednesday, November 25, 2015

ဗီတာမင်- ဒီ ပုံမှန်မှီဝဲပေးခြင်းက ပန်းသေပန်းညှိုးရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်




တစ်နေ့ကို ဗီတာမင်ဒီ ဆေးပြားတစ်ပြားမှီဝဲပေးတာက ပန်းသေပန်းညှိုးရောဂါခံစားနေမှုကို ကြိုတင်ကာကွယ်ပေးနိုင်ကြောင်း ဆေးပါရဂူတွေက ပြောကြားလိုက်ပါတယ်။

ခန္ဓာကိုယ်မှာ ဗီတာမင်ဒီဓာတ်ချို့တဲ့ခြင်းဟာ သွေးတိုးဆီးချိုကနေ နှလုံးရောဂါ၊ သွေးပေါင်ချိန်တက်တာတွေ အထိဖြစ်နိုင်တယ်လို့ သိရပါတယ်။ ယခုအခါ  နာမည်ကျော် Johns Hopkins တက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ ဒီ ဗီတာမင်ဒီဓာတ် နည်းပါးခြင်းက ပန်းသေပန်းညှိုးကိုလည်း ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

Dr Michos နဲ့သူမရဲသုတေသနအဖွဲ့ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်း အမျိုးသားကျန်းမာရေးနဲ့အာဟာရဓာတ်စစ်ဆေးလေ့လာမှုစာရင်းမှာ ပါဝင်ခဲ့တဲ့ အသက် ၂၀ အထက် အမျိုးသားပေါင်း ၃၄၀၀ ရဲ့ အချက်အလက်တွေကို ပိုင်းခြားလေ့လာခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ အမျိုးသားတွေမှာ ဘယ်သူမှနှလုံးရောဂါမရှိကြဘဲ၊ ၃၀ ရာခိုင်နှုန်းကတော့ ဗီတာမင်ဒီဓာတ်ချို့တဲ့ကာ ၁၆ ရာခိုင်နှုန်းမှာ ပန်းသေပန်းညှိုးလက္ခဏာတွေ ခံစားနေကြတာဖြစ်ပါတယ်။

သွေးတစ်မီလီလီတာအတွင်း ဗီတာမင်ဒီပါဝင်မှု ၂၀ နာနိုဂရမ်ထက်နည်းရင် ဗီတာမင်ဒီဓာတ်ချို့တဲ့တယ်လို့ သတ်မှတ်ထားပြီး ပန်းသေပန်းညှိုးခံစားနေရတဲ့အမျိုးသား ၃၅ ရာခိုင်နှုန်းမှာ ၂၀ နာနိုဂရမ်ထက် နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါဟာ ဗီတာမင်ဒီချို့တဲ့နေရင် ဗီတာမင်ဒီလုံလုံလောက်လောက်ရတဲ့ အမျိုးသားတစ်ယောက်ထက် ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်းပိုများနေတာဖြစ်ပြီး ဒီ တွေ့ရှိမှုဟာ ပန်းသေမှုကို ဖြစ်နိုင်တဲ့ တခြား အကြောင်းအရာတွေဖြစ်တဲ့ တချို့သောဆေးဝါးတွေမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆီးချို၊ ရောင်ရမ်းမှုရောဂါနဲ့သွေးပေါင်ချိန်များခြင်း စတဲ့ အချက်တွေကို ထည့်တွက်ပြီးတာတောင် ဗီတာမင်ဒီ ချို့တဲ့ခြင်းက အဓိကပြဿနာတစ်ခုဖြစ်နေတာကို တွေ့ရှိရတာဖြစ်တယ်လို့သုတေသနပညာရှင်တွေက ဆိုပါတယ်။

ပန်းသေပန်းညှိုးရောဂါကို အသက် ၄၀ အထက် အမျိုးသား ၄၀ ရာခိုင်နှုန်းကြုံတွေ့နေရပြီး အသက် ၇၀ အထက် မှာဆို ၇၀ ရာခိုင်နှုန်းရှိနေတယ်လို့သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail
Zawgyi
တစ္ေန ့ကို ဗီတာမင္ဒီ ေဆးျပားတစ္ျပားမွီ၀ဲေပးတာက ပန္းေသပန္းညွိဳးေရာဂါခံစားေနမွဳကို ၾကိဳတင္ကာကြယ္ေပးႏိုင္ေၾကာင္း ေဆးပါရဂူေတြက ေျပာၾကားလုိက္ပါတယ္။

ခႏၶာကိုယ္မွာ ဗီတာမင္ဒီဓာတ္ခ်ိဳ ့တဲ့ျခင္းဟာ ေသြးတုိးဆီးခ်ဳိကေန ႏွလုံးေရာဂါ၊ ေသြးေပါင္ခ်ိန္တက္တာေတြ အထိျဖစ္ႏိုင္တယ္လုိ ့ သိရပါတယ္။ ယခုအခါ  နာမည္ေက်ာ္ Johns Hopkins တကၠသိုလ္က သုေတသန ပညာရွင္ေတြဟာ ဒီ ဗီတာမင္ဒီဓာတ္ နည္းပါးျခင္းက ပန္းေသပန္းညွိဳးကိုလည္း ျဖစ္ေစႏိုင္တယ္လုိ ့ ဆုိပါတယ္။

Dr Michos နဲ ့သူမရဲသုေတသနအဖြဲ ့ဟာ ၂၀၀၁ ခုႏွစ္ကေန ၂၀၀၄ ခုႏွစ္အတြင္း အမ်ိဳးသားက်န္းမာေရးနဲ ့အာဟာရဓာတ္စစ္ေဆးေလ့လာမွဳစာရင္းမွာ ပါ၀င္ခဲ့တဲ့ အသက္ ၂၀ အထက္ အမ်ိဳးသားေပါင္း ၃၄၀၀ ရဲ့ အခ်က္အလက္ေတြကို ပုိင္းျခားေလ့လာခဲ့ၾကတာျဖစ္ပါတယ္။ အဆုိပါ အမ်ိဳးသားေတြမွာ ဘယ္သူမွႏွလုံးေရာဂါမရွိၾကဘဲ၊ ၃၀ ရာခိုင္ႏွဳန္းကေတာ့ ဗီတာမင္ဒီဓာတ္ခ်ိဳ ့တဲ့ကာ ၁၆ ရာခိုင္ႏွဳန္းမွာ ပန္းေသပန္းညွိဳးလကၡဏာေတြ ခံစားေနၾကတာျဖစ္ပါတယ္။

ေသြးတစ္မီလီလီတာအတြင္း ဗီတာမင္ဒီပါ၀င္မွဳ ၂၀ နာႏိုဂရမ္ထက္နည္းရင္ ဗီတာမင္ဒီဓာတ္ခ်ိဳ ့တဲ့တယ္လုိ ့ သတ္မွတ္ထားျပီး ပန္းေသပန္းညွိဳးခံစားေနရတဲ့အမ်ိဳးသား ၃၅ ရာခိုင္ႏွဳန္းမွာ ၂၀ နာႏိုဂရမ္ထက္ နည္းေနတာကို ေတြ ့ရွိခဲ့ရပါတယ္။

ဒါဟာ ဗီတာမင္ဒီခ်ိဳ ့တဲ့ေနရင္ ဗီတာမင္ဒီလုံလုံေလာက္္ေလာက္ရတဲ့ အမ်ိဳးသားတစ္ေယာက္ထက္ ပန္းေသပန္းညွိဳးျဖစ္ႏုိင္ေျခ ၃၂ ရာခို္င္ႏွဳန္းပုိမ်ားေနတာျဖစ္ျပီး ဒီ ေတြ ့ရွိမွဳဟာ ပန္းေသမွဳကို ျဖစ္ႏုိင္တဲ့ တျခား အေၾကာင္းအရာေတြျဖစ္တဲ့ တခ်ိဳ ့ေသာေဆး၀ါးေတြမွီ၀ဲျခင္း၊ အရက္ေသာက္ျခင္း၊ ေဆးလိပ္ေသာက္ျခင္း၊ ဆီးခ်ိဳ၊ ေရာင္ရမ္းမွဳေရာဂါနဲ ့ေသြးေပါင္ခ်ိန္မ်ားျခင္း စတဲ့ အခ်က္ေတြကို ထည့္တြက္ျပီးတာေတာင္ ဗီတာမင္ဒီ ခ်ိဳ ့တဲ့ျခင္းက အဓိကျပႆနာတစ္ခုျဖစ္ေနတာကို ေတြ ့ရွိရတာျဖစ္တယ္လုိ ့သုေတသနပညာရွင္ေတြက ဆုိပါတယ္။

ပန္းေသပန္းညွိဳးေရာဂါကို အသက္ ၄၀ အထက္ အမ်ိဳးသား ၄၀ ရာခိုင္ႏွဳန္းၾကဳံေတြ ့ေနရျပီး အသက္ ၇၀ အထက္ မွာဆုိ ၇၀ ရာခိုင္ႏွဳန္းရွိေနတယ္လုိ ့သုေတသနပညာရွင္ေတြက ေျပာၾကားခဲ့ပါတယ္။

( Ye Wint )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com

Ref : Dailymail

ဝက်အူချောင်းလို ပြုပြင်ထားတဲ့ အသားတွေက ကင်ဆာဖြစ်စေနိုင်


ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ဟော့ဒေ့ါ၊ အသားခြောက်၊ အသားဗူးနဲ့salami လို ပြုပြင်ထားတဲ့ အသားတွေကို အစားများရင် ကင်ဆာရောဂါဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ပြောပါတယ်။ 

Processed meat လို့ ခေါ်တဲ့ ပြုပြင်ထားတဲ့ အသားတွေကို နေ့စဉ် ၅၀ဂရမ် ဒါမှမဟုတ် ၁.၈ အောင်စ ပုံမှန်စားရင် အူမကြီး ကင်ဆာဖြစ်ဖို့၁၈% ပိုများတယ်လို့ ဖော်ပြထားပါတယ်။

ကမ္ဘာတလွှားမှာ လေ့လာမှု အခုပေါင်း ၈၀၀ လောက် ပြုလုပ်ပြီးတဲ့နောက် သိပ္ပံနည်းကျကျ တွေ့ရှိတာ ဖြစ်တယ်လို့ ပြောပါတယ်။

ပြုပြင်ထားတဲ့ အသားတွေမှာ အနံ့ကောင်းမွန်အောင်၊အထားခံအောင်လုပ်ဆောင်ရတဲ့အတွက် ဆားနဲ့ ဓာတုပစ္စည်း တချို့ကိုအသုံးပြုရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် အမဲသား၊ ဝက်သား ရိုးရိုးကို စားသုံးတာထက် ပြုပြင်ထားတဲ့အသားတွေကို စားတာက ပိုအန္တာရာယ် များတယ်လို့ ဖော်ပြထားပါတယ်။
အူမကြီးကင်ဆာသာမက သရက်ရွက်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
အဲဒီလို ပြုပြင်ထားတဲ့ အသားတွေကြောင့် တစ်နှစ်ကို ကမ္ဘာတဝှမ်းက လူပေါင်း ငါးသောင်းလောက် သေဆုံးရနိုင်တယ်လို့ ပြောပါတယ်။

အသားဟာ လူတွေအတွက် အရေးကြီးတဲ့ အာဟာရ ဖြစ်တာကြောင့် စားသုံးသင့်ပေမယ့်အာဟာရ ရရှိမှုနဲ့ အန္တာရာယ်ကို ချိန်ဆဖို့ ကျန်းမာရေးအဖွဲ့ကတိုက်တွန်းထားပါတယ်။

သြစတြေးလျနိုင်ငံမှာလည်း အမျိုးသားတွေက အမျိုးသမီးတွေထက်အသားစားသုံးနှုန်း ပိုများတဲ့အတွက် ကိုယ်လက်လေ့ကျင့်ခန်းတွေအပြင် အသီး၊အနှံတွေလည်း စားသုံးပေးဖို့ လိုအပ်တယ်လို့ ကျန်းမာရေး ပညာရှင်တွေကသတိပေးလိုက်ပါတယ်။

ပြုပြင်ထားတဲ့ အသားတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ ဒီတွေ့ရှိချက်ဟာ မဟုတ်မမှန်ဘူးလို့ ငြင်းဆိုထားပါတယ်။

ဆေးလိပ်သောက်တာကနေ ကင်ဆာရောဂါ ဖြစ်နိုင်တဲ့နှုန်းကတော့ အသားစားတာထက် အဆ ၂၀ ပိုများတယ်လို့လည်း သိရပါတယ်။

 ABC Radio Australia
http://www.radioaustralia.net.au/burmese
Zawgyi
ဝက္အူေခ်ာင္း၊ ​ဝက္ေပါင္ေျခာက္၊ ​ေဟာ့ေဒ့ါ၊ ​အသားေျခာက္၊ ​အသားဗူးနဲ႔ ​salami ​လို ​ျပဳျပင္ထားတဲ့ ​အသားေတြကို ​အစားမ်ားရင္ ​ကင္ဆာေရာဂါ ​ျဖစ္ႏိုင္တယ္လို႔ ​ကမာၻ႔က်န္းမာေရး ​အဖြဲ႔ ​WHO ​က ​ေျပာပါတယ္။ ​

Processed ​meat ​လို႔ ​ေခၚတဲ့ ​ျပဳျပင္ထားတဲ့ ​အသားေတြကို ​ေန႔စဥ္ ​၅၀ ​ဂရမ္ ​ဒါမွမဟုတ္ ​၁.၈ ​ေအာင္စ ​ပုံမွန္စားရင္ ​အူမႀကီး ​ကင္ဆာျဖစ္ဖို႔ ​၁၈% ​ပိုမ်ားတယ္လို႔ ​ေဖာ္ျပထားပါတယ္။

ကမာၻတလႊားမွာ ​ေလ့လာမႈ ​အခုေပါင္း ​၈၀၀ ​ေလာက္ ​ျပဳလုပ္ၿပီးတဲ့ေနာက္ ​သိပၸံနည္းက်က် ​ေတြ႔ရွိတာ ​ျဖစ္တယ္လို႔ ​ေျပာပါတယ္။

ျပဳျပင္ထားတဲ့ ​အသားေတြမွာ ​အနံ႕ေကာင္းမြန္ေအာင္၊ ​အထားခံေအာင္လုပ္ေဆာင္ရတဲ့အတြက္ ​ဆားနဲ႔ ​ဓာတုပစၥည္း ​တခ်ဳိ႕ကို ​အသုံးျပဳရတာ ​ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ​အမဲသား၊ ​ဝက္သား ​ရိုးရိုးကို ​စားသုံးတာထက္ ​ျပဳျပင္ထားတဲ့ ​အသားေတြကို ​စားတာက ​ပိုအႏၱာရာယ္ ​မ်ားတယ္လို႔ ​ေဖာ္ျပထားပါတယ္။
အူမႀကီးကင္ဆာသာမက ​သရက္ရြက္ကင္ဆာနဲ႔ ​ဆီးက်ိတ္ကင္ဆာေတြ ​ျဖစ္ႏိုင္တယ္လို႔လည္း ​ဆိုပါတယ္။
အဲဒီလို ​ျပဳျပင္ထားတဲ့ ​အသားေတြေၾကာင့္ ​တစ္ႏွစ္ကို ​ကမာၻတဝွမ္းက ​လူေပါင္း ​ငါးေသာင္းေလာက္ ​ေသဆုံးရႏိုင္တယ္လို႔ ​ေျပာပါတယ္။

အသားဟာ ​လူေတြအတြက္ ​အေရးႀကီးတဲ့ ​အာဟာရ ​ျဖစ္တာေၾကာင့္ ​စားသုံးသင့္ေပမယ့္ ​အာဟာရ ​ရရွိမႈနဲ႔ ​အႏာၱရာယ္ကို ​ခ်ိန္ဆဖို႔ ​က်န္းမာေရးအဖြဲ႔က ​တိုက္တြန္းထားပါတယ္။

ၾသစေၾတးလ်ႏိုင္ငံမွာလည္း ​အမ်ဳိးသားေတြက ​အမ်ဳိးသမီးေတြထက္ ​အသားစားသုံးႏွဳန္း ​ပိုမ်ားတဲ့အတြက္ ​ကိုယ္လက္ေလ့က်င့္ခန္းေတြအျပင္ ​အသီး၊ ​အႏွံေတြလည္း ​စားသုံးေပးဖို႔ ​လိုအပ္တယ္လို႔ ​က်န္းမာေရး ​ပညာရွင္ေတြက ​သတိေပးလိုက္ပါတယ္။

ျပဳျပင္ထားတဲ့ ​အသားေတြကို ​ထုတ္လုပ္တဲ့ ​ကုမၸဏီေတြကေတာ့ ​ဒီေတြ႔ရွိခ်က္ဟာ ​မဟုတ္မမွန္ဘူးလို႔ ​ျငင္းဆိုထားပါတယ္။

ေဆးလိပ္ေသာက္တာကေန ​ကင္ဆာေရာဂါ ​ျဖစ္ႏိုင္တဲ့ႏွဳန္းကေတာ့ ​အသားစားတာထက္ ​အဆ ​၂၀ ​ပိုမ်ားတယ္လို႔လည္း ​သိရပါတယ္။

 ABC Radio Australia
http://www.radioaustralia.net.au/burmese