ယုဂ် များ (YOGAS )
ဂြိုဟ်တို့၏ ရပ်တည်ခြင်း ၊ ပူးခြင်း ၊ မြင်ခြင်း ၊ သမ္ဗန္ဓပြု ခြင်း တို့ကိုအကြောင်းပြု၍ “ ယုဂ် ”
ဖြစ်ပေါ်လာသည် ။
ရာဇယုဂ်များ
ရာဇယုဂ် ရသော ဇာတာရှင်သည် ကာလ ၊ဒေသ အကြောင်းကိစ္စအားလျှော်စွာ ထင်ပေါ်ကျော်ကြားခြင်း ၊ လူအများ၏ကြည်ညို လေးစားခြင်း ၊ ပူဇော်ခံရခြင်း ၊ စည်းစိမ် သုခနှင့်ပြည့်စုံခြင်း ၊ ကိုယ် စိတ် နှစ်ပါး ချမ်းသာခြင်း ၊ အခြွေ အရံ များခြင်း ၊ မိတ်ဆွေ အပေါင်းအသင်းတို့၏ အကျိုးကိုဆောင်ရွက်ခြင်း၊ ၊ မိတ်ဆွေ အပေါင်းအသင်းတို့၏ ချီးမြှင့် မြှောက်စားမှုကို ခံယူရခြင်း စိတ်သဘောထားပြည့်ဝခြင်း ၊ ခွင့်လွှတ်ခြင်း ၊ သည်းခံခြင်း ၊ ပညာဉာဏ်အမြော်အမြင်ရှိခြင်း ၊ မည်သည့်ပညာရပ်မဆို လွယ်ကူစွာတတ်မြောက်ခြင်း၊ ရန်သူအပေါင်းကိုနိုင်ခြင်း ၊ ခေါင်းဆောင်ဖြစ်ရခြင်း ၊ အမျိုး၌ထင်ပေါ်ခြင်း ၊
စသည့်အကျိုးများခံစားရလေသည် ။
ဗြို့ ဟဇ်ဇာတက ကျမ်းပြု ဝရဟမိဟိရ ၏အလိုရ ရာဇယုဂ်များ
၁။ မွေးဖွားချိန်တွင် ဂြိုဟ် (၂)လုံး သို့မဟုတ် (၃) လုံးသည် မိမိဥစ် အိမ် ၊ သို့မဟုတ်
ကသစ်အိမ်တွင်ရပ်တည်ကြပြီး တပြိုင်တည်းမှာပင် ြ၈ိုဟ်တစ်လုံးနှင့်တစ်လုံး တြိကောဏ
အနေအထားရှိလျှင် မင်းမျိုး ဖြစ်ပါက မင်းဖြစ်လိမ့်မည် ။
၂ ။ မွေးဖွားချိန်တွင် ဂြိုဟ်-၅လုံးနှင့်အထက်သည် မိမိဥစ် အိမ် ၊ သို့မဟုတ် ကသစ်အိမ်တွင်ရပ်တည်ကြပြီး
တပြိုင်တည်းမှာပင်ြ၈ိုဟ်တစ်လုံးနှင့်တစ်လုံး တြိကောဏ အနေအထားရှိလျှင် မင်းမျိုးမဟုတ်သူပင်
မင်းဖြစ်လိမ့်မည် ။ ဂြိုဟ် ၅-လုံးထက်နည်းလျှင် ပစ္စည်းဥစ္စာ ချမ်းသာမည် ။ မင်းကားဖြစ်မည်မဟုတ်ပေ ။
၃။ မွေးဖွားချိန်တွင် +တနင်္ဂနွေဂြိုဟ်သည် လဂ် စန်းနှင့်အတူ မိဿရာသီတွင်ရပ်တည်၍ အင်္ဂ ါဂြိုဟ်သည်
ဥစ်အိမ် တွင်လည်းကောင်း ၊ စနေဂြိုဟ်သည် ကုံရာသီတွင်လည်းကောင်း ၊ ကြာသပတေးဂြိုဟ်သည်
ဓနုရာသီတွင်လည်းကောင်း ရပ်တည်ကြလျှင် မင်းသားသည် မင်းဖြစ်လိမ့်မည် ။
၄။ မွေးဖွားချိန်တွင် သောကြာဂြိုဟ်သည် ၄-တန့်ဘာဝ မိမိပိုင်အိမ်တွင်လည်းကောင်း ၊ တနင်္လာဂြိုဟ်သည်
၉-တန့်ဘာဝ ၊ကျန်ဂြိုဟ်များသည် ၁တန့် ၊၃ တန့် ၊၁၁တန့်ဘာဝများတွင်လည်းကောင်းရပ်တည်ကြလျှင်
ဇာတာရှင်သည် မင်းဖြစ်လိမ့်မည်။
၅ ။ မွေးဖွားချိန်တွင် အားရှိသော သောမဂြိုဟ်တစ်လုံးသည် လဂ်တွင်ရပ်တည်၍
အခြားသောမဂြိုဟ်တစ်လုံးသည် ၄-တန့်ဘာဝတွင်ရပ်တည်ပြီး ကျန်ဂြိုဟ်များသည် ၂တန့် ၊ ၃တန့် ၊
၆တန့် ၊ ၉တန့် ၊ ၁၀တန့် ၊ ၁၁တန့် ဘာဝတွင်ရပ်တည်ကြလျှင် မင်းမျိုးဖြစ်ကမင်းဖြစ်လိမ့်မည် ။
၆ ။ မွေးဖွားချိန်တွင် စန်း သည် လဂ်နှင့်အတူ ပြိဿရာသီတွင်ရပ်တည်၍ စနေဂြိုဟ်သည် ၆တန့်ဘာဝတွင်
လည်းကောင်း အခြားဂြိုဟ်များသည် ၁၁တန့်ဘာဝတွင်လည်းကောင်း ရပ်တည်ကြလျှင်
ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။
၇။ မွေးဖွားချိန်တွင် ကြာသပတေးဂြိုဟ်သည် ၄တန့်ဘာဝတွင်လည်းကောင်း တနင်္ဂနွေဂြိုဟ်နှင့်
တနင်္လာဂြိုဟ်တို့သည် ၁၀တန့် ဘာဝ ၊ စနေဂြိုဟ်သည် ၁တန့်ဘာဝ တွင်လည်းကောင်း
အခြားဂြိုဟ်များသည် ၁၁တန့်ဘာဝတွင်လည်းကောင်းရပ်တည်ကြလျှင် ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။
၈။ မွေးဖွားချိန်တွင် တနင်္လာဂြိုဟ်သည် ၁၀တန့် ၊ စနေဂြိုဟ်သည် ၁၁တန့် ၊
ကြာသပတေးဂြိုဟ်သည် ၁တန့် ၊ အင်္ဂ ါ နှင့် ဗုဒ္ဓဟူးဂြိုဟ်
တို့သည် ၂ တန့် ၊ တနင်္ဂနွေနှင့် သောကြာဂြိုဟ်တို့သည် ၄တန့်ဘာဝ များတွင် ရပ်တည်ကြလျှင်
ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။
၉။ မွေးဖွားချိန်တွင် အင်္ဂ ါဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် ၁တန့် ၊ တနင်္လာဂြိုဟ်သည် ၄ တန့် ၊
ကြာသပတေးဂြိုဟ်သည် ၇တန့် ၊သောကြာဂြိုဟ်သည် ၉တန့် ၊ တနင်္ဂနွေဂြိုဟ်သည် ၁၀တန့် ၊
ဗုဒ္ဓဟူးဂြိုဟ်သည် ၁၁တန့် ဘာဝများတွင်ရပ်တည်ကြလျှင် ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။
(ဗြို့ဟဇ်ဇာတက ကျမ်း မှ ကောက်နှုတ်ထားပါသည် )