Home » » ရုတ်တရက် ခြေထောက်သွေးကြောပိတ်ရောဂါ

ရုတ်တရက် ခြေထောက်သွေးကြောပိတ်ရောဂါ

Written By Live100 on Thursday, March 31, 2016 | 8:26 AM


မြန်မာနိုင်ငံမှာ ဒီ ရုတ်တရက် ခြေထောက်သွေးကြောပိတ်တာ မကြာခဏ ဖြစ်လေ့ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။
ဒီရောဂါ ဖြစ်ရခြင်းကတော့ နှလုံးရောဂါ ရှိရာကနေ စဖြစ်လာတာပါ။ ဥပမာ နှလုံးကြွက်သား ပျက်စီးလာတာနဲ့ နှလုံးအဆို့ရှင်တွေ ပျက်စီးတာတွေကြောင့် သွေးတွေစခဲလာတတ်ပြီး၊ ဒီသွေးခဲတွေက ခြေထောက်သွေးကြောမှာ သွားပိတ်တာ၊ နောက် အနှိပ်ခံနည်းတစ်ခုဖြစ်တဲ့ ပေါင်ရင်းမှာ အပူထုတ်ဖို့ အကြာကြီးနင်းထားတာကြောင့် အသက်ကြီးလာသူတွေမှာ သွေးကြောအားနည်းလာချိန် သွေးခဲဖြစ်လာတာတွေကနေ အဓိက ဖြစ်လေ့ရှိပါတယ်။
ဒီရောဂါ ဖြစ်လာရင် သိနိုင်ဖို့ လက္ခဏာတွေကတော့ ရုတ်တရက် ခြေထောက်ကိုက်ပြီး အလွန်နာကျင်လာတာ၊ ခြေထောက်အေးစက်လာတာ၊ ခြေထောက်အရောင်ပြောင်းလာတာ၊ ပေါင်ခြံသွေးခုန်နှုန်း စမ်းမရတော့တာတွေ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေပေါ်လာရင် အမြန်ဆုံးဆေးရုံတင်ဖို့ အရေးကြီးပါတယ်။
ဆေးရုံမှာ လိုအပ်တဲ့ စမ်းသပ်မှုတွေလုပ်ပြီး၊ ဒီရောဂါသေချာရင် သွေးကျဲဆေး နဲ့ သွေးမခဲဆေးတွေကို အမြန်ပေးဖို့ လိုပါတယ်။ ဒီဆေးတွေနဲ့ မသက်သာရင်တော့ အမြန်ခွဲစိပ်ကုသပေးရမှာပါ။ ဒီခွဲစိပ်မှု အငယ်စားလုပ်ရုံနဲ့ ဒီရောဂါနောက်ဆက်တွဲဖြစ်တဲ့ ခြေထောက်ဖြတ်ရမဲ့ အခြေအနေကနေ ကာကွယ်ပေးနိုင်ပါတယ်။
ဒီခြေထောက်သွေးကြောပိတ်တာကနေ ကာကွယ်ဖို့အတွက် အဖြစ်များတဲ့သူတွေ အထူးဂရုပြုသင့်ပါတယ်၊ ဒီရောဂါအဖြစ်များသူတွေကတော့ နှလုံးနဲ့ ဆီးချိုရောဂါရှိထားသူတွေ ဖြစ်တာမို့ သူတို့အနေနဲ့ နှလုံးသွေးခဲရှိမရှိ၊ ခြေထောက်ကို သွေးစီးမှုကောင်းမကောင်း စမ်းသပ်မှုတွေ ကြိုတင်ပြုလုပ်သင့်ပါတယ်။ သွေးခဲတွေ့ရှိထားရင်လဲ သွေးမခဲဆေးသုံးပြီး ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။ ဒါ့အပြင် လမ်းလျှောက်တာ ကောင်းမကောင်းနဲ့ ခြေထောက်အေးလာတာ ဖြစ်မဖြစ်ကိုလဲ စောင့်ကြည့်ဖို့လိုပါတယ်။ နောက် မြန်မာနိုင်ငံမှာ လုပ်လေ့ရှိတဲ့ ပေါင်ရင်းမှာ အပူထုတ်အနှိပ်ခံတာကိုလည်း လုံးဝရှောင်ကျဉ်သင့်ပါတယ်။ စားသောက်နေထိုင်ပုံ နဲ့ ပတ်သက်ပြီး အဆီလျှော့စားတာ၊ အားကစား လေ့ကျင့်ခန်းလုပ်တာ၊ ဆေးလိပ်နဲ့အရက်သေစာ သောက်စားမှုရှောင်တာ၊ မရှောင်နိုင်ရင်တောင် လျှော့သောက်တာတွေ လုပ်ပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အဝလွန်တဲ့သူတွေလဲ မကောင်းတဲ့ အဆီတွေ များများရှိနေ၊မနေ ကြိုတင်စမ်းသပ်ထားပြီး၊ များနေရင်တော့ အထက်ပါစမ်းသပ်မှုတွေနဲ့ ကာကွယ်မှုတွေ လုပ်ဖို့လိုပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ကိုဝင်းမင်း VOA
--------------------------------------------------
Zawgyi
ျမန္မာႏိုင္ငံမွာ ဒီ ရုတ္တရက္ ေျခေထာက္ေသြးေၾကာပိတ္တာ မၾကာခဏ ျဖစ္ေလ့ရွိတယ္လို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေနပါတယ္။
ဒီေရာဂါ ျဖစ္ရျခင္းကေတာ့ ႏွလံုးေရာဂါ ရွိရာကေန စျဖစ္လာတာပါ။ ဥပမာ ႏွလံုးၾကြက္သား ပ်က္စီးလာတာနဲ႔ ႏွလံုးအဆို႔ရွင္ေတြ ပ်က္စီးတာေတြေၾကာင့္ ေသြးေတြစခဲလာတတ္ၿပီး၊ ဒီေသြးခဲေတြက ေျခေထာက္ေသြးေၾကာမွာ သြားပိတ္တာ၊ ေနာက္ အႏွိပ္ခံနည္းတစ္ခုျဖစ္တဲ့ ေပါင္ရင္းမွာ အပူထုတ္ဖို႔ အၾကာႀကီးနင္းထားတာေၾကာင့္ အသက္ႀကီးလာသူေတြမွာ ေသြးေၾကာအားနည္းလာခ်ိန္ ေသြးခဲျဖစ္လာတာေတြကေန အဓိက ျဖစ္ေလ့ရွိပါတယ္။
ဒီေရာဂါ ျဖစ္လာရင္ သိႏိုင္ဖို႔ လကၡဏာေတြကေတာ့ ရုတ္တရက္ ေျခေထာက္ကိုက္ၿပီး အလြန္နာက်င္လာတာ၊ ေျခေထာက္ေအးစက္လာတာ၊ ေျခေထာက္အေရာင္ေျပာင္းလာတာ၊ ေပါင္ျခံေသြးခုန္ႏႈန္း စမ္းမရေတာ့တာေတြ ျဖစ္ပါတယ္။ ဒီလကၡဏာေတြေပၚလာရင္ အျမန္ဆံုးေဆးရံုတင္ဖို႔ အေရးႀကီးပါတယ္။
ေဆးရံုမွာ လိုအပ္တဲ့ စမ္းသပ္မႈေတြလုပ္ၿပီး၊ ဒီေရာဂါေသခ်ာရင္ ေသြးက်ဲေဆး နဲ႔ ေသြးမခဲေဆးေတြကို အျမန္ေပးဖို႔ လိုပါတယ္။ ဒီေဆးေတြနဲ႔ မသက္သာရင္ေတာ့ အျမန္ခြဲစိပ္ကုသေပးရမွာပါ။ ဒီခြဲစိပ္မႈ အငယ္စားလုပ္ရံုနဲ႔ ဒီေရာဂါေနာက္ဆက္တြဲျဖစ္တဲ့ ေျခေထာက္ျဖတ္ရမဲ့ အေျခအေနကေန ကာကြယ္ေပးႏိုင္ပါတယ္။
ဒီေျခေထာက္ေသြးေၾကာပိတ္တာကေန ကာကြယ္ဖို႔အတြက္ အျဖစ္မ်ားတဲ့သူေတြ အထူးဂရုျပဳသင့္ပါတယ္၊ ဒီေရာဂါအျဖစ္မ်ားသူေတြကေတာ့ ႏွလံုးနဲ႔ ဆီးခ်ိဳေရာဂါရွိထားသူေတြ ျဖစ္တာမို႔ သူတို႔အေနနဲ႔ ႏွလံုးေသြးခဲရွိမရွိ၊ ေျခေထာက္ကို ေသြးစီးမႈေကာင္းမေကာင္း စမ္းသပ္မႈေတြ ႀကိဳတင္ျပဳလုပ္သင့္ပါတယ္။ ေသြးခဲေတြ႔ရွိထားရင္လဲ ေသြးမခဲေဆးသံုးၿပီး ႀကိဳတင္ကာကြယ္ထားႏိုင္ပါတယ္။ ဒါ့အျပင္ လမ္းေလွ်ာက္တာ ေကာင္းမေကာင္းနဲ႔ ေျခေထာက္ေအးလာတာ ျဖစ္မျဖစ္ကိုလဲ ေစာင့္ၾကည့္ဖို႔လိုပါတယ္။ ေနာက္ ျမန္မာႏိုင္ငံမွာ လုပ္ေလ့ရွိတဲ့ ေပါင္ရင္းမွာ အပူထုတ္အႏွိပ္ခံတာကိုလည္း လံုးဝေရွာင္က်ဥ္သင့္ပါတယ္။ စားေသာက္ေနထိုင္ပံု နဲ႔ ပတ္သက္ၿပီး အဆီေလွ်ာ့စားတာ၊ အားကစား ေလ့က်င့္ခန္းလုပ္တာ၊ ေဆးလိပ္နဲ႔အရက္ေသစာ ေသာက္စားမႈေရွာင္တာ၊ မေရွာင္ႏိုင္ရင္ေတာင္ ေလွ်ာ့ေသာက္တာေတြ လုပ္ေပးျခင္းျဖင့္ ကာကြယ္ႏိုင္ပါတယ္။ အဝလြန္တဲ့သူေတြလဲ မေကာင္းတဲ့ အဆီေတြ မ်ားမ်ားရွိေန၊မေန ႀကိဳတင္စမ္းသပ္ထားၿပီး၊ မ်ားေနရင္ေတာ့ အထက္ပါစမ္းသပ္မႈေတြနဲ႔ ကာကြယ္မႈေတြ လုပ္ဖို႔လိုပါတယ္။
ဒီေရာဂါအေၾကာင္း ပိုမိုသိရွိနားလည္ႏိုင္ဖုိ႔ ကိုဝင္းမင္း က ႏွလံုးခြဲစိပ္ အထူးကုဆရာဝန္ႀကီး၊ ႏွလံုးႏွင့္ေသြးေၾကာေရာဂါ ခြဲစိပ္ကုဌာန အၿငိမ္းစားပါေမာကၡ ဌာနမွဴး ေဒါက္တာခင္ေမာင္ေအး ကို ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။
ကို၀င္းမင္း VOA
Share this article :

+ comments + 2 comments

Anonymous
August 10, 2016 at 8:45 AM

Thanks you sir.

Anonymous
August 10, 2016 at 8:52 AM

Thanks you sir.

Post a Comment

 
Support : Copyright © 2011. လြင္႔ေမာင္ေမာင္(ထား၀ယ္) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger